ရခိုင်ပြည်နယ်အတွင်းရှိအသက်(၈၅)နှစ်နှင့်အထက်ဘိုးဘွားများအတွက် ၂၀၂၂-၂၀၂၃ခု၊ဘဏ္ဍာနှစ်၊တတိယသုံးလပတ်လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို၇-၂-၂၀၂၃ရက်နေ့နံနက်ပိုင်းတွင်စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများညှိနှိုင်းပေါင်းစပ်ရေးကော်မတီဥက္ကဌ၊နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ကော်မတီဒုတိယဥက္ကဌ(၁) အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးထိန်လင်းနှင့် ဇနီးဒေါ်ဆွေဆွေမြတ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်မှူးဗိုလ်ချုပ်ထင်လတ်ဦး၊ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှတာဝန်ရှိသူများ၊မြို့မိမြို့ဖများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ဖိတ်ကြားခံဘိုး/ဘွားများ၊လူမှုရေးအသင်းအဖွဲ့များမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင်ထောက်ပံ့ရခြင်းနှင့် စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်ကမိမိတို့ဝန်ကြီးဌာနအနေဖြင့် သက်ကြီးရွယ်အိုများ၏ ဘဝမြှင့်တင်ရေးနှင့်စောင့်ရှောက်ရေးလုပ်ငန်းအဖြစ် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများက တည်ထောင်ဖွင့်လှစ်ထားသည့် ဘိုးဘွားရိပ်သာများကို တည်ထောင်ခွင့်ပြုမိန့် ထုတ်ပေးခြင်း၊ နည်းပညာနှင့် ငွေကြေးထောက်ပံ့မှုပေးခြင်း၊ လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက် (၂၀၁၄)နှင့်သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ(၂၀၁၆)အရ သက်ကြီးရွယ်အိုများ ဝင်ငွေလုံခြုံမှုရရှိစေရေးအတွက် အမျိုးသားလူမှုရေးပင်စင်ထောက်ပံ့မှု အစီအစဉ်ကို ၂၀၁၇-၂၀၁၈ခု၊ဘဏ္ဍာရေးနှစ်မှ စတင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လက်ရှိမှာ အကျိုးခံစားခွင့်ရှိသူ (၂၃၂,၇၀၃)ဦးကို ထောက်ပံ့ပေးအပ်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အနေဖြင့် ယခု တတိယ(၃)လပတ်ကာလအတွင်း အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အို (၁၄,၂၉၄)ဦးရှိပြီး ထောက်ပံ့မှုအနေဖြင့် စုစုပေါင်း(ကျပ်သိန်းလေးထောင့်နှစ်ရာရှစ်ဆယ့်ရှစ်သိန်းနှစ်သောင်းတိတိ)ကို ထောက်ပံ့ပေးအပ်သွားမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၁၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ စုစုပေါင်းလူဦးရေ၏ ၈ ဒသမ ၉ရာခိုင်နှုန်းသည် အသက်(၆၀)နှစ်နှင့်အထက်ဖြစ်ပါကြောင်း၊ ထိုလူဦးရေအချိုးအစားပြောင်းလဲလာမှုအပေါ်အခြေခံပြီး အနာဂါတ်အတွက် ကြိုတင်ပြင်ဆင်ထားကြရမည်ဖြစ်ကြောင်း၊ အလားတူသက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးအတွက် မိသားစုအဆင့်နှင့် ရပ်ရွာအဆင့်ကို ပိုမိုခိုင်မာအားကောင်းလာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ သက်ကြီးရွယ်အိုများသည် လေးစားထိုက်၊ ဂုဏ်ပြုထိုက်သူများဖြစ်ခြင်းကြောင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်ကိုယ်စား ယခုကဲ့သို့ လူမှုရေးပင်စင်ထောက်ပံ့ပေးခြင်းသာမက သက်ကြီးရွယ်အိုများ၏ ဘဝလုံခြုံမှုရှိစေရေးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်၊ တတိယ(၃) လပတ်အတွင်း ရခိုင်ပြည်နယ်ရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွား(၁၄,၂၉၄) ဦးအတွက် ထောက်ပံ့ကြေးငွေ ၄၂၈,၈၂၀,၀၀၀ ကျပ်အား ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က  ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ထံပေးအပ် သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့က အဘိုး၊ အဘွားများအား လူမှုရေးပင်စင်နှင့် ထောက်ပံ့ပစ္စည်းအဝတ်အထည်များကို လက်ဝယ်အရောက်ပေးအပ်ခဲ့ကြပြီး အဘိုး၊ အဘွားများကို အာဟာရများ ကျွေးမွေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။ ယနေ့လူမှုရေးပင်စင်ပေးအပ်ပွဲအခမ်းအနားသို့ စစ်တွေမြို့နယ်မှ သက်ကြီး အဘိုး ၅၅ ဦးနှင့် အဘွား ၆၅ ဦး၊စုစုပေါင်းအဘိုး/အဘွား (၁၂၀)ဦးတက်ရောက်ခဲ့ကြကြောင်းသိရသည်။

နောက်ဆုံးရသတင်းများ

၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ညောင်တုန်းအိုင်ကျေးရွာအုပ်စု၊ ညောင်တုန်းအိုင်ကျေးရွာ၊ ဗျိုင်းအင်းကျေးရွာအုပ်စု၊ ဗျိုင်းအင်းကျေးရွာ၊ ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ခရမ်းစပ်ကုန်းကျေးရွာနှင့် ရေအေးကျေးရွာအုပ်စု၊ ရေအေးကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR