ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

၂၀၂၅ခုနှစ်၊အောက်တိုဘာလ(၁၃) ရက်နေ့တွင်ကျရောက်သည့်အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ (International Day for Disaster Risk Reduction – IDDRR) အထိမ်းအမှတ်အဖြစ်အခြေခံပညာအလယ်တန်းနှင့်အထက်တန်းအဆင့်ပန်းချီပြိုင်ပွဲကို၂၄-၉-၂၀၂၅ရက်နေ့နံနက်ပိုင်းကနေပြည်တော်ကောင်စီနယ်မြေ၊ဇမ္ဗူသီရိမြို့နယ်၊အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပပြုလုပ်ရာနေပြည်တော်ကောင်စီနယ်မြေအတွင်းရှိအခြေခံပညာကျောင်းများအနက် (၃၃) ကျောင်းမှကျောင်းသား၊ကျောင်းသူ (၇၇)ဦးတို့က သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲဆောင်ရွက်မှုများခေါင်းစဉ်ဖြင့်ပါဝင်ယှဉ်ပြိုင်ကြပါသည်။

အဆိုပါပန်းချီပြိုင်ပွဲသို့လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့်အတူဒုတိယဝန်ကြီး၊အမြဲတမ်းအတွင်းဝန်နှင့်ပညာရေးဝန်ကြီးဌာနမှတာဝန်ရှိသူများကကြည့်ရှုအားပေးခဲ့ကြပြီးပထမဆု၊ဒုတိယဆုနှင့်တတိယဆုရရှိသူများအား၂၀၂၅ခုနှစ်၊အောက်တိုဘာလ (၁၀)ရက်နေ့တွင်ကျင်းပပြုလုပ်မည့်အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ်အခမ်းအနားနေ့တွင်ဂုဏ်ပြုဆုငွေနှင့်ဆုတံဆိပ်များပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပါသည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေတိုင်းတာစစ်ဆေးမှုနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာ (မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ၊ ဘာသာရပ်ဆိုင်ရာနည်းပြများ၊တိုင်းဒေသကြီး/ပြည်နယ်များမှသင်တန်းသား/သူများတက်ရောက်ကြပါသည်။

ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံရှိ ကလေးသူငယ်များအားလုံးအသက်အရွယ်အလိုက်ဖွံ့ဖြိုးတိုးတက်မှုများ ရရှိစေရန်ရည်ရွယ်၍ မြန်မာ့ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒ၊ မဟာဗျူဟာစီမံချက်နှင့် ဥပဒေ၊ နည်းဥပဒေတို့ကို ရေးဆွဲပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊ မွေးစကလေးငယ်များနှင့် အသက် ၅ နှစ်အောက် ကလေးသူငယ်များ၏ ဖွံ့ဖြိုးမှုနှင့်စပ်လျဉ်းပြီး တိုးတက်မှုသိသိသာသာနှောင့်နှေးခြင်း၊မသန်စွမ်းဖြစ်ခြင်းစသည့် တွေ့ရှိချက်များအရ ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေတိုင်းတာစစ်ဆေးမှုနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာ(Early Childhood Intervention-ECI) ဝန်ဆောင်မှုများ ရရှိနိုင်စေရန် နည်းပညာဆိုင်ရာလက်လှမ်းမီနိုင်မှုမှသည် ကျွမ်းကျင်သူများမွေးထုတ်ရေးအထိ စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ မွေးစမှအသက် (၅)နှစ်အရွယ်ရှိကလေးသူငယ်များအတွက် ဖွံ့ဖြိုးတိုးတက်နိုင်ခြေရှိသည့်အလားအလာများကိုအပြည့်အဝရရှိရန်နှင့်မသန်စွမ်းဖြစ်ခြင်းကို လျှော့ချနိုင်စေရေးတို့အတွက် အရည်အသွေးမြင့်မားသည့်ECI ဝန်ဆောင်မှုများရရှိနိုင်ရေးကိုအလေးထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များမှသင်တန်းသား/သူများအနေဖြင့်သင်တန်းမှပို့ချပေးသည့်ဘာသာရပ်များကိုကြိုးစားလေ့လာသင်ယူပြီး မိမိတို့လုပ်ငန်းခွင်မှာ လက်တွေ့ပြန်လည်အသုံးချခြင်းဖြင့် ကလေးသူငယ်၊ မိသားစု၊ နိုင်ငံတော်အတွက် အကျိုးကျေးဇူးများရရှိစေမည်ဖြစ်ပါကြောင်း၊  ယနေ့ခေတ်သည် နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးသည် နိုင်ငံတစ်နိုင်ငံတွင် အဓိကအရေးကြီးဆုံး လိုအပ်ချက်တစ်ရပ်ဖြစ်သည့်အတွက် နိုင်ငံတွင်းမှာရှိသည့် ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စနစ်တကျဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ECI ဝန်ဆောင်မှုများရရှိခြင်းဖြင့်ကလေးသူငယ်များအတွက်ရေရှည်ဖွံ့ဖြိုးတိုးတက်မှုများရရှိစေပြီးမိသားစုဘဝသာယာပျော်ရွှင်စေခြင်းနှင့် လူမှုပတ်ဝန်းကျင်အတွက် ကောင်းကျိုးများရရှိစေခြင်းစသည့်အကျိုးကျေးဇူးများ ဖြစ်ထွန်းစေသည့်အတွက် နိုင်ငံအတွက် မရှိမဖြစ်ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါကြောင်း၊  ရှေ့လုပ်ငန်းစဉ်များမှာ ECIဆိုင်ရာ အသိပညာပေးများ၊ သင်တန်းများ၊ စစ်ဆေးမှုများ၊ ဝန်ဆောင်မှုများ ရရှိစေရေးအတွက် နှစ်စဉ်စီမံကိန်းများ ချမှတ်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း မှာကြားခဲ့ပါသည်။

ထို့နောက်သင်တန်းသား/သင်တန်းသူများက မိတ်ဆက်ခဲ့ကြပြီး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၁၅:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။ အဆိုပါသင်တန်းကို ၂၂-၉-၂၀၂၅ ရက်နေ့မှ ၂၆-၉-၂၀၂၅ ရက်နေ့အထိ တိုင်းဒေသကြီး/ပြည်နယ် ၁၂ ခုမှ သင်တန်းသား/သူ ၅၀ ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ လယ်ဝေးမြို့နယ်အတွင်းရှိ အသင့်တပ်ဆင်ကျေးလက်ကျန်းမာရေးဆေးခန်း အဆောက်အဦနှင့် စာသင်ဆောင် ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေး
“ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေး(TOT)သင်တန်း”ဖွင့်ပွဲအခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ကင်ပွန်းတန်းကျေးရွာ၊ အာဟာရသုခဈေးမီးလောင်မှုကွင်းဆင်းထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ လေပြင်းဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ အားဖြည့်ဆောင်ရွက်မှု လုပ်ငန်းစီမံချက်ဖွင့်ပွဲအခမ်းအနားတက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ ဒေါက်တာသန်းစိုးသည် နေပြည်တော်ကောင်စီဝင်များနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏမြို့နယ်များရှိ ကျေးရွာများအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကအေးငြိမ်းချမ်းသာဂိလာနဘိုးဘွားရိပ်သာ၊ပျဉ်းမနားဘိုးဘွားရိပ်သာ၊ကရုဏာကမ္ဘာဘိုးဘွားရိပ်သာတို့မှသက်ကြီးပုဂ္ဂိုလ်များအားထောက်ပံ့မှုသွားရောက်ဆောင်ရွက်

MOS

DSW

DDM

DOR