ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

          စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးအသင်းအဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ(၁၄:၀၀) နာရီအချိန်တွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးက တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

          ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကမ္ဘာတွင် တိုးတက်တီထွင်မှုနှင့်အတူ ဓာတုဗေဒဆေးဝါးမျိုးစုံ ပေါ်ပေါက်လာသောကြောင့် မူးယစ်ဆေးဝါးသုံးစွဲမှု၊ ထုတ်လုပ်မှု၊ သယ်ဆောင်ရောင်းဝယ်မှုစသည့်မူးယစ်ဆေးဝါးပြဿနာမျိုးစုံသည်မြန်မာနိုင်ငံအပါအဝင် နိုင်ငံအသီးသီး၌ ပြည်သူများ၏ ကျန်းမာရေး၊ လူမှုရေး၊ အခြေခံစီးပွားရေး၊ တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးများကို ထိခိုက်ပျက်စီးစေပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးပြဿနာကို ကာကွယ်ထိန်းချုပ်နိုင်ရန် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ကြိုးပမ်းလျက်ရှိပါကြောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနတွင် မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(၁၄)ခုဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ ၂၀၁၈ခုနှစ်မှ ၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလအထိစေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးသင်တန်း(၄၃)ကြိမ်တွင်သင်တန်းသား/သူစုစုပေါင်း(၁၀၆၁)ဦးအား သင်တန်းပို့ချပေးနိုင်ခဲ့ပါကြောင်း၊ ယခုအလုပ်ရုံဆွေးနွေးပွဲတွင်မူးယစ်ဆေးဝါးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နေသည့် အစိုးရဌာနများနှင့် အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများအား ညှိနှိုင်းဆွေးနွေးလျက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများပိုမိုအောင်မြင်အောင်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာသူများက  ကိုယ်စီအတွေ့အကြုံများကို အချင်းချင်းဖလှယ်ရင်း ဆွေးနွေးပွဲမှရရှိလာသည့်အသိပညာဗဟုသုတ၊ အတွေ့အကြုံ၊ ကွန်ရက်ချိတ်ဆက်မှုများအား အနာဂတ်အတွက်လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်အသုံးချသင့်ကြောင်းတိုက်တွန်းပြောကြားခဲ့ပါသည်။

          အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲသို့ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးအသင်းအဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပါသည်။

          ယင်းနောက် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ မူးယစ်ဆေးဝါးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးအတွက် ဝန်ကြီးဌာနများက ဆောင်ရွက်နေသောလုပ်ငန်းများနှင့် ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်သည့် နယ်ပယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများက ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် တွေ့ကြုံရသည့်အခက်အခဲများကို ဖြေရှင်းနိုင်မည့် နည်းလမ်းများ၊ ပြောင်းလဲနေသော ခေတ်ကာလနှင့်အညီ ဝန်ကြီးဌာနများနှင့် အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များကို အုပ်စုလိုက်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ လယ်ဝေးမြို့နယ်အတွင်းရှိ အသင့်တပ်ဆင်ကျေးလက်ကျန်းမာရေးဆေးခန်း အဆောက်အဦနှင့် စာသင်ဆောင် ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေး
“ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေး(TOT)သင်တန်း”ဖွင့်ပွဲအခမ်းအနားကျင်းပ

MOS

DSW

DDM

DOR