ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့်နေပြည်တော်M-Gallery Hotel တို့ ပူးပေါင်း၍ ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၂)ဖွင့်ပွဲအခမ်းအနားကိုယနေ့ နံနက်ပိုင်းတွင်M-Gallery Hotel ၌ ကျင်းပရာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးကဧည့်ခံကျွေးမွေးရေးနှင့် အခမ်းအနားပြင်ဆင်ရေး ဝန်ဆောင်မှုဆိုင်ရာစွမ်းရည်မြှင့်သင်တန်းသည် ဌာနတွင်း ကျင်းပပြုလုပ်သည့် အခမ်းအနား၊ အစည်းအဝေးများတွင်  တည်ခင်းဧည့်ခံရေး၊ အခမ်းအနားပေါ်မူတည်၍ ပြင်ဆင်ဆောင်ရွက်ရေးများကို စနစ်တကျနှင့်  သန့်ရှင်းသပ်ရပ်စွာဆောင်ရွက်နိုင်ရေးရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊  အလားတူတစ်ပြိုင်နက်တည်းဖွင့်လှစ်သည့် အိမ်တွင်းဝန်ဆောင်မှုဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းသည်လည်းဝန်ကြီးဌာနတွင်တာဝန်ထမ်းဆောင်နေသည့် သန့်ရှင်းရေးဝန်ထမ်းများအနေဖြင့် တာဝန်ထမ်းဆောင်ရသည့်  နေရာဌာနပရဝဏ်အတွင်း သန့်ရှင်းသာယာလှပစေရေး၊  ရုံးအတွင်း/အပြင် သန့်ရှင်းရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်တတ်စေရေး ရည်ရွယ်ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို အလေးထားတာဝန်ယူအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဝန်ထမ်းများအနေဖြင့်လုပ်ငန်း‌များဆောင်ရွက်ကြသည့်အခါ  နည်းမှန်လမ်းမှန်နှင့်  စွမ်းရည်မြင့်မားစွာ ဆောင်ရွက်ကြရန်လိုအပ်သကဲ့သို့ လုပ်ငန်းများဆောင်ရွက်ရာတွင်  မလွဲမသွေပါဝင်ရသည့် အစည်းအဝေး၊ အခမ်းအနားများကျင်းပသည့်အခါတွင်လည်း  အလားတူ စနစ်တကျဆောင်ရွက်နိုင်ဖို့ လိုအပ်ပါကြောင်း၊ သန့်ရှင်းရေးဝန်ထမ်းများအနေဖြင့်လည်း သန့်ရှင်းသပ်ရပ်မှုကို အလေးထားကာ တာဝန်ကျေပွန်စွာ ဆောင်ရွက်ရမည့်အပြင် စနစ်တကျရှိဖို့လည်း လိုအပ်ပါကြောင်း၊ လုပ်ငန်းတစ်ခု၊ အဖွဲ့အစည်းတစ်ခု တိုးတက်အောင်မြင်ဖို့ဆိုပါက  အဆိုပါအဖွဲ့အစည်း၊ လုပ်ငန်းတိုင်းတွင်  ပါဝင်ဆောင်ရွက်ကြသည့်  လူပုဂ္ဂိုလ်တစ်ဦးချင်းနှင့်   ရာထူးအဆင့်တိုင်းသည် အရေးပါကြောင်း တစ်ဦးတစ်ယောက်ချင်း၏ဆောင်ရွက်ချက်များသည်  ဌာန၊ အဖွဲ့အစည်း၏ပုံရိပ်ကို ထင်ဟပ်ကိုယ်စားပြုနေသည့်အတွက် မည်သည့်လုပ်ငန်းကိုမဆို အသေးအဖွဲ့ဟူ၍  သဘောမထားဘဲ ကိစ္စရပ်တိုင်းကို အလေးထားဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း၊ကဏ္ဍအသီးသီးတွင်ရှိသည့်  ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားလာမှသာလုပ်ငန်းများဆောင်ရွက်ရာတွင် လျင်မြန်လွယ်ကူချောမွေ့စေမည်ဖြစ်သည့်အတွက်ယခုကဲ့သို့ စွမ်းဆောင်ရည်မြှင့်တင်ခြင်းသည် အရေးပါသည့်လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါကြောင်း၊ ယခုသင်တန်းများသည် လုပ်ငန်းခွင်အတွက် အရေးပါသည့်အကြောင်းအရာများကိုစာတွေ့အပြင် လက်တွေ့ဆောင်ရွက်မှုများနှင့်အတူဆွေးနွေးပို့ချခြင်းဖြစ်သည့်အတွက် လေ့လာမှတ်သားကာ မိမိတို့ဌာနများ၏  နေ့စဉ်လုပ်ငန်းဆောင်ရွက်မှုများ၊  အခမ်းအနားများ၊ အစည်းအဝေးများ ဆောင်ရွက်ကြသည့်အခါ အဆင့်နှင့် လိုက်လျောညီထွေရှိအောင် ဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းပြောကြားပါသည်။

ထို့နောက်သင်တန်းနည်းပြများမှ သင်တန်း(၂)ခုလုံးတွင် သင်ကြားပို့ချမည့် ဘာသာရပ်များအား ရှင်းလင်းတင်ပြခဲ့ပြီးအဆိုပါ ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၂) ကိုလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း (၃၅)ဦး တက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းကာလမှာ (၁-၂-၂၀၂၄)ရက်နေ့မှ(၃-၂-၂၀၂၄) ရက်နေ့အထိဖြစ်ကြောင်းနှင့်  အမှတ်စဉ်(၁)ကိုလည်း ဇန်နဝါရီလ (၂၉)ရက်နေ့မှ (၃၁)ရက်နေ့အထိ သင်တန်းသား (၃၆)ဦးဖြင့် ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် မိုဘိုင်းပေးချေမှုလမ်းကြောင်းများမှတစ်ဆင့် ငွေကြေးလိမ်လည်မှုတားဆီးရေး အသိပညာပေးဆွေးနွေးပွဲတက်ရောက်ခဲ့မှုအား ဝန်ထမ်းများသို့ ပြန်လည်ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်းအမှုထမ်းများ စုစုပေါင်း(၂၂၀)ဦး တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက အဖွင့်အမှာစကား ပြောကြားရာ၌ ယနေ့ကာလတွင် Mobile Banking Mobile Pay များကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာနိုင်သဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် လွယ်ကူအဆင်ပြေလာကြောင်း၊ ကောင်းကျိုးများရှိသကဲ့သို့ တစ်ဖက်တွင်လည်းမသမာသူများကOnline မှတစ်ဆင့်နည်းအမျိုးမျိုးဖြင့် အမြတ်ထုတ်မှုများ၊ လိမ်လည်မှုများပြုလုပ်လာကြောင်း၊ အဓိကအားဖြင့် နည်းပညာပိုင်းဆိုင်ရာမသိနားမလည်မှုနှင့်လောဘစိတ်များကြောင့် အလွယ်တကူချည်းကပ်လိမ်လည်မှုများပြုလုပ်နိုင်သည်ကိုတွေ့ရကြောင်း၊ အယုံသွင်းမှု၊ မက်လုံးပေးမှုများရှိကြောင်း၊ ယခုပြဿနာများသည် မြန်မာနိုင်ငံ၌သာမကနိုင်ငံတကာ၌လည်းရင်ဆိုင်နေရသည့် ပြဿနာများဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် Online လိမ်လည်မှုနည်းလမ်းများ၊ ဖြစ်စဉ်များကိုအစဉ်အမြဲလေ့လာသိရှိနေရန် လိုအပ်ကြောင်း၊ ဝန်ထမ်းတစ်ဦးချင်းသော်လည်းကောင်း၊ ဌာန၏ ငွေကြေးကိုင်တွယ်သုံးစွဲမှုများနှင့် စပ်လျဉ်း၍သော်လည်းကောင်းOnline လိမ်လည်မှုများမခံရစေရေးသတိပြုဆောင်ရွက်ကြရမည်ဖြစ်ကြောင်းပြောကြားပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဦးစီးကျင်းပခဲ့သည့် မိုဘိုင်းငွေပေးချေမှု လမ်းကြောင်းများမှတစ်ဆင့် ငွေကြေးလိမ်လည်မှုတားဆီးရေး အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းရွှေက မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများတွင် Online လိမ်လည်မှုများဖြစ်ပေါ်လျက် ရှိမှုအခြေအနေများ၊ တိုင်ကြားမှုများအပေါ် စိစစ်ဖော်ထုတ်အရေးယူဆောင်ရွက်မှုအခြေအနေများ၊Online လိမ်လည်မှုများဖြစ်ပွားနိုင်သည့် အခြေအနေများ၊ Online လိမ်လည်မှုများမခံရစေရေးလိုက်နာသင့်သည့်အချက်များကိုရှင်းလင်းဆွေးနွေးပြီးတက်ရောက်လာကြသောဝန်ထမ်းများကသိရှိလိုသည်များမေးမြန်းခြင်း၊ မိမိတို့၏ အတွေ့အကြုံများကိုမျှဝေဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ AGMSF/ NSPAW/ UNSCR1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်း များစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်

MOS

DSW

DDM

DOR