မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအမျိုးသားအဆင့် လုပ်ငန်းစီမံချက် ကိုအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်ဖွဲ့စည်းထားရှိသော အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသောကလေးအလုပ်သမားများဖယ်ရှားရေးနှင့်ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးအောင်ထွန်းခိုင်ကဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ရာအမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် ကော်မတီဝင်များ၊ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက In Person ဖြင့်လည်းကောင်း၊ ကော်မတီဝင် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်များရှိဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက Virtual ပုံစံဖြင့်လည်းကောင်းတက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးကမြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအမျိုးသားအဆင့် လုပ်ငန်းစီမံချက် (၂၀၁၉-၂၀၂၃) အရမိမိတို့ကော်မတီအနေဖြင့် ပထမငါးနှစ် စီမံကိန်းကိုအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အန္တရာယ်ရှိသည့်လုပ်ငန်းများမှ ကလေးလုပ်သားများကိုဖယ်ရှား၍စေခိုင်းသူကိုဥပဒေနှင့်အညီစစ်ဆေးအရေးယူခြင်း၊ ညွှန်းပို့စနစ်ဆောင်ရွက်ခြင်း၊ ရှေ့ပြေးစီမံချက်နယ်မြေသတ်မှတ်ခြင်း၊ အရည်အသွေးရှိသည့် လုပ်သားအင်အားရရှိစေရန် ကလေးသူငယ် လေ့ကျင့်ရေးသင်တန်းကျောင်းများသို့ ပို့ဆောင်ပြီးသင်တန်းဆင်းများကိုသင့်တော်သောအလုပ်အကိုင်ရရှိစေရေးဆောင်ရွက်ပေးခြင်း၊ အရည်အသွေးပြည့်မီသောပညာသင်ကြားခွင့်ရရှိရေးအခမဲ့ပညာသင်ကြားရေးကျောင်းများနှင့် ချိတ်ဆက်ပေးရန်နှင့် ကျောင်းသုံးပစ္စည်းများထောက်ပံ့ ပေးခြင်း၊ ကလေးအလုပ်သမားများအတွက် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးအစီအစဉ်များကိုသက်ဆိုင်ရာဝန်ကြီးဌာနများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများပူးပေါင်းဆောင်ရွက်ခြင်းစသည့်အခြေခံအချက်အလက်များကိုဖြည့်ဆည်းဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ တက်ရောက်လာသောကော်မတီဝင်များအနေဖြင့်လည်းမိမိတို့ကော်မတီ၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးပေးစေလိုကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသောကလေးအလုပ်သမားများဖယ်ရှားရေးနှင့်ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီအတွင်းရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ကယခင် (၁၅.၇.၂၀၂၁) ရက်နေ့နှင့် (၁၅.၁၂.၂၀၂၁) ရက်နေ့တို့တွင် ကျင်းပခဲ့သည့် အစည်းအဝေးများမှ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ သက်ဆိုင်ရာဌာန၊ အဖွဲ့ အစည်းများ၏ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်လုပ်ငန်းဆပ်ကော်မတီများ၏ ဆောင်ရွက်ထားရှိမှုအခြေအနေများကိုရှင်းလင်းတင်ပြဆွေးနွေးခဲ့ပြီးကော်မတီ၏ ရှေ့လုပ်ငန်းစဉ်များနှင့် အမျိုးသားကော်မတီသို့အစီရင်ခံတင်ပြနိုင်ရေးဆောင်ရွက်ရမည့်အခြေအနေများကိုရှင်းလင်းတင်ပြဆွေးနွေးခဲ့ပါသည်။ ထို့နောက် ကော်မတီဝင် ဌာနဆိုင်ရာ၊ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကဆောင်ရွက် ထားရှိမှုအခြေအနေများကိုရှင်းလင်းတင်ပြဆွေးနွေးခဲ့ပြီးဒုတိယဝန်ကြီးကနိဂုံးချုပ်အမှာစကားပြောကြားရာတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာညီလာခံသဘောတူစာချုပ်ပါ ကလေးသူငယ်၏ အခြေခံအခွင့်အရေးများဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်မှုရရှိပိုင်ခွင့်၊ပါဝင်ဆောင်ရွက်ခွင့် စတဲ့အခွင့်အရေးများကိုအဓိကဦးတည်၍ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ ကလေးသူငယ်အခွင့်အရေးများကိုအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကလေးသူငယ်၏ အကောင်းဆုံးအကျိုးစီးပွားကိုရှေးရှု၍ ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေပုဒ်မ ၃(န) ပါ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသောကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာအဓိပ္ပါယ်ဖွင့်ဆိုချက်များကိုအထူးအလေးထားပြီးဥပဒေပုဒ်မ ၄၈ နှင့် ၄၉ တို့ပါ ပြဋ္ဌာန်းချက်များကိုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များတွင် သိရှိလိုက်နာဆောင်ရွက်နိုင်ရေးတိုက်တွန်းမှာကြားလိုပါကြောင်းပြောကြားခဲ့ပြီးအစည်းအဝေးကိုမွန်းလွဲ (၁၂:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့်အကြိုအသိပညာပေး‌ဟောပြောမှုနှင့် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ လွှပုံကျေးရွာ အုပ်စု၊‌ လွှပုံကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊‌ သရက်တောကျေးရွာအုပ်စု၊‌‌ ပိုးစာ တောကျေးရွာတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်ဆောင်ရွက်မှု နှင့် အသိပညာပေး‌ဟောပြောမှုသတင်း
မြောင်းမြမြို့နယ်၊ မြစိမ်းတောင်ကျေးရွာ၊ ကရင်ကျောင်းကျေးရွာ၊ ကုန်းသာကျေးရွာ၊ မြို့ဟောင်းကျေးရွာ၊ဆင်ကူးကျေးရွာတို့၌ မန္တလေးငလျင်ကြီးလှုပ်ခတ်မှု(၁)နှစ်ပြည့်အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆောင်ရွက်မှုသတင်း
မြောင်းမြမြို့နယ်၊ ကွယ်လွယ်ကျေးရွာ၊ မြဟေမာန်ကျေးရွာ၊ မြစန္ဒာကျေးရွာ၊ ဘုန်းကြီးကုန်းကျေးရွာ၊ ဇီးဖြူချောင်ကျေးရွာတို့၌ မန္တလေးမြေငလျင်ကြီး လှုပ်ခတ်မှု (၁) နှစ်ပြည့် မြေငလျင်ဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေး ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR