ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

(၂၁-၄-၂၀၂၃) ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်းလေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ကန်သာကျေးရွာအုပ်စုတံတားဦးကျေးရွာနှင့် အောင်မြင်ကုန်းကျေးရွာများတွင် ပြိုကျပျက်စီးအိမ်ခြေ (၂၃၅)လုံး၊ သေဆုံး(၆)ဦး၊ ဒဏ်ရာရ (၁၁၃)ဦးနှင့် ဘေးသင့်သူစုစုပေါင်း (၉၆၇)ဦးထိခိုက်ခံစားခဲ့ရပြီးသာသနိကအဆောက်အဦများ၊ စာသင်ကျောင်းများထိခိုက်ပျက်စီးခဲ့ရပါသည်။

အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ ယနေ့နံနက်ပိုင်းတွင်အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီနှင့် နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှ  တာဝန်ရှိသူများသည်ဖြစ်စဉ်ဖြစ်ပွားရာတံတားဦးကျေးရွာနှင့် အောင်မြင်ကုန်းကျေးရွာများသို့ သွားရောက်ခဲ့ပြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှထောက်ပံ့သည့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး၊ စုစုပေါင်းအိမ်ထောင်စု (၂၃၅)စုအတွက် ထောက်ပံ့ခြင်းများဆောင်ရွက်ခဲ့ပါသည်။ အလားတူကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဉက္ကဌကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဉက္ကဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်၊ နေပြည်တော်ကောင်စီဉက္ကဌဦးတင်ဦးလွင် ဉီးဆောင်သောနေပြည်တော်သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ တာဝန်ရှိသူများသည် အဆိုပါဘေးသင့်ပြည်သူများတက်ရောက်ကုသမှုခံယူလျက်ရှိသည့် ဒက္ခိဏသီရိမြို့နယ်၊ ကုတင် (၅၀)ဆံ့ ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီးအောင်မြင်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာတို့မှ ဒဏ်ရာရလူနာ (၃၄)ဦးတို့အတွက် အားဖြည့်အစားအစာများ၊ ထောက်ပံ့ကြေးငွေများပေးအပ်ထောက်ပံ့ခဲ့ပြီးရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားကာကျေးရွာအတွက် လမ်းဖောက်လုပ်ခြင်း၊ ရေရရှိရေး၊ သာသနိကအဆောက်အဦများပြန်လည်တည်ဆောက်ပေးခြင်း၊လျှပ်စစ်မီးနှင့် နေအိမ်များပြန်လည်တည်ဆောက်နိုင်ရေးနိုင်ငံတော်မှ ကူညီပံ့ပိုးဆောင်ရွက်ပေးမည့်အခြေအနေများအားရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်း၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်၊ နေပြည်တော်ကောင်စီဉက္ကဌဦးတင်ဦးလွင်တို့ဉီးဆောင်သောတာဝန်ရှိသူများသည် အဆိုပါဘေးသင့်ပြည်သူများတက်ရောက်ကုသမှုခံယူလျက်ရှိသည့် လယ်ဝေးမြို့နယ်၊ ကုတင် (၁၀၀)ဆံ့ ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီးအောင်မြင်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာတို့မှ ဒဏ်ရာရလူနာ (၂၈)ဦးတို့အတွက် အားဖြည့်အစားအစာများ၊ ထောက်ပံ့ကြေးငွေများ၊ ပေးအပ်ထောက်ပံ့ခဲ့ပြီးရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားကာကျေးရွာအတွက် လမ်းဖောက်လုပ်ခြင်း၊ ရေရရှိရေး၊ သာသနိကအဆောက်အဦများပြန်လည်တည်ဆောက်ပေးခြင်း၊လျှပ်စစ်မီးနှင့် နေအိမ်များပြန်လည်တည်ဆောက်နိုင်ရေးနိုင်ငံတော်မှ ကူညီပံ့ပိုးဆောင်ရွက်ပေးမည့်အခြေအနေများအားရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်း၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်၊ နေပြည်တော်ကောင်စီဉက္ကဌဦးတင်ဦးလွင် တို့ဉီးဆောင်သောတာဝန်ရှိသူများသည်လယ်ဝေးမြို့နယ် မိုးလုံလေလုံအားကစားရုံအတွင်းအောင်မြင်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာတို့မှဘေးသင့်ပြည်သူများအားယာယီနေရာချထားနိုင်ရေးအတွက် တည်းခိုနေထိုင်စားသောက်ရေးအခြေခံလိုအပ်ချက်များအားဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် သွားရောက်ကြည့်ရှုခဲ့ပြီးဆောင်ရွက်ရမည့်အချက်များအားခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းများပေါင်းစပ်ဆောင်ရွက်နိုင်ရေးလမ်းညွှန်မှာကြားခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ လယ်ဝေးမြို့နယ်အတွင်းရှိ အသင့်တပ်ဆင်ကျေးလက်ကျန်းမာရေးဆေးခန်း အဆောက်အဦနှင့် စာသင်ဆောင် ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေး
“ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေး(TOT)သင်တန်း”ဖွင့်ပွဲအခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ကင်ပွန်းတန်းကျေးရွာ၊ အာဟာရသုခဈေးမီးလောင်မှုကွင်းဆင်းထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ လေပြင်းဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ အားဖြည့်ဆောင်ရွက်မှု လုပ်ငန်းစီမံချက်ဖွင့်ပွဲအခမ်းအနားတက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ ဒေါက်တာသန်းစိုးသည် နေပြည်တော်ကောင်စီဝင်များနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏမြို့နယ်များရှိ ကျေးရွာများအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကအေးငြိမ်းချမ်းသာဂိလာနဘိုးဘွားရိပ်သာ၊ပျဉ်းမနားဘိုးဘွားရိပ်သာ၊ကရုဏာကမ္ဘာဘိုးဘွားရိပ်သာတို့မှသက်ကြီးပုဂ္ဂိုလ်များအားထောက်ပံ့မှုသွားရောက်ဆောင်ရွက်

MOS

DSW

DDM

DOR