ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏နှစ်(၈၀)ပြည့်အထိမ်းအမှတ်အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းတက်ရောက်၍အမှာစကားပြောကြားပါသည်။

ပြည်ထောင်စုဝန်ကြီးက ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနသည် ဘေးအန္တရာယ် ကြုံတွေ့ခံစားရသူများကိုကူညီဖြည့်ဆည်းထောက်ပံ့မှုပြုရသော ဌာနတစ်ခုအနေဖြင့် ၁၉၄၅ခုနှစ်မှ  စတင်ခဲ့သည်မှာနှစ်ပေါင်း(၈၀)ပြည့်မြောက်ခဲ့ပြီဖြစ်ပါကြောင်း၊ ဆယ်စုနှစ်၈ခုတာ ကာလအတွင်းဘေးသင့်သူများ လတ်တလောသက်သာချောင်ချိရေး၊ ဘေးအန္တရာယ်များကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများလျော့နည်းစေရေးနှင့်ဘေးဒဏ်ကြံ့ကြံ့ခံနိုင်သည့်နိုင်ငံဖြစ်လာစေရေးအတွက်တစ်စိုက်မတ်မတ်ကြိုးပမ်းဆောင်ရွက်နေသည်ကို တွေ့မြင်ရပါကြောင်း၊ ယခုဆိုလျှင် ဦးစီးဌာနသည် ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းတွင်အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူးရုံးအဖြစ်လည်းကောင်း၊ အာဆီယံဒေသတွင်းနှင့် ကမ္ဘာလုံး ဆိုင်ရာဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့အစည်းများနှင့်ချိတ်ဆက်သည့် မြန်မာနိုင်ငံဆိုင်ရာ ဗဟိုချက်ဌာနတစ်ခုအဖြစ်လည်းကောင်းဆောင်ရွက်လျက်ရှိနေပါကြောင်း၊ရှေ့တွင်တာဝန်ထမ်းဆောင်ခဲ့ကြသည့်အငြိမ်းစားဝန်ထမ်းဟောင်းကြီးများ၏တာဝန်ထမ်းဆောင်ခဲ့မှုများကိုလေးစားအသိအမှတ်ပြုသကဲ့သို့ လက်ရှိတာဝန်ထမ်းဆောင်နေကြသည့်အရာထမ်း၊ အမှုထမ်းများ၏ တာဝန်ကျေပွန်မှု၊ ဌာန၏ လုပ်ငန်းများအပေါ်စေတနာထားဆောင်ရွက်မှုများအတွက်လည်း ဂုဏ်ယူပါကြောင်း၊ မျိုးဆက်သစ်ဝန်ထမ်းများအနေဖြင့်ဦးစီးဌာန၏ လုပ်ငန်းတာဝန်များကို ယခုထက်ပိုမိုအရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့်အငြိမ်းစားဝန်ထမ်း ဟောင်းကြီးများ ကြိုးပမ်းဆောင်ရွက်ခဲ့သည့်အစဉ်အလာကို ထိန်းသိမ်းရင်း ဦးစီးဌာန၏ လုပ်ငန်းများကို ပိုမိုတိုးတက်အောင်မြင်စေရေး၊ ဝန်ကြီးဌာနအတွက် နိုင်ငံတော်အတွက် အထောက်အပံ့ကောင်းများပေးနိုင်သည့် ဦးစီးဌာနအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရေး ကြိုးစားကြရန်ပြောကြားခဲ့ပါသည်။

ဆက်လက်၍ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ကျေးဇူးတင်စကားပြောကြားပြီးနောက် ဦးစီးဌာနစတင်တည်ထောင်ချိန်မှစ၍ နှစ်(၈၀)ပြည့် သည့်ကာလအတွင်း ခေတ်အဆက်ဆက်ပြောင်းလဲ တိုးတက်လာမှု မှတ်တမ်းတင်ဗီဒီယိုကို ပြသပါသည်။

ယင်းနောက်  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်အတူ တက်ရောက်လာသည့် အငြိမ်းစားဝန်ထမ်းဟောင်းကြီးများ၊ လက်ရှိ တာဝန်ထမ်းဆောင်လျက်ရှိသည့် မျိုးဆက်သစ် ဌာနဝန်ထမ်းများကို ညစာဖြင့် တည်ခင်း ဧည့်ခံခဲ့ကာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများကိုယ်တိုင် ပါဝင်တင်ဆက် ထားသည့် သဘာဝဘေးလျော့ပါးရေးဆိုင်ရာ အသိပညာပေးတေးသရုပ်ဖော်တင်ဆက် ကပြခြင်းနှင့် ဦးစီးဌာနဝန်ထမ်းများက တေးသီချင်းများဖြင့် ပျော်ရွှင်စွာ သီဆိုဖျော်ဖြေခဲ့ ကြပါသည်။  သီဆိုဖျော်ဖြေခဲ့ကြသောဝန်ထမ်းများအား ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးက ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်းနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ နှစ်(၈၀)ပြည့် အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှုးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများနှင့်အတူ ဖိတ်ကြားထားသည့် ဦးစီးဌာန အငြိမ်းစားဝန်ထမ်းများ အပါအဝင် (၂၈၀)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

(၁၂)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် (၈)ကြိမ်မြောက် အာဆီယံ+၃လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးများကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိရေဘေးရှောင်ပြည်သူများအားတွေ့ဆုံအားပေးထောက်ပံ့မှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ပြည်ထောင်စုနယ်မြေ၊တပ်ကုန်းမြို့အတွင်းရှိ ရေကြီးရေလျှံဖြစ်ပွားသော နေရာများသို့ ကွင်းဆင်းထောက်ပံ့
(၃)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာထူးချွန်ဆု (3rd ASEAN Outstanding Social Welfare and Development Award-AOSWADA) ဆုပေးပွဲအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက်ခြင်း
(၁၂) ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ(12th ASEAN Ministerial Meeting on Social Welfare and Development(AMMSWD)and Related Meetings)ကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူMr. Jaime NadalRoigအားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဌာနလုပ်ငန်းရပ်များအား ကြည့်ရှုစစ်ဆေးခြင်း

MOS

DSW

DDM

DOR