မွန်ပြည်နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီမှ ကြီးမှူး၍ ၃၆ နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှစ်ပတ်လည်နေ့အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနားကို ၂၀-၁၁-၂၀၂၅ ရက်၊ နံနက် ၀၉:၀၀ နာရီအချိန် မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ    အခမ်းအနားတွင်     အမှတ် (၂) မူလတန်းကြိုကျောင်းမှ   ရင်သွေးငယ်လေးများက “ နိုင်ငံတကာရင်သွေးငယ်များ ” တေးသီချင်းဖြင့် တေးသရုပ်ဖော်၍ အခမ်းအနားကို ဖွင့်လှစ်ပြီး၊ မွန်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ကအဖွင့်အမှာစကား ပြောကြားကာ လူမှုဝန်ထမ်းဦးစီးဌာနမှ ပေးပို့သည့် ကမ္ဘာ့ကလေးများနေ့ Video Clip အား ပြသပါသည်။ ထို့နောက် အမှတ် (၁) မူလတန်းကြိုကျောင်းက သားငယ်၊ သမီးငယ်လေးများက “ သွေးချင်းတို့ရဲ့မြေ” တေးသီချင်းဖြင့်လည်းကောင်း၊ အမှတ် (၃) မူလတန်းကြိုကျောင်းမှ သားငယ်၊ သမီးငယ်လေးများက “ ရွှေမြန်မာ ” သီချင်းဖြင့်လည်းကောင်း၊ ချောင်းဆုံမူလတန်းကြိုကျောင်းမှ သားငယ်လေးများက “ တို့ရှမ်းဌာနေ ” တေးသီချင်းဖြင့်လည်းကောင်း၊ သံဖြူဇရပ်မူလတန်းကြိုကျောင်းမှ သားငယ်၊ သမီးငယ်လေးများက “ အေးချမ်းတဲ့မွန်မြေ” သီချင်းဖြင့်လည်းကောင်း အသီးသီး တေးသရုပ်ဖော် ဖျော်ဖြေတင်ဆက်၍ ရင်သွေးငယ်လေးများအား  မွန်ပြည်နယ်အစိုးရအဖွဲ့  ပြည်နယ် ဝန်ကြီးချုပ်၊ မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက အမှတ်တရလက်ဆောင်ဆုများ အသီးသီးပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ပါသည်။

အခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့၊ပြည်နယ်ဝန်ကြီးချုပ်၊ မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်/ ခရိုင်/ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရင်သွေးငယ်လေးများ၏ မိဘများ၊ ရင်သွေးငယ်လေးများ စုစုပေါင်းအင်အား (၅၀၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။



နောက်ဆုံးရသတင်းများ

ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

MOS

DSW

DDM

DOR