ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာအမျိုးသားအဆင့်ကော်မတီအစည်းအဝေး(၁/၂၀၂၄)ကို ယနေ့မွန်းလွဲပိုင်းတွင်နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဝန်ကြီးရုံး၊စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ အစည်းအဝေးသို့ ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာအမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌ၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၊နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထာရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

အဆိုပါအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ခွင့်ပြုမှုအရပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာအမျိုးသားအဆင့်လုပ်ငန်းစီမံချက်အကောင်အထည်ဖော်မှု တတိယသက်တမ်းကို (၁၀.၁၁.၂၀၂၃)ရက်နေ့မှစတင်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊အမျိုးသားအဆင့်လုပ်ငန်းစီမံချက်အကောင်အထည်ဖော်မှုသက်တမ်း(၂)ကြိမ်ကာလအတွင်းအမျိုးသားအဆင့်ကော်မတီအစည်းအဝေး(၅)ကြိမ်ခေါ်ယူခဲ့ပါကြောင်း၊ ၂၀၂၃ခုနှစ်၊ဩဂုတ်လအတွင်းအမျိုးသားအဆင့်ကော်မတီပြင်ဆင်ဖွဲ့စည်းခြင်းနှင့်အတူလုပ်ငန်းတာဝန်များကိုလည်းအနည်းငယ်ပြင်ဆင်ခဲ့ပါကြောင်း၊ ယင်းတာဝန်များတွင် ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာလုပ်ငန်းစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်မှုများကိုပြည်သူများ လက်လှမ်းမီသိရှိရေးအသိပညာပေးခြင်းစီစဉ်ဆောင်ရွက်ရန်ဆိုသည့်လုပ်ငန်းတာဝန်တစ်ခုပါဝင်သည်နှင့်အညီပြည်သူများသိရှိနားလည်ပြီးတိုင်ကြားနိုင်ရေးနှင့်တုံ့ပြန်ရေးလုပ်ငန်းစဉ်များကိုယခုထက်ပိုမိုထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုနယ်မြေနေပြည်တော်အပါအဝင်တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်အမျိုးသမီးကော်မတီများ၏ လုပ်ငန်းတာဝန်များတွင်ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ရေး(Conflict Related Sexual Violence-CRSV)လုပ်ငန်းတာဝန်ကိုထည့်သွင်းဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ ပြည်ထောင်စုနယ်မြေနေပြည်တော်အပါအဝင်တိုင်းဒေသကြီး/ပြည်နယ်(၁၅)ခုတွင် ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာအမျိုးသားအဆင့်လုပ်ငန်းစီမံချက်အကောင်အထည်ဖော်မှုနှင့်တိုင်ကြားမှုယန္တရားကိုပြည်သူအများသိရှိစေရန်  ၂၀၂၃ခုနှစ်ဇူလိုင်လမှအောက်တိုဘာလအတွင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ဒုတိယသက်တမ်း၏ဒုတိယ(၆)လပတ် ကာလဖြစ်သည့်၁၀.၅.၂၀၂၃ ရက်နေ့မှ ၁၀.၁၁.၂၀၂၃ အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ချက်များကို   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့အစီရင်ခံတင်ပြရေးအတွက် ရေးသားပြုစုလျက်ရှိပါကြောင်း၊ယခုအစည်းအဝေးတွင်ရေးသားထားရှိသည့် အစီရင်ခံစာအပေါ်လိုအပ်သည်များပြင်ဆင်ဖြည့်စွက် အတည်ပြုရေးလမ်းညွှန်ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာအမျိုးသားအဆင့်ကော်မတီ အတွင်းရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြီးခဲ့သည့်အစည်းအဝေး အမှတ်စဉ် ၃/၂၀၂၃ ၏ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ခဲ့မှုများ၊၁၅.၁.၂၀၂၄ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် လုပ်ငန်းကော်မတီအစည်းအဝေး(၁/၂၀၂၄)၏ဆုံးဖြတ်များအပေါ်အကောင်အထည်ဖော်ဆောင်ရွက်မှုများကိုတင်ပြဆွေးနွေးခဲ့ပါသည်။

ထို့နောက်တက်ရောက်လာသူများကဒုတိယ(၆)ပတ်အစီရင်ခံစာ(မူကြမ်း)အပေါ်အကြံပြုဆွေးနွေးခြင်း၊ ပြင်ဆင်ဖြည့်စွက်အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကိုရုတ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ AGMSF/ NSPAW/ UNSCR1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်း များစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်

MOS

DSW

DDM

DOR