ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

အောက်တိုဘာလ (၂၃)ရက်နေ့မှ (၂၅)ရက်နေ့ အထိဘရူနိုင်းနိုင်ငံ၊ ဘန်ဒါဆရီဘီဂါဝမ်မြို့၌ကျင်းပပြုလုပ်လျက်ရှိသည့် (၁၂) ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေး (ASEAN Ministerial Meeting on Disaster Management-AMMDM)နှင့် ဆက်စပ်လှုပ်ရှားမှုအစီအစဥ်များသို့လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းသည် အခြားသော အာဆီယံနိုင်ငံများ မှ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများ၊ ဆွေးနွေးဖက် တရုတ်၊ ဂျပန်၊ ကိုးရီးယားနိုင်ငံများမှ ဝန်ကြီးများနှင့်အတူဆက်လက်ပါဝင်တက်ရောက်လျှက်ရှိရာ အောက်တိုဘာလ (၂၅)ရက်နေ့၊ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိ ခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အခမ်းအနား၊ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးမည့် ဘန်ဒါဆရီဘီဂါဝမ်မြို့၊ Taman MahkotaJubliEmasဥယျာဥ် သို့ သွားရောက်ပြီး အခြားသောဝန်ကြီးများနှင့်အတူ သတ်မှတ်နေရာတွင် ကန့်ကော်ပင်ကို စိုက်ပျိုးခဲ့ပါသည်။

ယင်းနောက် အဆိုပါဥယျာဥ်အတွင်း ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေး အန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ရာ၊ အိမ်ရှင် ဘရူနိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီး H.E. Dato Seri Setia Awang Haji Ahmaddin bin Haji Abdul Rahmanက နှုတ်ခွန်းဆက်စကား ပြောကြားပြီး အာဆီယံအတွင်းရေးမှူးချုပ်၏(၁၂) ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေး ဂုဏ်ပြု ဗွီဒီယိုသတင်းစကားကို ထုတ်လွှင့်ပြသပါသည်။

ဆက်လက်၍ ၂၀၀၄ ခုနှစ်၊ အိန္ဒိယသမုဒ္ဒရာ ၊ ဆူနာမီအနှစ် (၂၀)ပြည့်အထိမ်းအမှတ်အစီ အစဉ်ကို ကျင်းပရာ ၂၀၀၄ ခုနှစ် ဆူနာမီဘေးကျရောက်စဥ် မှတ်တမ်းတင်ဗွီဒီယိုပြသခြင်း၊ အဆိုပါဘေးအန္တရာယ်အတွင်းမှ လွတ်မြောက်ခဲ့သူများနှင့် တွေ့ဆုံမေးမြန်းခြင်းမှတ်တမ်း၊ ဆူနာမီတိုက်ခတ်မှု နောက်ပိုင်းကာလ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဖွဲ့စည်းမှု၊ ကြိုတင်ပြင်ဆင်မှု အစရှိသည့် စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များ တိုးတက်ဖြစ်ထွန်းလာမှုမှတ်တမ်းတို့ကို ပြသပါသည်။ ယင်းနောက် ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်း အမှတ်နှင့် (၁၂)ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေး တို့အတွက် ဂုဏ်ပြုပေးပို့သောကုလသမဂ္ဂဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ ချရေးရုံးအကြီးအကဲ Mr. Kamal Kishore၏ဂုဏ်ပြုသတင်းစကားဗွီဒီယိုတို့ကို ပြသကာ အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်ကူးခဲ့ကြပြီး အစည်းအဝေး အောင်မြင်စွာ ပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းဆောင်ရွက်
အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် ပန်းချီပြိုင်ပွဲအားပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကြည့်ရှုအားပေး
(၁၆) ကြိမ်မြောက် လုံခြုံရေးသုံးဆိုင်ရာပစ္စည်းများပြပွဲ(၂၀၂၆)သို့လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်၊ဧရာဝတီတိုင်းဒေသကြီး၊ညောင်တုန်းမြို့နယ်တွင်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်းကိုတက်ရောက်ဖွင့်လှစ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဧရာဝတီတိုင်းဒေသကြီး၊ရေကြည်မြို့နယ်နှင့်ကျောင်းကုန်းမြို့ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်Save the Children International (SCI) မှ အာရှဒေသဆိုင်ရာRegional Directorဖြစ်သူMr. Arshad Mehmood Malikဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR