ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ရာဂီမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားသော ရေကြီးရေလျှံမှုများကြောင့် ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံကိုယ်စား အရပ်ဘက်ကာကွယ်ရေး၊ အရေးပေါ်အခြေအနေနှင့် သဘာဝဘေးအန္တရာယ်သက်ရောက်မှုများ တိုက်ဖျက်ရေးဆိုင်ရာဝန်ကြီးဌာန၊စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန၊ ရုရှားနိုင်ငံနျူကလီးယားစွမ်းအင်ကော်ပိုရေးရှင်း (Rosatom)နှင့် Aquarius ကုမ္ပဏီများအုပ်စုတို့က လူသားချင်းစာနာထောက်ထားမှုအကူအညီပစ္စည်းများကို ရုရှားဖက်ဒရေးရှင်း နိုင်ငံမှ သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြင့် လာရောက်ပေးပို့ရာ နေပြည်တော်လေဆိပ်သို့  ယနေ့ နံနက်ပိုင်းတွင် ရောက်ရှိခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ကျင်းပခဲ့ရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာ-ရုရှား ချစ်ကြည် ရေးအသင်း ဥက္ကဋ္ဌ ဦးအောင်သော်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာနတို့မှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာရုရှားသံအမတ်ကြီးMr. Iskander Azizov နှင့်ရုရှားနိုင်ငံမှ အလှူရှင်အဖွဲ့အစည်းများကိုယ်စား တာဝန်ရှိသူတစ်ဦးတို့က လူသားချင်းစာနာထောက်ထားမှုအကူအညီပစ္စည်းများ လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းပြောကြားပြီးလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးကြည်က လှူဒါန်းမှုအပေါ် ကျေးဇူးတင်စကားပြန်လည်ပြောကြား၍ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ပါသည်။

တိုင်ဖွန်းရာဂီ၏သက်ရောက်မှုကြောင့် ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံဝန်ကြီးဌာနများနှင့် ကုမ္ပဏီများမှလူသားချင်းစာနာထောက်ထားမှုအကူအညီပစ္စည်းများ စုစုပေါင်းတန်ချိန်(၃၅)တန်ခန့်ပါဝင်ပြီး ရေဘေးသင့်ဒေသများသို့ အမြန်ဆုံးခွဲဝေပို့ဆောင်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

(၁၂)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် (၈)ကြိမ်မြောက် အာဆီယံ+၃လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးများကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိရေဘေးရှောင်ပြည်သူများအားတွေ့ဆုံအားပေးထောက်ပံ့မှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ပြည်ထောင်စုနယ်မြေ၊တပ်ကုန်းမြို့အတွင်းရှိ ရေကြီးရေလျှံဖြစ်ပွားသော နေရာများသို့ ကွင်းဆင်းထောက်ပံ့
(၃)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာထူးချွန်ဆု (3rd ASEAN Outstanding Social Welfare and Development Award-AOSWADA) ဆုပေးပွဲအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက်ခြင်း
(၁၂) ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ(12th ASEAN Ministerial Meeting on Social Welfare and Development(AMMSWD)and Related Meetings)ကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူMr. Jaime NadalRoigအားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဌာနလုပ်ငန်းရပ်များအား ကြည့်ရှုစစ်ဆေးခြင်း

MOS

DSW

DDM

DOR