ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးနှင့်ပတ်သက်သော ကျား၊မရေးရာ Gender ဆိုင်ရာအခြေခံသဘောတရားများ၊အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်း (Convention on the Elimination of All Forms of Discrimination Against Women - CEDAW)၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာနိုင်ငံတော်အဆင့်မဟာဗျူဟာစီမံကိန်း (National Strategic Plan for the Advancement of Women -NSPAW)၊ ကဏ္ဍစုံတွင်ကျား၊မရေးရာထည့်သွင်းစဉ်းစားခြင်း မဟာဗျူဟာမူဘောင် (ASEAN Gender Mainstreaming Strategic Framework- AGMSF) (2021-2025)၊ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ (UNSCR 1325) အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားအား ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှသင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ပါသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနား၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် လူမှုဝန်ထမ်းဦးစီးဌာနသည် လူမှုရေးအရကာကွယ် စောင့်ရှောက်မှုပေးရန်လိုအပ်သည့် ကလေးသူငယ်များ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများ၏ လူမှုစီးပွားလိုအပ်ချက်များကိုပံ့ပိုးပေးနိုင်ရန်အတွက် လူမှုကာကွယ် စောင့်ရှောက်မှုလုပ်ငန်းများကိုကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ကမ္ဘာတစ်ဝှမ်းလုံးတွင်ဆောင်ရွက်နေကြသည့် ကျား၊မတန်းတူညီမျှရေးနှင့် အမျိုးသမီးအခွင့်အရေးများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံကပါဝင်ဆောင်ရွက်နေသည့် Gender/CEDAW/NSPAW/ AGMSF/ UNSCR 1325 လုပ်ငန်းစဉ်များကိုသိရှိစေရန်အမျိုးသမီးများအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို အသိပညာပေးခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ၁၉၉၅ ခုနှစ်မှာ ပါဝင်တက်ရောက်ခဲ့သည့် ဘေဂျင်းညီလာခံနှင့် ဘေဂျင်းကြေညာစာတမ်းပါ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက်  မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီကို ဖွဲ့စည်းခဲ့ပြီး အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ဦးဆောင်၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတတ်ရေး မဟာဗျူဟာစီမံချက်ကို ရေးဆွဲပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များပြည့်ဝရန်လည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသမီးများကာကွယ်စောင့်ရှောက်ရေး အစီအစဉ်များ ကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လူဦးရေ၏ ထက်ဝက်ကျော်ရှိသည့် မြန်မာအမျိုးသမီးများကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါလှပါကြောင်း၊ သင်တန်းကာလအတွင်း တက်ကြွစွာ ပါဝင်ဆွေးနွေးကြရန်နှင့် သင်တန်းကရရှိသည့် ဗဟုသုတ၊အသိပညာများကိုလက်တွေ့လုပ်ငန်းခွင်တွင်  အသုံးချသွားရန်  တိုက်တွန်းပြောကြားခဲ့ပါသည်။အဆိုပါသင်တန်းသို့ ဝန်ကြီးဌာနများမှ သင်တန်းသား/ သင်တန်းသူ (၃၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကို(၂)ရက်တာဖွင့်လှစ်မည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

(၁၂)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် (၈)ကြိမ်မြောက် အာဆီယံ+၃လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးများကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိရေဘေးရှောင်ပြည်သူများအားတွေ့ဆုံအားပေးထောက်ပံ့မှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ပြည်ထောင်စုနယ်မြေ၊တပ်ကုန်းမြို့အတွင်းရှိ ရေကြီးရေလျှံဖြစ်ပွားသော နေရာများသို့ ကွင်းဆင်းထောက်ပံ့
(၃)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာထူးချွန်ဆု (3rd ASEAN Outstanding Social Welfare and Development Award-AOSWADA) ဆုပေးပွဲအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက်ခြင်း
(၁၂) ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ(12th ASEAN Ministerial Meeting on Social Welfare and Development(AMMSWD)and Related Meetings)ကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူMr. Jaime NadalRoigအားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဌာနလုပ်ငန်းရပ်များအား ကြည့်ရှုစစ်ဆေးခြင်း

MOS

DSW

DDM

DOR