ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လက်နက်ကိုင်ပဋိက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေး (/၂၀၂၆) ကို ၃၀--၂၀၂၆ ရက်နေ့ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည် ထူထောင်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ လက်နက်ကိုင်ပဋိက္ခအတွင်း ကလေး သူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်၊ လက်နက်ကိုင်ပဋိက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးလုပ်ငန်းကော်မတီဝင် ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြပါသည်။

ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံမှ ၁၉၉၁ ခုနှစ်တွင် အတည်ပြုလက်မှတ်ရေးထိုးထားသော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း၏ အပိုဒ်(၃၈)ပါ ပြဋ္ဌာန်းချက်ဖြစ်သည့် အရွယ်မတိုင်မီ ကလေးသူငယ်များအား စစ်သားစုဆောင်းခြင်းနှင့်အသုံးပြုခြင်း၊ လက်နက်ကိုင်ပဋိပက္ခများတွင် ပါဝင်ပတ်သက်နေသည့် ကလေးသူငယ်တိုင်းအား အကာအကွယ်ပေးရန်နှင့် ကြည့်ရှုစောင့်ရှောက်မှုပေးရန်အချက်အား လိုက်နာဆောင်ရွက်နေပါကြောင်း၊ ၂၀၁၉ ခုနှစ်တွင် အတည်ပြုလက်မှတ်ရေးထိုးထားသော လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များပါဝင်ပတ်သက်မှုဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ်ပါပြဋ္ဌာန်းချက်များနှင့် ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို အလေးထား ဖော်ဆောင်ရေးမူကို အခြေခံသည့် မြန်မာနိုင်ငံ၏ ကလေးသူငယ်အခွင့်အရေး များဆိုင်ရာဥပဒေ (၂၀၁၉) တို့အရ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် သေကျေထိခိုက်ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ကျူးလွန်မှုများမှ ကာကွယ် တားဆီးနိုင်ရေးအမျိုးသားအဆင့်လုပ်ငန်းစီမံချက်ကို ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းနှင့်ပတ်သက်ပြီး အဓိကဌာနအဖြစ် တာဝန်ယူဆောင်ရွက်နေသည်နှင့်အညီ ကုလသမဂ္ဂ ကွန်ဗင်းရှင်း၏ အခြေခံမူများအရ ကလေးသူငယ်များအား မည်သည့်အခြေအနေတွင်မဆို ခွဲခြားဆက်ဆံမှုမရှိဘဲ တန်းတူညီမျှသည့် အခွင့်အရေးများရရှိစေရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းကော်မတီ အဖွဲ့ဝင်တွေအနေဖြင့် လက်နက်ကိုင် ပဋိပက္ခအတွင်း ကြီးလေးသောကျူးလွန်မှုများကြောင့် ထိခိုက်ခံစားနေရသော ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားဖြစ်သည့် အသက်ရှင်သန်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်စောင့်ရှောက်မှုရရှိရေးနှင့် လူ့အဖွဲ့အစည်းတွင်ပါဝင်ဆောင်ရွက်ခွင့်ရရှိစေရေးတို့ကို သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်သွားရန် အရေးကြီးပါကြောင်း၊ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများကို လုံးဝလက်မခံသည့် မူဝါဒ (Zero Tolerance Policy) နှင့်အညီ ကာကွယ်တားဆီးရေးနှင့် အရေးယူဆောင်ရွက်ရေး လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ကလေးသူငယ်များအပေါ် ကျူးလွန်မှုများနှင့် ပတ်သက်သည့် သတင်းအချက်အလက်တို့ကို အချိန်နှင့်တပြေးညီ ရယူနိုင်ရန်၊ ထိရောက်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆောင်ရွက်မှုတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း၊ ပါဝင်တက်ရောက်လာကြသည့် တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် အပြုသဘော ဆောင်သည့် မိမိတို့၏အတွေ့အကြုံနှင့်ဗဟုသုတများကို မျှဝေဖလှယ်ဆွေးနွေးပေးကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ ထို့နောက် လုပ်ငန်းကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေး တင်ပြခဲ့ကြရာ ဒုတိယဝန်ကြီးက ဆွေးနွေးချက်များအပေါ် သုံးသပ်၍ ရှေ့လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပြီး အစည်းအဝေးကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း မူးယစ်ဆေးဝါးသုံးစွဲမှုဖြတ်ပြီးသူများအတွက် စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၆)သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ပြည်ခရိုင်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ခရိုင်ရုံးများ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် လက်နက်ကိုင်ပဋိက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Barnaby Jonesအားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ် အသိပညာပေးခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်မန္တလေးမြို့လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပြန်လည်ထူထောင်ရေးဦးစီးဌာနလုပ်ငန်းဆောင်ရွက်မှုများအားကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်မူလတန်းကြိုကျောင်းများနှင့်ပြင်ဦးလွင်မြို့ပရဟိတမျက်မမြင်ကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR