ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

“လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ စွမ်းရည်မြှင့်တင်ခြင်းနှင့် အမျိုးသားအဆင့်စံလုပ်ငန်းအစီအစဉ်အသုံးပြုနည်းသင်တန်း”ဖွင့်ပွဲအခမ်းအနားကို လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ယနေ့နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ဒေါက်တာသန်းစိုး၊မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့်မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှဥက္ကဋ္ဌများ၊အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ လူကုန်ကူးမှုတားဆီးနှိမ် နင်းရေးရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနများမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့်သင်တန်းသား၊သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ မြန်မာနိုင်ငံသည်၂၀၀၄ ခုနှစ်တွင် Coordinated Mekong Ministerial Initiative Against Trafficking (COMMIT)နှင့် နိုင်ငံဖြတ်ကျော် အုပ်စုဖွဲ့မှုခင်းများ တိုက်ဖျက်ရေးဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်း (The United Nations Convention against Transnational Organized Crime)၏ အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ပါကြောင်း၊ ASEAN Convention Against Trafficking in persons, Especially Women and Children (ACWC) ကိုလည်း ၂၀၁၅ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့်မြန်မာနိုင်ငံကလက်မှတ်ရေးထိုးထားသည့်သဘောတူစာချုပ်များတွင်ပါရှိသည့်လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်ရေးကဏ္ဍ(Protection)အပိုင်းကို သတ်မှတ်ထားသည့် စံချိန်၊စံညွှန်းများနှင့်အညီနှစ်စဉ်လုပ်ငန်းစီမံချက်များရေးဆွဲ၍တာဝန်ယူအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ “လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ မိဘရပ်ထံ ပြန်လည်အပ်နှံရေးနှင့် မိသားစုနှင့်ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာအမျိုးသားလုပ်ငန်းလမ်းညွှန်”နှင့်“အမျိုးသားအဆင့်စံလုပ်ငန်းအစီအစဉ်”တို့အား ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းရေးဆွဲခဲ့ပြီး အသုံးပြုလျက်ရှိပါကြောင်း၊လူကုန်ကူးခံရသူများအားအကူအညီပေးခြင်း၊ ပြန်လည်ပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းပေးခြင်းနှင့် ပြန်လည်ထူထောင်ပေးခြင်းလုပ်ငန်းစဉ်တွင် ကူညီမှုပေးနေသည့် ဌာနဆိုင်ရာအသီးသီးအနေဖြင့် လုပ်ငန်းများကို ပိုမိုစနစ်ကျစွာ ပူးပေါင်းချိတ်ဆက်ဆောင်ရွက်နိုင်ပြီး လူကုန်ကူးခံရသူများ၏ အကောင်းဆုံးအကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်ရန်ရည်ရွယ်၍ ယခုသင်တန်းအား ဖွင့်လှစ်ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

သင်တန်းသို့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှသင်တန်းသား၊သင်တန်းသူစုစုပေါင်း(၅၂)ဦးဖြင့် (၁၅.၁၂.၂၀၂၅)ရက်နေ့မှ (၁၈.၁၂.၂၀၂၅)ရက်နေ့အထိ (၄)ရက်ကြာ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းဆောင်ရွက်
အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် ပန်းချီပြိုင်ပွဲအားပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကြည့်ရှုအားပေး
(၁၆) ကြိမ်မြောက် လုံခြုံရေးသုံးဆိုင်ရာပစ္စည်းများပြပွဲ(၂၀၂၆)သို့လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်၊ဧရာဝတီတိုင်းဒေသကြီး၊ညောင်တုန်းမြို့နယ်တွင်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်းကိုတက်ရောက်ဖွင့်လှစ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဧရာဝတီတိုင်းဒေသကြီး၊ရေကြည်မြို့နယ်နှင့်ကျောင်းကုန်းမြို့ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်Save the Children International (SCI) မှ အာရှဒေသဆိုင်ရာRegional Directorဖြစ်သူMr. Arshad Mehmood Malikဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR