ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းတို့နှင့်အတူ တပ်ကုန်းမြို့နယ်၊ အေးချမ်းသာစံပြကျေးရွာတွင် ကျင်းပပြုလုပ်သည့် လေပြင်းဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ အားဖြည့်ဆောင်ရွက်ခြင်း လုပ်ငန်းစီမံချက်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။

ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် နွေကြိုကာလ၊ မိုးကြိုကာလ၊ မိုးကာလများတွင် လေပြင်းတိုက်ခတ်မှုများကြောင့် နိုင်ငံအဝှမ်း လူနေအိမ်အဆောက်အဦများ အမိုးလန်ခြင်း၊ ယိုင်လဲခြင်း၊ ပြိုကျခြင်းများကို နှစ်စဉ်တွေ့ကြုံရလေ့ ရှိပါကြောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ထိ ၉ နှစ်တာအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပေါင်း ၂ သိန်းကျော် ထိခိုက်ပျက်စီးခဲ့ရကြောင်း၊ နှစ်စဉ်ထိုသို့ ထိခိုက်ပျက်စီးမှုများကို လျှော့ချနိုင်ရန် နေအိမ်များအားဖြည့် မွမ်းမံပြင်ဆင်မှု အသိပညာပေး ဆောင်ရွက်ခြင်းကို ဝန်ကြီးဌာနအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေး နှစ်မှ စတင်၍ လေပြင်းဒဏ်ခံရမှု များပြားသော တိုင်းဒေသကြီး/ပြည်နယ်များတွင် နမူနာပြ အသိ ပညာပေး ဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့် အားဖြည့်မွမ်းမံပြင် ဆင်ခြင်းလုပ်ငန်းစီမံချက်ဖွင့်ပွဲအခမ်းအနားသည် ၂၀၂၆ ခုနှစ်နွေကြိုကာလ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် တိုင်းဒေသကြီး/ပြည်နယ် (၉) ခုတွင် ဆောင်ရွက်မှုအတွက် စီမံချက်စတင်ခြင်း အခမ်း အနားဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် အားဖြည့်ပြင်ဆင်ဆောင်ရွက်ရန် လိုအပ် သည့် နိုင်ငံတော်က ထောက်ပံ့ကူညီမှုပြုပေးရမည့် နေအိမ်များကို ဒေသအုပ်ချုပ်ရေးအဖွဲ့များ၊ လူမှု ရေးအသင်းအဖွဲ့များနှင့် ရွေးချယ်၍ နမူနာပြဆောင်ရွက်မှုဖြစ်ပါကြောင်း၊ ပြည်သူများအနေဖြင့် ရာသီ ကာလအလျောက် ဒေသအလိုက် ဖြစ်ပွားနိုင်သည့် သဘာဝဘေးအန္တရာယ်များကို မပြတ်သတိပြု၍ ထိခိုက်ဆုံးရှုံးမှု လျော့နည်းစေနိုင်သည့် စီမံမှုများကို သိရှိကြရန်နှင့် မိမိတို့ကိုယ်တိုင် စဉ်ဆက်မပြတ် လိုက်နာဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ နေအိမ်များ အားဖြည့်မွမ်းမံပြင်ဆင်မှု၊ နမူနာပြ ဆောင်ရွက်ခြင်းနှင့်အတူ လေပြင်းဘေးထိခိုက်မှု လျော့နည်းစေနိုင်သည့် ဆောင်ရန်၊ ရှောင်ရန်အချက်များနှင့်စပ်လျဉ်းသည့် ပြည်သူလူထု အသိပညာပေးခြင်းလုပ်ငန်းများကို တစ်ပါတည်း ဆောင်ရွက်ခြင်းဖြင့် လေပြင်းဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုလျော့ကျရေးကို ထိရောက်စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းတို့ကို ပြောကြားပါသည်။

ယင်းနောက် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ်စု၊ ကလွင်ရွာမ ရပ်ကွက်တွင် နေအိမ်များ အားဖြည့်မွမ်းမံပြင်ဆင်ခြင်း လက်တွေ့ဆောင်ရွက်နေမှု၊ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ကိုင်းချောင်းကျေးရွာအုပ်စု၊ မန်ကျည်းတောကျေးရွာ၌ နေအိမ်များ အားဖြည့်မွမ်းမံပြင်ဆင်ခြင်း လက်တွေ့ဆောင်ရွက်နေမှု၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ပြည်တော်သာတောင်ရပ်ကွက်၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေးအသိပညာပေး လိုက်လံ နှိုးဆော်မှုနှင့် လက်ကမ်းစာစောင်များဖြန့်ဝေနေမှု၊ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရပ်ကွက်(၁၈)၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်နေမှုတို့ကိုOnlineမှ ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားပါသည်။ ထို့နောက် အေးချမ်းသာစံပြကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက လေပြင်းဘေး ကြိုတင်ကာကွယ်ရေးအတွက် အားဖြည့်ဆောင်ရွက်ပေးမှုနှင့် စပ်လျဉ်း၍ ကျေးဇူးတင်စကားပြောကြားပြီးနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် နေပြည်တော်ကောင်စီဝင်တို့မှ တစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်း များကိုပြည်သူများသို့ပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့၊ အေးချမ်းသာစံပြကျေးရွာ၌ နေအိမ်များအားဖြည့်မွမ်းမံပြင်ဆင်နေမှုကို လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့(International Organization for Migration - IOM) ရုံးချုပ်၏ Operationsဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Ugochi DANIELS ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ
အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ အစောပိုင်းပြန်လည်ထူထောင်ရေး သင်တန်းအဆင့်- ၂ (ASEAN-ERAT Level-2 Course on Early Recovery) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်ဖွင့်လှစ်

MOS

DSW

DDM

DOR