အမျိုးသမီးများအားနည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (CEDAW) ဆဋ္ဌမအကြိမ်မြောက် (Second draft) အစီရင်ခံစာရေးသားရေးဆိုင်ရာညှိနှိုင်းအစည်းအဝေးကို (၂.၆.၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊  ဝန်ကြီးရုံးစုပေါင်းအစည်းအဝေးခန်းမတွင်ကျင်းပခဲ့ရာ အစည်းအဝေးသို့ အမျိုးသမီးများအားနည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (CEDAW) ဆဋ္ဌမအကြိမ်မြောက် အစီရင်ခံစာရေးသားရေးအဖွဲ့ ကိုယ်စားလှယ် (၃၀) ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (လုပ်ငန်း) က  အဖွင့်အမှာစကားပြောကြားရာတွင် အမျိုးသမီးများအားနည်းမျိုးစုံဖြင့်ခွဲခြားမှုပပျောက်ရေးဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်း (CEDAW) ဆဋ္ဌမအကြိမ်မြောက်အစီရင်ခံစာရေးသားရေးဆိုင်ရာ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို (၂၇.၄.၂၀၂၃) ရက်နေ့တွင် ကျင်းပခဲ့ပါကြောင်း၊ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်များအရ ပြင်ဆင်သည့် (မူကြမ်း) အပေါ် ဝန်ကြီးဌာနများမှ သဘောထားမှတ်ချက်များတောင်းခံခဲ့ပြီး Second  draft အား  အပိုင်း (က) (ခ) ဖြင့်နှစ်ပိုင်းခွဲ၍ ပြုစုထားပါကြောင်း၊ အဆိုပါ (မူကြမ်း) အပေါ် ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊ Final Draft ရရှိသည့်အထိ အစီရင်ခံစာအဆင့်ဆင့် ဆက်လက်ရေးသားပြုစုပြီး သက်ဆိုင်ရာဌာနများမှ သဘောထားမှတ်ချက်ရယူ၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

အစည်းအဝေးတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးက (CEDAW) ဆဋ္ဌမအကြိမ်မြောက်အစီရင်ခံစာရေးသားရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ တက်ရောက်လာသည့် ကိုယ်စားလှယ်များက ဆဋ္ဌမအကြိမ်မြောက် အစီရင်ခံစာ  Second  draft (မူကြမ်း) အပေါ်အကြံပြုဆွေးနွေးခဲ့ကြကာ အစည်းအဝေးအား ညနေ (၁၇:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။



နောက်ဆုံးရသတင်းများ

ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောပွဲ
ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ (သရက်တော၊ ပိုးစာတော၊ မသိမ်)ကျေးရွာများတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်နိုင်ရန် လိုအပ်သည့်ထောက်ပံ့ပစ္စည်းများ ပေးအပ်မှုသတင်း

MOS

DSW

DDM

DOR