လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁၁-၂၀၂၅)ရက်နေ့တွင် ဘားအံမြို့နယ်ရှိ အမှတ်(၁၊ ၂၊ ၅)ရပ်ကွက်၊ ရေပေါ်ဈေးနှင့် မြို့မဈေးတို့၌ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များ လိုက်လံနှိုးဆော်ခြင်းနှင့် မီးဘေးနှင့် လေပြင်းဘေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
Source: DDM




