လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းသည် ကုလသမဂ္ဂ၏ တတိယအဆင့်အမြင့်ဆုံးအရာရှိ (Under Secretary General)နှင့် လူသားချင်းစာနာထောက်ထားမှုနှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး ဖြစ်သူ Mr. Tom Fletcher ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဝန်ကြီးဌာန၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Center- DMC)၌ တွေ့ဆုံခဲ့ရာ တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။

တွေ့ဆုံစဉ်တွင် ပြည်ထောင်စုဝန်ကြီးက ရစ်ခ်တာစကေး (၇.၇) အဆင့်ရှိ ငလျင်ဘေးသင့်ဒေသ များ၏ ပျက်စီးဆုံးရှုံးမှုအခြေအနေများ၊ ငလျင်ဘေးသက်ရောက်သည့် ဒေသများရှိ အဆောက်အအုံ ပျက်စီးမှုများကြောင့် ပိတ်မိနေသူများရှာဖွေကယ်ဆယ်ရေးအတွက် နိုင်ငံတကာမှ ကယ်ဆယ်ရေး အဖွဲ့အစည်းများရောက်ရှိနေသည့် အခြေအနေများ၊ အာဆီယံသဘာဝဘေး အရေးပေါ်ထောက်ပံ့ပို့ ဆောင်မှုစနစ်(Disaster Emergency Logistic System for ASEAN) နှင့် နိုင်ငံတကာမှ ငလျင်ဘေး တုံ့ပြန်ဆောင်ရွက်မှုအတွက် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့နေမှုအခြေအနေများနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သောသော နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင် ရွက်မည့် အခြေအနေများကို ပြောကြားခဲ့ပါသည်။

ထို့နောက် လူသားချင်းစာနာထောက်ထားမှုနှင့် အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး (Under Secretary General) ဖြစ်သူ Mr. Tom Fletcher က မိမိအနေဖြင့် ငလျင်ဘေးသင့်သူ မြန်မာပြည်သူများနှင့်အတူ ထပ်တူဝမ်းနည်းရပါကြောင်း၊ ကုလသမဂ္ဂတွင် ကဏ္ဍအလိုက် ကျွမ်းကျင် ဝန်ထမ်းများစွာရှိပါသဖြင့် မြန်မာနိုင်ငံသို့ စေလွှတ်ကူညီပေးရန်အသင့်ရှိပါကြောင်း၊ ယခုလာရောက် ရခြင်းသည် မြေပြင်အခြေအနေများကို သိရှိပြီးလိုအပ်သည့် အကူအညီများပေးနိုင်ရေး ဆွေးနွေးလို ခြင်းကြောင့်ဖြစ်ပါကြောင်း၊ လူသားချင်းစာနာမှုအကူအညီများ ပေးပို့လျက်ရှိပါကြောင်း၊ အကူအညီ များပေးအပ်ရာတွင် လူသားချင်းစာနာမှုအကူအညီဆိုင်ရာ အခြေခံမူများနှင့်အညီ လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းတို့ကို ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

MOS

DSW

DDM

DOR