လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင် ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(ကျိုင်းတုံ)မှ ကြီးမှူးဖွင့်လှစ် သော  ရပ်ရွာအခြေပြုပြန်လည်ထူထောင်ရေးသင်တန်း အမှတ်စဉ်(/၂၀၂၄)ကို (၂၆--၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျိုင်းတုံမြို့၊ လွိုင်မွေအုပ်စု၊ ပန်ကွဲကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ရာ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှုး၊ ရှမ်းပြည်နယ်အစိုးရ အုပ်ချုပ်ရေး အဖွဲ့ခွဲ (ရှမ်းအရှေ့) အဖွဲ့ဝင်(၄)၊ ဦးထိန်လင်းက ယနေ့ခေတ်မူးယစ်ဆေးဝါးပြဿနာ ဟာ ပြည်သူများ၏ ကျန်းမာရေး၊ လူမှုရေး၊ အခြေခံစီးပွားရေးများကို ထိခိုက်ပျက်စီးစေကြောင်း မြန်မာနိုင်ငံအနေနှင့် မူးယစ်ဆေးဝါးပြဿနာကို ထိန်းချုပ်နိုင်ရန်အတွက် အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုများနှင့်အညီ နိုင်ငံတကာနှင့် ဒေသအတွင်း အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်း များနှင့်လည်း နည်းလမ်းအမျိုးမျိုး၊ ကဏ္ဍအမျိုးမျိုးတွေမှာ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျှက် ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ခရိုင်လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူးဒေါ်ခင်ခင်မြင့်က မူးယစ်ဆေး ဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(ကျိုင်းတုံ) အနေဖြင့် ၁၉၈၀ခုနှစ်မှ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလအထိ စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်း(၃၆)ကြိမ်၊ သင်တန်းသား(၆၁၂)ဦး၊ ရပ်ရွာအခြေပြုပြန်လည်ထူထောင်ရေးသင်တန်း(၇)ကြိမ်၊ သင်တန်းသား(၂၈၂)ဦး၊ စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးသင်တန်း (၅)ကြိမ်၊ သင်တန်းသား(၁၁၂)ဦး ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပါကြောင်း၊ သင်တန်းများတွင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာပြန်လည်ထူထောင်ပေးခြင်းနှင့် အသက်မွေးဝမ်း ကျောင်းပညာသင်ကြားပေးခြင်းတို့ကို သင်ကြားပေးလျှက်ရှိပါကြောင်း၊  မူးယစ်ဆေးသုံးစွဲမှု လျော့နည်း စေရေးနှင့် မူးယစ်ဆေးသုံးစွဲမှုကင်းစင်ရေးအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက် ပေးရခြင်းဖြစ်ပါကြောင်း၊ လူငယ်များကိုအသိပညာပေးရုံသာမက ပြန်လည်ထူထောင်ရေးလုပ်ငန်း များဆောင်ရွက်ရာတွင် ရပ်ရွာဒေသ၊ ပြည်သူလူထု၊ ဌာနဆိုင်ရာများကလည်း ဝိုင်းဝန်းကူညီဆောင်ရွက် ပေးရန် ပြောကြားခဲ့ပါသည်။

          အဆိုပါသင်တန်းဖွင့်ပွဲတွင်  ပြည်နယ်၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များနှင့် သင်တန်းသားများ၊ စုစုပေါင်း (၈၀) ဦးခန့် တက်ရောက်ခဲ့ပြီး နံနက် (၁၁:၀၀)နာရီတွင် ဖွင့်ပွဲအခမ်းအနား ကျင်းပပြီးစီးခဲ့ပါသည်။ အဆိုပါသင်တန်းသည် (၁၅--၂၀၂၄) ရက်နေ့မှ (၂၅--၂၀၂၄)ရက်နေ့အထိ သင်တန်းသား(၃၀)ဦးဖြင့် သင်တန်းကာလရက်ပေါင်း (၄၀)ရက်ကြာ ဖွင့်လှစ် ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။ 

နောက်ဆုံးရသတင်းများ

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောပွဲ

MOS

DSW

DDM

DOR