မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင် ရေးစခန်း(မန္တလေး)တွင် စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးသင်တန်းဆင်းပွဲအခမ်းအနားအား (၃၁.၅.၂၀၂၄) ရက်နေ့၊ (၁၅:၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ 

သင်တန်းဆင်းပွဲအခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား‌ရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးသက်လှိုင်ထွန်းက လူငယ်များကို အဓိကခြိမ်း ခြောက်လျက်ရှိသည်မှာ မူးယစ်ဆေးဝါးအန္တရာယ်ပင်ဖြစ်ပါကြောင်း၊ လူသားများ၏ ကျန်းမာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်ခြိမ်းခြောက်လျက်ရှိသော အရက်၊  ဆေးလိပ်၊ ဆေးရွက်ကြီး၊ စိတ်ကို ပြောင်းလဲစေတတ်သောဆေးဝါးများအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ရန်အလွန်အရေးကြီးပါကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးနိုင်စေရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုးကျိုးများကို ပိုမိုသိရှိ နားလည်နိုင်စေရန် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းအားဖြင့် မူးယစ်ဆေးဝါး၏ နောက်ဆက်တွဲဆိုးကျိုးများကို ကိုယ်တိုင်နားလည်သဘောပေါက်ပြီး မူးယစ်ဆေးဝါးသုံးစွဲမှုများ လျော့ ကျလာမည်ဖြစ်ပါကြောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနအနေဖြင့် လုပ်ငန်းစဉ်(၅)ရပ်အနက် (၁)ခု ဖြစ်သော မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူ‌ထောင်ရေးလုပ်ငန်းကို အောင်မြင်အောင်ဆောင်ရွက် နေပါကြောင်း၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(၁၄)ခု၌ စခန်းအခြေပြု၊ ရပ်ရွာ အခြေပြုပြန်လည်ထူထောင်ရေးသင်တန်းများဖွင့်၍ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ မူးယစ်ဆေး ဖြတ်ပြီးသောလူငယ်/လူရွယ်များကို စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာများ ပြန်လည်ထူထောင်မှုပေး လျက်ရှိပါကြောင်း၊ ပြန်လည်ထူထောင်မှုသင်တန်းဆင်းသင်တန်းသားများအား  ရပ်ရွာသို့ရောက်ရှိသည့် အခါ လူ့အသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ဆံ့ပေါင်းစည်းနိုင်ရေး၊ မူးယစ်နွံထဲ နောက်တစ်ဖန်မကျ ရောက်စေရေးအတွက် နောက်ဆက်တွဲစောင့်ရှောက်မှုပေးသည့် အခန်းကဏ္ဏမှာ အလွန်အရေးကြီးသည့် အတွက် စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးသင်တန်းများဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ စေတနာ့ ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးများကို စဉ်ဆက်မပြတ် မွေးထုတ်ပေးနေခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူး သင်တန်းတက်ရောက်ခဲ့ကြသည့် သင်တန်းသားများအနေဖြင့် သင်တန်းကာလအတွင်း သင်ကြားခဲ့ရသည့် ပြန်လည်ထူထောင်ရေးဆိုင်ရာနည်းလမ်းများ၊ နောက်ဆက် တွဲစောင့်ရှောက်မှုပေးခြင်းဆိုင်ရာနည်းလမ်းများ၊ မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်းကို သိရှိနား လည်ပြီး ရပ်ရွာအတွင်းရောက်ရှိသည့်အခါ ဆေးပြတ်ပြီးသူလူငယ်များအား လူမှုပတ်ဝန်းကျင်တွင် ပြန်လည်ဝင်ဆံ့နိုင်ရန်၊ လူမှုအဖွဲ့အစည်းများတွင်ပါဝင်ဆောင်ရွက်နိုင်ရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် သွားကြပါလို့ တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ အစီအစဉ်အရ သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး မူးယစ် ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်းတာဝန်ခံမှ သင်တန်းဆင်း သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပါသည်။ 

သင်တန်းဆင်းပွဲအခမ်းအနားတွင် တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးမှူးရုံး၊ တိုင်းဒေသကြီး ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မူးယစ်အထူး တပ်ဖွဲ့စု၊ လူကုန်ကူးမှု/လူမှောင်ခိုနှင့် ကလေးသူငယ်စောင့်ရှောက်ရေးရဲတပ်ဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာန၊ မြန်မာနိုင်ငံမူးယစ်ဆန့်ကျင်ရေးအသင်း(MANA)ဥက္ကဋ္ဌ၊ မူးယစ်ဆေးဝါးသုံးစွဲမှုပပျောက်ရေးအသင်း (ဗဟို)ဥက္ကဋ္ဌ၊ မြို့နယ်ဥပဒေရုံး၊ မန္တလေးလူငယ်သင်တန်းကျောင်း၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည် ထူထောင်ရေးစခန်းနှင့် လူကုန်ကူးခံရသူများ ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာများမှ တာဝန်ရှိ သူများနှင့် သင်တန်းသား/သင်တန်းသူများ စုစုပေါင်း(၄၅)ဦးခန့် တက်ရောက်ခဲ့ကြပြီး သင်တန်းဆင်းပွဲ အခမ်းအနား အား  (၁၆:၀၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောပွဲ

MOS

DSW

DDM

DOR