လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၉-၂၀၂၆) ရက်နေ့၊ နံနက်( ၀၈ : ၀၀)နာရီမှ (၀၉:၅၀)နာရီအထိ ရပ်ကွက်(၁၆)ရပ်ကွက်၊ ကျေးရွာအုပ်စု (၉၈)အုပ်စု၊ စုစုပေါင်း (၁၁၄) ခု မှ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအား  ပြန်လည်ရွေးချယ်ဆောင်ရွက်ပြီး ဖြစ်ရာ  အဆိုပါ ပြန်လည်ရွေးချယ်ပြီးသော ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား လုပ်ငန်းခွင်မွမ်းမံသင်တန်း ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ရာ မြောင်းမြမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြရွှေဝါ ခန်းမတွင် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ( ၈၂) ဦးတို့ အား  ဦးစီးဌာနမှ လုပ်ငန်းဆောင်ရွက်နေမှုများ၊ ထောက်ပံ့ပေးမှုများ၊  သဘာဝဘေးနှင့် ပတ်သက်သည့်  ဆောင်ရန်/ ရှောင်ရန်များ၊ မီးခိုး ညစ်ညမ်းမှုအကြောင်း၊ တောမီးအန္တရာယ်အကြောင်းနှင့် ပလတ်စတစ်ညစ်ညမ်းမှုအကြောင်း ဆောင်ရန်/ ရှောင်ရန်အချက်များနှင့် ယခုလတ်တလောဖြစ်ပွားလျက်ရှိသော ရေဘေးနှင့် မိုးကြိုးဘေး အပါအဝင် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် အချက်များအား ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်ဇင်ဝင်းမော်မှ ဦးဆောင်၍ ဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

Source:DDM

နောက်ဆုံးရသတင်းများ

မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR