ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်အတွက် ရှမ်းပြည်နယ်အတွင်းရှိ အသက်၈၅နှစ်နှင့်အထက်သက်ကြီးပုဂ္ဂိုလ်များအား လူမှုရေးပင်စင်၊ ကိုယ်ဝန်ဆောင်မိခင်များနှင့်၎င်းတို့မှ မွေးဖွားသော ကလးသူငယ်များနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအတွက် ထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနားကိုယနေ့နံနက်ပိုင်းတွင်ရှမ်းပြည်နယ်၊တောင်ကြီးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ကျင်းပရာလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့်ဧည့်သည်တော်များ၊ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင်ပြည်ထောင်စုဝန်ကြီးကသက်ကြီးပုဂ္ဂိုလ်များအတွက် အထောက်အပံ့ဖြစ်နိုင်စေရေးနှင့်၎င်းတို့အားလေးစားတန်ဖိုးထားခြင်းအားဖြင့်နိုင်ငံ‌တော်အစိုးရကထောက်ပံ့သည့် လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်အဖြစ် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ထောက်ပံ့ကြေးများကို ၆ လစာ တစ်စုတစ်စည်းတည်းပေးအပ်ခြင်းဖြစ်ကြောင်း၊ထို့ပြင် ရပ်ရွာအတွင်းလူမှုရေးလိုအပ်ချက်များအပေါ်မူတည်ပြီးစေတနာကိုအရင်းခံ၍တည်ထောင်ဖွင့်လှစ်ဆောင်ရွက်နေကြသောကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ၊လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာများ၊ အမျိုးသမီးဂေဟာများ၊ မသန်စွမ်းဂေဟာများနဲ့ ဘိုးဘွားရိပ်သာများအတွက်နိုင်ငံတော်အနေဖြင့်ထောက်ပံ့ခြင်းဖြစ်ကြောင်း၊ဂေဟာ/ရိပ်သာများအနေဖြင့်ဘဏ္ဍာရေးစည်းမျဉ်းများ၊စံလုပ်ငန်းလမ်းညွှန်များနှင့်အညီဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ရှမ်းပြည်နယ်အတွင်းရှိ အသက်၈၅နှစ်နှင့်အထက်သက်ကြီးပုဂ္ဂိုလ်များအတွက်လူမှုရေးပင်စင်ထောက်ပံ့ငွေ၊ကိုယ်ဝန်ဆောင်မိခင်များနှင့်၎င်းတို့မှမွေးဖွားလာသောအသက် (၂)နှစ်အောက်ကလေးများထောက်ပံ့ငွေများ၊စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ များအတွက်ထောက်ပံ့ငွေ ကျပ် ၃၄၉၃ ဒသမ၅၄၂သန်းကိုရှမ်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံ ပေးအပ်ခဲ့ပါသည်။

ယင်းနောက်ရှမ်းပြည်နယ်အတွင်းရှိ အသက်၈၅နှစ်နှင့်အထက်လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသူသက်ကြီးပုဂ္ဂိုလ်၅၀၂၇ဦးအတွက်လူမှုရေးပင်စင်ထောက်ပံ့ကြေးငွေကျပ်၂၉၃.၁၃၀သန်းကိုပြည်ထောင်စုဝန်ကြီးကလည်းကောင်း၊ကိုယ်ဝန်ဆောင်မိခင်၁၀၆၄၂ဦးနှင့်၎င်းတို့မှမွေးဖွားလာသောအသက် (၂)နှစ်အောက်ကလေး၁၈၄၈၄ဦးစုစုပေါင်း၂၉၁၂၆ဦးအတွက်၂၇၁၅ဒသမ၇၀၅သန်းနှင့်စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့်ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းတို့အတွက်ထောက်ပံ့ကြေးကျပ် ၄၈၄ဒသမ၇၀၇သန်း၊ကိုရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ကလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြပြီးစေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

ယနေ့အခမ်းအနားတွင်ရှမ်းပြည်နယ်အတွင်းရှိအသက်၈၅နှစ်နှင့်အထက်သက်ကြီးပုဂ္ဂိုလ်များအတွက်လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသူ၅၀၂၇ဦး၊ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂)နှစ်အောက်ကလေး ၂၉၁၂၆ ဦးနှင့်စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများကစောင့်ရှောက်ထားသူ၃၃၂၄ဦးစုစုပေါင်း၃၇၄၇၇ဦးအတွက်ထောက်ပံ့ငွေစုစုပေါင်းငွေကျပ်၃၄၉၃ဒသမ၅၄၂သန်းထောက်ပံ့ပေးခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည်  တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်၊ နယ်မြေ(၆)၊ ဒေါနလမ်းရှိ ရှမ်းရိုးမ ဘိုးဘွားရိပ်သာသို့ သွားရောက်ခဲ့ပြီးဘိုးဘွားများအားပြုစုစောင့်ရှောက်သူများအနေဖြင့်လည်းသက်ကြီးများ၏သဘောသဘာဝကိုသိရှိနားလည်ပြီးပြုစုစောင့်ရှောက်ပေးရန်လိုအပ်ပါကြောင်း၊မိမိတို့ဝန်ကြီးဌာနကဖွင့်လှစ်လျက်ရှိသည့် care giver သင်တန်းကိုလည်းအဆင်ပြေသည့်အချိန်တွင်တက်ရောက်ပေးစေချင်ပါကြောင်း၊ဘိုးဘွားများအားသက်ရှည်ကျန်းမာသည့်ဘဝရရှိနိုင်စေရန်နှင့်သက်ကြီးများနှင့်သင့်လျော်သည့်ပတ်ဝန်းကျင်ကိုလည်းဖန်တီးပေးရန်လိုအပ်ပါကြောင်းရိပ်သာရှိတာဝန်ရှိသူများကိုပြောကြားခဲ့ပါသည်။

ထို့နောက်ဘိုးဘွားများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီးဘိုးဘွားများအတွက်Ageing Dignity Kits များနှင့်စားစရိတ်တို့ကိုတာဝန်ရှိသူများထံထောက်ပံ့ပေးအပ်ခဲ့ပါသည်။ရှမ်းရိုးမဘိုးဘွားရိပ်သာတွင်အဘိုး၅ဦး၊အဘွား၁၇ဦးစုစုပေါင်း၂၂ဦးစောင့်ရှောက်လျက်ရှိကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ လယ်ဝေးမြို့နယ်အတွင်းရှိ အသင့်တပ်ဆင်ကျေးလက်ကျန်းမာရေးဆေးခန်း အဆောက်အဦနှင့် စာသင်ဆောင် ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေး
“ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေး(TOT)သင်တန်း”ဖွင့်ပွဲအခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ကင်ပွန်းတန်းကျေးရွာ၊ အာဟာရသုခဈေးမီးလောင်မှုကွင်းဆင်းထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ လေပြင်းဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ အားဖြည့်ဆောင်ရွက်မှု လုပ်ငန်းစီမံချက်ဖွင့်ပွဲအခမ်းအနားတက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ ဒေါက်တာသန်းစိုးသည် နေပြည်တော်ကောင်စီဝင်များနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏမြို့နယ်များရှိ ကျေးရွာများအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကအေးငြိမ်းချမ်းသာဂိလာနဘိုးဘွားရိပ်သာ၊ပျဉ်းမနားဘိုးဘွားရိပ်သာ၊ကရုဏာကမ္ဘာဘိုးဘွားရိပ်သာတို့မှသက်ကြီးပုဂ္ဂိုလ်များအားထောက်ပံ့မှုသွားရောက်ဆောင်ရွက်

MOS

DSW

DDM

DOR