မွန်ပြည်နယ် အမျိုးသမီးကော်မတီ၏ဦးဆောင်မှုဖြင့် Gender, CEDAW, NSPAW ဆိုင်ရာ အသိပညာပေးသင်တန်းကို (၁၄.၃.၂၀၂၄) ရက်နေ့၊ မွန်းလွဲ (၁၅:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊လူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါသင်တန်းတွင် မွန်ပြည်နယ် အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ မွန်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်က အဖွင့်အမှာစကားပြောကြားပြီး မွန်ပြည်နယ် လူမှုဝန်ထမ်းရုံး၊ ညွှန်ကြား‌ရေးမှူးက Gender,CEDAW, NSPAW နှင့်ပတ်သက်၍ နောက်ခံသမိုင်းကြောင်းများ၊ လက်ရှိမြန်မာနိုင်ငံမှ ဆောင်ရွက်လျက်ရှိသည့် အမျိုးသမီးဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ၊ CEDAW ကော်မတီသို့ အစီရင်ခံစာတင်သွင်းမှုအခြေအနေများ၊ NSPAW Phase II (၂၀၂၃-၂၀၃၂) (မူကြမ်း) နှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနများအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို Power Point ဖြင့် အသေးစိတ်တင်ပြဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာများ၊ မွန်၊ ကရင်၊ ပအို့ဝ် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များအနေဖြင့် NSPAW Phase II (၂၀၂၃-၂၀၃၂) (မူကြမ်း)နှင့်ပတ်သက်၍ ထပ်မံဖြည့်စွက်အကြံပြုလိုသည်များရှိပါက မွန်ပြည်နယ် လူမှုဝန်ထမ်းရုံးသို့ ၂၀၂၄ ခုနှစ်၊ မတ်လကုန်ခန့်တွင် ပေးပို့နိုင်ပါကြောင်းပြောကြားပြီး သင်တန်းကို မွန်းလွဲ (၁၆:၃၀)ခန့်တွင် ရုပ်သိမ်းခဲ့ပါသည်။


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာစိုးဝင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြည်တွင်းလူမှုရေးအသင်းအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အဖွင့်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေဂုံတိုင်ကလေးပြုစုရေးဌာန၊ အမျိုးသမီးများပြုစုစောင့်ရှောက်ရေးစင်တာနှင့် မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာသို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းနှင့် အမျိုးသမီးများပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

MOS

DSW

DDM

DOR