ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

အာဆီယံနိုင်ငံများရှိ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံအဆင့် ယန္တရားများ ခိုင်မာအားကောင်းလာစေရေး အာဆီယံဒေသတွင်းအလုပ်ရုံဆွေးနွေးပွဲကို (၂၀-၂-၂၀၂၄) ရက်နေ့၊မြန်မာစံတော်ချိန်နံနက်(၀၈:၃၀)နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ စုပေါင်းခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအဖွဲ့ဝင်များ၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၃၂)ရေးဆွဲရေးဦးဆောင်ကော်မတီဝင်များနှင့် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌများ၊ အမျိုးသမီးအဖွဲ့အစည်းများမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ AFXB (Myanmar)ACWO (Myanmar)တို့မှ ကိုယ်စားလှယ်များက In-person ဖြင့်လည်းကောင်း၊ အာဆီယံ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးများမြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးကော်မရှင် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊အာဆီယံအမျိုးသမီးကော်မတီအဖွဲ့ဝင်များ၊ ASEAN Gender Mainstreaming Steering Committeeနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များက Virtualစနစ်ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြပါသည်။

ဖွင့်ပွဲအခမ်းအနားတွင် ASEAN Ministerial Meeting on Women - AMMW (Myanmar)အနေဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ရာအာဆီယံဒေသတွင်းအလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်းသည် ASEAN Committee on Women –ACW Work Plan (2021-2025)တွင်ပါရှိသည့် လုပ်ငန်းစီမံချက်အား မြန်မာနိုင်ငံမှ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်သလို ASEAN Gender Mainstreaming Strategic Framework–AGMSFပါ ရည်ရွယ်ချက်များ အောင်မြင်စေရေးအတွက် အထောက်အကူပြုပါကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲတွင် အာဆီယံဒေသတွင်းနိုင်ငံများမှ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံအဆင့်ယန္တရားများ ခိုင်မာအားကောင်းလာစေရေး ချမှတ်ထားသည့်မူဝါဒများ၊ လုပ်ငန်းတာဝန်များနှင့်ပတ်သက်၍ အားနည်းချက်၊ အားသာချက်များနှင့် စိန်ခေါ်မှုများအား အတွေ့အကြုံမျှဝေဖလှယ်ဆွေးနွေးပေးနိုင်ရန် ကျင်းပဆောင်ရွက်ခြင်းဖြစ်ပါကြောင်း  ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီးASEAN Committee on Women (ACW)ဥက္ကဋ္ဌကိုယ်စား မလေးရှားနိုင်ငံ၊Ministry of Women, Family and Community Development မှ ဒုတိယအတွင်းရေးမှူးချုပ် Mr. Chua Choon Hwa က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။

ယင်းနောက် အာဆီယံအဖွဲ့ဝင် (၁၀)နိုင်ငံမှ ACWကိုယ်စားလှယ်များက အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့်  ASEAN Gender Mainstreaming Strategic Framework (AGMSF)  လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံအဆင့်ယန္တရားများအနေဖြင့်ကြုံတွေ့ရသောအတွေ့အကြုံများ၊ ကောင်းမွန်သည့်အလေ့အထများနှင့် စိန်ခေါ်မှုများကို ဆွေးနွေးတင်ပြခဲ့ကြပါသည်။

ဆက်လက်၍အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများဖြစ်သော ASEAN Confederation of Women’s Organizations - ACWO (Myanmar)ASEAN Women Entrepreneurs Network (AWEN) နှင့် AFXB (Myanmar)  တို့မှကိုယ်စားလှယ်များကအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာယန္တရားများခိုင်မာအားကောင်းစေရေးအတွက်ပူးပေါင်းဆောင်ရွက်ခြင်း၏အရေးပါမှုနှင့် အကျိုးရလဒ်များကို ဆွေးနွေးခဲ့ကြပါသည်။

ယင်းနောက်တွင် ကဏ္ဍစုံ၌ ကျား၊ မ ရေးရာအား ထည့်သွင်းစဉ်းစားဆောင်ရွက်နိုင်ရေးအတွက် အာဆီယံမဏ္ဏိုင် (၃) ရပ်အောက်ရှိ အဓိကတာဝန်ယူဆောင်ရွက်နေကြသော နိုင်ငံခြားရေးဝန်ကြီးဌာန(APSC)၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန (AEC)နှင့် ကျန်းမာ‌ရေးဝန်ကြီးဌာန (ASCC) တို့၏ ကိုယ်စားလှယ်များမှ ကျား၊ မ တန်းတူညီမျှမှု ပိုမို တိုးတက်လာစေရေး ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့ကြပါသည်။

ထို့နောက် တက်ရောက်ကြသူများမှ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံအဆင့်ယန္တရားများ ခိုင်မာအားကောင်းလာစေရေး ဆွေးနွေးခဲ့ကြပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကားပြောကြား၍ အလုပ်ရုံဆွေးနွေးပွဲကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာစိုးဝင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြည်တွင်းလူမှုရေးအသင်းအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အဖွင့်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေဂုံတိုင်ကလေးပြုစုရေးဌာန၊ အမျိုးသမီးများပြုစုစောင့်ရှောက်ရေးစင်တာနှင့် မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာသို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းနှင့် အမျိုးသမီးများပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာစိုးဝင်း ဆန်ဒိုင်းမူဘောင်အကောင်အထည်ဖော်မှု စောင့်ကြည့်လေ့လာရေးနှင့်အစီရင်ခံစာတင်သွင်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အဖွင့်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့်နေပြည်တော်ကောင်စီဥက္ကဌ ဦးသန်းထွန်းဦးတို့ တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ပျဥ်းမနားမြို့၊ မီးဘေးသင့်ပြည်သူများ ယာယီကယ်ဆယ်ရေးစခန်းသို့ ထပ်မံသွား ရောက်၍ လိုအပ်သည်များ ထောက်ပံ့ဆောင်ရွက်ခဲ့

MOS

DSW

DDM

DOR