လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၂၁-၁၁-၂၀၂၃)ရက်နေ့၊ (၀၉:၀၀)အချိန်မှ (၁၁:၀၀)နာရီအချိန်အထိ‌‌ အုတ်ဖိုမြို့နယ်(အ-ထ-က)အုတ်ဖို ကျောင်း၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ အင်အား (၁၅၀)ဦးခန့်တို့အား သဘာဝဘေးအန္တရာယ် နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေး သရုပ်ပြဆွေးနွေးဟောပြောခြင်း၊ ဘောပင်နှင့် လက်ကမ်းစာစောင်များ ဝေငှပေးခြင်း၊ အမေးအဖြေများပြုလုပ်ဆွေးနွေးပြီး ဗလာစာအုပ်များ ဝေငှပေးခြင်း၊​ ကျောင်းအုပ်ဆရာမကြီးထံသို့ မိုး​ကြိုးဘေး ဗီနိုင်းနှင့် ငလျင်ဘေး ပိုစတာပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ရာ အဆိုပါဆွေးနွေးဟောပြောပွဲသို့ မီးသတ်ဦးစီးဌာန၊ ပြန်ဆက်ဦးစီးဌာနတို့မှ ပူးပေါင်း ပါဝင်ဆွေးနွေးခဲ့ကြပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောပွဲ
ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ (သရက်တော၊ ပိုးစာတော၊ မသိမ်)ကျေးရွာများတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်နိုင်ရန် လိုအပ်သည့်ထောက်ပံ့ပစ္စည်းများ ပေးအပ်မှုသတင်း

MOS

DSW

DDM

DOR