ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ











လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေးကိုယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဒုတိယသမ္မတဒေါ်နန်းနီနီအေးတက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ကော်မတီဒုတိယဥက္ကဋ္ဌနှင့် ကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ဒုတိယဝန်ကြီးများ၊ ဒုတိယစာရင်းစစ်ချုပ်၊ဌာနဆိုင်ရာအကြီးအကဲများနှင့်တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီဥက္ကဋ္ဌဒုတိယသမ္မတဒေါ်နန်းနီနီအေးကလူမှုကာကွယ်စောင့်ရှောက်ရေးစနစ်သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံမဏ္ဍိုင်တစ်ခုဖြစ်ပြီးပြည်သူအားလုံးလူမှုဘဝလုံခြုံမှုရရှိစေရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်ရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့အပြင် နိုင်ငံ၏စီးပွားရေး၊ လူမှုရေးတို့ကိုအထောက်အကူပြုပြီးအရေးပါသည့် ကဏ္ဍတစ်ရပ်ဖြစ်ကြောင်း။

လူမှုကာကွယ်စောင့်ရှောက်ရေးဆိုသည်မှာလူတစ်ဦးချင်းနှင့် အိမ်ထောင်စုများကိုစီးပွားရေးနှင့် လူမှုရေးဆိုင်ရာကဏ္ဍများတွင် အန္တရာယ်ကျရောက်နိုင်မှုများမှ  ကြိုတင်ကာကွယ်ပေးရေး၊ အခြေခံဝန်ဆောင်မှုများနှင့် အခြေခံအဆောက်အအုံများအပါအဝင် စီးပွားရေးအခွင့်အလမ်းများ မြှင့်တင်ပေးနိုင်ရေး၊ ရုတ်တရက်ဝင်ငွေဆုံးရှုံးမှုများနှင့် အရေးပေါ်အခြေအနေများကြောင့် ဖြစ်ပေါ်လာသည့် လူသားချင်းစာနာထောက်ထားရေးဆိုင်ရာအခက်အခဲအကြပ်အတည်းများစီမံဖြေရှင်းနိုင်ရေးတို့အတွက် နိုင်ငံတော်အစိုးရကမူဝါဒ၊ လုပ်ထုံးလုပ်နည်း၊ အစီအမံများဖြင့် စနစ်တကျ ချမှတ်ဆောင်ရွက်ပေးရသည့် လုပ်ငန်းစဉ်များပင်ဖြစ်ကြောင်း။

မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေးအမျိုးသားအဆင့်မဟာဗျူဟာစီမံချက် တွင် အဓိကလုပ်ငန်းစဉ် (၈)ရပ်ဖြစ်သည့် ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့်အသက်၂နှစ်အရွယ်အထိကလေးသူငယ်များကိုထောက်ပံ့ငွေပေးအပ်ခြင်း၊ယင်းထောက်ပံ့ငွေကိုအသက်ပိုကြီးသောကလေးများအတွက်အဆင့်ဆင့်တိုးချဲ့ထောက်ပံ့ခြင်း၊မသန်စွမ်းသူများအတွက်ထောက်ပံ့ငွေပေးအပ်ခြင်း၊ကျောင်းတွင်းအာဟာရကျွေးမွေးသောအစီအစဉ်များဆောင်ရွက်ခြင်း၊အများပြည်သူအလုပ်အကိုင်ရရှိရေးနှင့်အသက်မွေးဝမ်းကျောင်းပညာရေးအစီအစဉ်များဆောင်ရွက်ခြင်း၊လူမှုရေးပင်စင်အစီအစဉ်ဆောင်ရွက်ခြင်း၊သက်ကြီးသူချင်းကူညီစောင့်ရှောက်ရေးအဖွဲ့များအားထောက်ပံ့ခြင်းနှင့် ဘက်စုံလူမှုကာကွယ်စောင့်ရှောက်ရေးဝန်ဆောင်မှုများဆောင်ရွက်ပေးခြင်းတို့ကိုရေးဆွဲထားရှိကြောင်း၊ အဆိုပါမဟာဗျူဟာစီမံချက်ကိုလူမှုကာကွယ်စောင့်ရှောက်ရေး၏အဓိကအပိုင်းကဏ္ဍ၄ရပ်တို့ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း။

ဝန်ကြီးဌာနများအလိုက် လက်ရှိဆောင်ရွက်နေသည့်  လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းရပ်များထိရောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရအပါအဝင် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ပြည်တွင်း၊ ပြည်ပပရဟိတအဖွဲ့အစည်းများသာမကပြည်သူများပါပူးပေါင်းဆောင်ရွက်ရန် ဖြစ်ကြောင်း၊ မဟာဗျူဟာလုပ်ငန်းစဉ်များအနက်မှ အပြည့်အဝဆောင်ရွက်နိုင်ခြင်းမရှိသေးသည့် လုပ်ငန်းစဉ်များကိုလည်းကာလတို၊ ကာလလတ်၊ ကာလရှည်စီမံကိန်းများရေးဆွဲပြီးဆောင်ရွက်သွားကြရန် အထူးမှာကြားလိုကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးအမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ကိုထုတ်ပြန်ခဲ့သည်မှာ ၁၀ နှစ်ကျော်ပြီဖြစ်သဖြင့် ပြန်လည်သုံးသပ်ကာခေတ်နှင့်လျော်ညီပြီးပိုမိုခိုင်မာသည့် လူမှုကာကွယ်စောင့်ရှောက်ရေးစနစ်တစ်ရပ် တည်ဆောက်သွားရန်  လိုအပ်ကြောင်း။

လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများသည် အစိုးရတစ်ရပ်အနေဖြင့် မဖြစ်မနေဆောင်ရွက်ပေးရမည့် လုပ်ငန်းရပ်များဖြစ်သကဲ့သို့ ပြည်သူလူထုကိုအမှန်တကယ် တိုက်ရိုက်အကျိုးပြုသည့် လုပ်ငန်းများလည်းဖြစ်ကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးသည် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးရုံသာမကနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူပြုပြီးအရေးပါသည့် ရင်းနှီးမြှုပ်နှံမှုတစ်ခုလည်းဖြစ်ကြောင်း၊ ထို့ကြောင့် မည်သူတစ်ဦးတစ်ယောက်မျှ နောက်ကျမကျန်စေရဆိုသည့် ရည်မှန်းချက်ဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးစနစ်များပိုမိုအားကောင်းလာစေရေးအတွက် တက်ရောက်လာကြသူများအနေဖြင့် သက်ဆိုင်ရာကဏ္ဍများအလိုက် ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် နည်းလမ်းများကိုသုံးသပ်အကြံပြုဝိုင်းဝန်းဆွေးနွေးသွားကြရန် တိုက်တွန်းလိုကြောင်းပြောကြားသည်။

ထို့နောက်လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီဒုတိယဥက္ကဋ္ဌလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းကလူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကိုလည်းကောင်း၊ကော်မတီအတွင်းရေးမှူးဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ကယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ်  ဆောင်ရွက်ပြီးစီးမှုအခြေအနေများကိုလည်းကောင်းရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တက်ရောက်လာကြသူများက လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကိုရှင်းလင်းတင်ပြကြရာကော်မတီဥက္ကဋ္ဌဒုတိယသမ္မတကဖြည့်စွက်ဆွေးနွေးပြီးလိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး၍နိဂုံးချုပ်အမှာစကားပြောကြားကာအစည်းအဝေးကိုရုပ်သိမ်းလိုက်သည်။  (သတင်းစဉ်) 


 

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Justin Bradyဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း မူးယစ်ဆေးဝါးသုံးစွဲမှုဖြတ်ပြီးသူများအတွက် စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၆)သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ပြည်ခရိုင်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ခရိုင်ရုံးများ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် လက်နက်ကိုင်ပဋိက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Barnaby Jonesအားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ် အသိပညာပေးခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

MOS

DSW

DDM

DOR