ယနေ့ သင်္ကြန် အကြတ်နေ့တွင် နေပြည်တော် လမ်းလျှောက်သင်္ကြန်အတွင်းရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အတာသင်္ကြန် ရေကစားမဏ္ဍပ်သို့ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် ပြည်သူများ လာရောက်၍ အေးချမ်း ပျော်ရွှင်စွာဖြင့် ရေကစားလျက်ရှိသည်။

ထိုသို့ အတာသင်္ကြန်ပွဲ ပျော်ရွှင်စွာ ဆင်နွှဲနေမှုကို  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ အမြဲတမ်းအတွင်းဝန်၊    ဝန်ကြီးဌာနမှ အကြီးအကဲများနှင့် ဇနီးများ၊ တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင် လာရောက် ပါဝင်ဆင်နွှဲ၍ အားပေးကြသည်။

အဆိုပါမဏ္ဍပ်တွင် ဝန်ကြီးဌာန ယိမ်းအဖွဲ့များသည် သင်္ကြန် တေးသီးချင်းများနှင့် ယိမ်းအကအလှများဖြင့် ပျော်ရွှင်စွာ ဖျော်ဖြေတင်ဆက်ကြပြီး လာရောက် ဧည့်ပရိသတ်များကို စတုဒိသာမုန့်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)

 

နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား

MOS

DSW

DDM

DOR