ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးစိုးကြည်သည်ဇူလိုင်လ(၂၆)ရက် နံနက်ပိုင်းတွင် မကွေးမြို့သို့ သွားရောက်ကာတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီးနှင့်အတူ လူမှုဝန်ထမ်းဦးစီးဌာန၊ မကွေးမြို့ မူလတန်းကြိုကျောင်းအား ကြည့်ရှုစစ်ဆေးပြီး ကလေးငယ်များအား ငယ်စဉ်ကပင် စိတ်ဓါတ်၊ စည်းကမ်းကောင်းမွန်သော အလေ့အကျင့်များပြုစုပျိုးထောင်ပေးရေး၊  သင်ကြားနည်းစနစ်များနှင့်အညီ သင်ကြားပေးရေးတို့ကိုမှာကြားကာ ကလေးငယ်များအား မုန့်နှင့်ပဲနို့များပေးဝေခဲ့ပါသည်။

ယင်းနောက် မကွေးမြို့၊ မြင်းကင်းဘုန်းတော်ကြီးကျောင်းတွင် မကွေးမြို့နယ်အတွင်းရှိ  ရေဘေးသင့်ပြည်သူ(၈၄၇၃)ဦးအတွက် ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပြီး ရေဘေးသင့်ပြည်သူများ ကိုတွေ့ဆုံအားပေးစကားပြောကြားခဲ့ပါသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီးနှင့်အတူ မင်းဘူးမြို့သို့သွားရောက်ကာ မင်းဘူးမြို့၊ မှန်ကင်းဘုန်းတော်ကြီးကျောင်းတွင် မင်းဘူးမြို့နယ်အတွင်းရှိရေဘေးသင့်ပြည်သူ(၉၀၀၇)ဦးအတွက် ဆန်ရိက္ခာဖိုးငွေထောက်ပံ့၍ အားပေးစကားပြောကြားပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် မကွေးမြို့၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံနှင့် တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ရောက်ရှိပြီး ကယ်ဆယ်ရေးပစ္စည်းများစနစ်တကျသိုလှောင်ထားရှိမှု၊ ထောက်ပံ့ရေးနှင့်အသိပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကိုစစ်ဆေးကြည့်ရှုပြီး ပစ္စည်းများလေလွင့်ဆုံးရှုံးမှုမရှိစေရေး၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထောက်ပံ့နိုင်ရေး၊ အသိပညာပေးမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေးတို့ကို မှာကြားပါသည်။

ဒုတိယဝန်ကြီးသည် မကွေးမြို့၊ ကလေးပြုစုရေးဌာနသို့ ဆက်လက်သွားရောက်ပြီး ကလေးများ ပြုစုထားရှိမှုအခြေအနေ၊ ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေများကို ကြည့်ရှုကာ စားဖိုဆောင်သန့်ရှင်းမှုရှိရေး၊ အာဟာရပြည့်ဝသောအစားအစာများ ချက်ပြုတ်ကျွေးမွေးရေးတို့ကို အထူးဂရုပြုရန်မှာကြားခဲ့ပြီး ကလေးငယ်များအတွက် အာဟာရမုန့်များနှင့် အရုပ်များပေးဝေခဲ့ပါသည်။၎င်းနောက် မကွေးမြို့၊ မူလတန်းကြိုကျောင်းတွင် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှဝန်ထမ်းများနှင့်တွေ့ဆုံကာနိုင်ငံတော်အကြီးအကဲ၏လမ်းညွန်ချက်များ၊ လတ်တလော ဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများကို ရှင်းလင်းပြောကြားပြီး  ဝန်ကြီးဌာနမူဝါဒများနှင့်အညီ ဦးစီးဌာနအလိုက်လုပ်ငန်းများကိုစနစ်တကျအကောင်အထည်ဖေါ်ဆောင်ရွက်ကြရန်၊ လုပ်ငန်းခွင်အတွင်း ဝန်ထမ်းများစည်းလုံးညီညွတ်စွာဖြင့် မိမိတို့တာဝန်များကို ကြိုးပမ်းထမ်းဆောင်ကြရန်တို့ကိုမှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

ဇူလိုင်လ(၂၇)ရက်နေ့၊ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် မကွေးမြို့မှ ရေနံချောင်းမြို့သို့ သွားရောက်ပြီး ရေနံချောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ရေနံချောင်းမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူ (၈၆၃) ဦးအတွက် ဆန်ရိက္ခာဖိုးနှင့် ရေနံချောင်းမြို့နယ်၊ မိန်းမလှကျွန်းကျေးရွာနှင့် မန်မြေရွာသစ်ကျေးရွာ ကမ်းပါးပြိုဘေးသင့် အိမ်ခြေ(၅၅)လုံး အတွက် ထောက်ပံ့ငွေတို့ကိုပေးအပ်ပြီး ဘေးသင့်ပြည်သူများကို အားပေးစကားပြောကြားခဲ့ပါ သည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် မကွေးမြို့၊ မင်းဘူးမြို့၊ ရေနံချောင်းမြို့အပါအဝင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများ အတွက် ထောက်ပံ့ငွေနှင့် ပစ္စည်းတန်ဖိုး စုစုပေါင်း ငွေကျပ်(၁၅၅.၂၃၉)သန်းကျော် ထောက်ပံ့ပေး အပ်ထားပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပြွန်တန်ဆာမူလတန်းကြိုကျောင်းသစ်ဖွင့်ပွဲနှင့်ဘိုးဘွားရိပ်သာများအားထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနများမှ စခန်း/ဂေဟာများသို့ သွားရောက်တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပဲခူးတိုင်းဒေသကြီးတွင်ဖွင့်လှစ်သည့်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်း၌အမှာစကားပြောကြားကာမသန်စွမ်းထောက်ပံ့ကြေးများပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ် (UNOCHA) မှ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး (ASG/ DERC a.i) Mr. Indrika Ratwatte ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Justin Bradyဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR