ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့တွင် ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းသည် ဇန်နဝါရီလ (၁၀)ရက်နေ့နံနက်ပိုင်းက ကျိုင်းတုံမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသည်မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေး၊ မုန်တိုင်းဘေးအစရှိသော သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလေ့ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှုများကို လျှော့ချနိုင်ရန် နိုင်ငံတော်အဆင့်တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီကို ဖွဲ့စည်းထားရှိပြီး အမျိုးသားကော်မတီအောက်တွင် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့များ ဖွဲ့စည်း၍ဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများကို စနစ်တကျဆောင်ရွက်နေပါကြောင်း၊ ဖွဲ့စည်းထားသည့် ကော်မတီများ၊ အဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှုများတွင် သက်ဆိုင်ရာနယ်မြေ‌ဒေသအသီးသီး၌ နေထိုင်လျှက်ရှိကြသော ရပ်ရွာလူထုများ၏ ပူးပေါင်းပါဝင်မှုသည် အရေးကြီးပါကြောင်း၊ထိုသို့ပူးပေါင်းပါဝင် နိုင်ရန် ရပ်ရွာလူထုအတွင်း သဘာဝဘေးလျော့ပါးရေးဆိုင်ရာ အသိပညာများ တိုးတက်မြင့်မားရန် လိုအပ်ပါကြောင်း၊ ယနေ့ဖွင့်လှစ်သည့် သင်တန်းသည်သဘာဝဘေးအန္တရာယ်ကိုတုံ့ပြန်နိုင်မည့်စွမ်းအားစုများအမြဲအဆင်သင့်ဖြစ်နေစေရန်၊ရပ်ရွာများတွင်ရရှိနိုင်သည့်လူငယ်စွမ်းအားစုများကိုဖော်ထုတ်ပြီး၎င်းတို့၏ရပ်ရွာများအတွင်းသဘာဝဘေးလျော့ပါးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ၎င်းတို့ကိုယ်တိုင်ဦးစီးဦးဆောင်မှုပြုနိုင်သူများဖြစ်လာစေရန်၊သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များအတွက်အရန်အင်အားတောင့်တင်းလာနိုင်စေရန်နှင့်လူငယ်ထုအတွင်းအများအကျိုးသယ်ပိုးလိုသောစိတ်ဓာတ်များ ကိန်းအောင်းလာစေရန်ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ သင်တန်းကာလ(၃)ရက်အတွင်းဘေးအန္တရာယ်များအကြောင်း၊ကြိုတင်ကာကွယ်ရေး၊ကြိုတင်ပြင်ဆင်ရေးနှင့်အရေးပေါ်သတိပေးစနစ်များအကြောင်း၊အရေးပေါ်တုံ့ပြန်ရေး၊ကနဦးလိုအပ်ချက်စစ်တမ်းကောက်ယူရေး၊ကယ်ဆယ်ရေးပစ္စည်းများဖြန့်ဝေမှု၊ကယ်ဆယ်ရေးစခန်းစီမံခန့်ခွဲမှုစသည့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းအကြောင်းအရာများကို လေ့လာခွင့်ရရှိကြမည်ဖြစ်၍ ဘေးဒဏ်မှကြံ့ကြံ့ခံနိုင်သော ရပ်ရွာ အသိုက်အဝန်းများ ဖြစ်ထွန်းလာစေရေးအတွက် ကျရာကဏ္ဍမှ အင်တိုက်အားတိုက် ဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ကျိုင်းတုံခရိုင်အတွင်းရှိ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြပါသည်။ အဆိုပါသင်တန်းကို (၃) ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကျိုင်းတုံခရိုင်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များမှ စေတနာ့ဝန်ထမ်းလူငယ်(၅၀)ဦးတက်ရောက်ကြပါသည်။

ပြည်ထောင်စုဝန်ကြီးသည် ဇန်နဝါရီလ (၁၁)ရက်နေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကျိုင်းတုံခရိုင်အတွင်းရှိ ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များ၊ နိုင်ငံတော်၏ ပကတိအခြေအနေမှန်များကို ရှင်းလင်းပြောကြားပြီး ဝန်ထမ်းများအားလုံး စည်းလုံးညီညွတ်စွာ နေထိုင်တာဝန်ထမ်းဆောင်ကြရန်၊ နှစ်ဟောင်းက ကြုံတွေ့ခဲ့ရသော အားနည်းချက်၊ အားသာချက်များကို ပြန်လည်သုံးသပ်၍ နှစ်သစ်တွင်ပိုမိုးကောင်းမွန်သော တာဝန်ဝတ္တရားများထမ်းဆောင်နိုင်သူများဖြစ်အောင် ကြိုးစားကြစေလိုပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် လူမှုရေးရာကိစ္စအဝဝကို နိုင်ငံတော်ကိုယ်စား တာဝန်ယူဆောင်ရွက်ပေးနေရသည့် ဌာနဖြစ်သည့်အတွက်စေတနာထား ဆောင်ရွက်ခြင်းဖြင့် လူမှုရေးရာအရထိခိုက်ဆုံးရှုံးမှုများကို လျော့နည်းစေနိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းတိုင်းစည်းကမ်းရှိပြီး အလုပ်လုပ်သော ဝန်ထမ်းများ ဖြစ်စေလိုပါကြောင်း၊ တစ်စုတစ်စည်းတည်းရှိပြီး အလုပ်လုပ်သောဝန်ထမ်းများ ဖြစ်စေလိုပါကြောင်း၊မိမိတို့၏လုပ်ငန်းတာဝန်များကို စေတနာထားဆောင်ရွက်ခြင်းဖြင့် မိမိတို့အကျိုး၊ နိုင်ငံတော်အကျိုးကို သယ်ပိုးကြရန် တို့ကိုမှာကြားပါသည်။ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ၏ တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည့်လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေးကျင်းပသည့် သတင်းစဉ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်တို့ပညာရေး၊ ကျန်းမာရေးကဏ္ဍနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနား၊ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားများသို့ တက်ရောက်
(၁၂)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် (၈)ကြိမ်မြောက် အာဆီယံ+၃လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးများကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိရေဘေးရှောင်ပြည်သူများအားတွေ့ဆုံအားပေးထောက်ပံ့မှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ပြည်ထောင်စုနယ်မြေ၊တပ်ကုန်းမြို့အတွင်းရှိ ရေကြီးရေလျှံဖြစ်ပွားသော နေရာများသို့ ကွင်းဆင်းထောက်ပံ့
(၃)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာထူးချွန်ဆု (3rd ASEAN Outstanding Social Welfare and Development Award-AOSWADA) ဆုပေးပွဲအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက်ခြင်း
(၁၂) ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ(12th ASEAN Ministerial Meeting on Social Welfare and Development(AMMSWD)and Related Meetings)ကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူMr. Jaime NadalRoigအားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဌာနလုပ်ငန်းရပ်များအား ကြည့်ရှုစစ်ဆေးခြင်း

MOS

DSW

DDM

DOR