ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

          နိုင်ငံတော်အစိုးရ၏ ပြည်သူအတွက် အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းများအနက်  ပြည်ထောင်စုနယ်မြေ၊နေပြည်တော်အတွင်းရှိ လူမှုရေးပင်စင်အစီအစဉ်တွင် အကျိုးခံစားခွင့်ရှိသူ သက်ကြီးပုဂ္ဂိုလ်များအား သက်ကြီးရွယ်အို သက်သေခံကတ်ပြားများ ထုတ်ပေးခြင်းကို ဇမ္ဗူသီရိမြို့နယ်၊ အောင်ဇမ္ဗူရပ်ကွက်ဓမ္မာရုံနှင့် ပျဉ်းမနားမြို့နယ်၊ တပ်တွင်းဓမ္မာရုံတို့၌ ဆောင်ရွက်ခဲ့ရာလူမှုဝန်ထမ်း၊ကယ်ဆယ်‌ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ကွင်းဆင်းပေးအပ်ခဲ့ပါသည်။

          ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်၊ အောင်ဇမ္ဗူရပ်ကွက်ဓမ္မာရုံ၌ အောင်ဇမ္ဗူရပ်ကွက်အတွင်းရှိ သက်ကြီးပုဂ္ဂိုလ်များအနက်မှ(၂၅)ဦးကိုလည်းကောင်း၊ ပျဉ်းမနားမြို့နယ်၊တပ်တွင်းဓမ္မာရုံ၌ မင်္ဂလာရပ်ကွက်အတွင်းရှိသက်ကြီးပုဂ္ဂိုလ်များအနက်မှ သက်ကြီးပုဂ္ဂိုလ်(၂၀)ဦးနှင့်ရွှေချီရပ်ကွက်အတွင်းရှိ သက်ကြီးပုဂ္ဂိုလ်များအနက်မှသက်ကြီးပုဂ္ဂိုလ်(၃၀)ဦး၊ စုစုပေါင်း(၇၅)ဦးတို့အားသက်ကြီးရွယ်အိုသက်သေခံကတ်ပြားများနှင့် အာဟာရဖြည့်စွက်စာများပေးအပ်ခဲ့ပါသည်။

          သက်ကြီးရွယ်အို သက်သေခံကတ်ပြားရရှိသော သက်ကြီးပုဂ္ဂိုလ်များအနေဖြင့် ရထား လက်မှတ် ဝယ်ယူရာ၌  ကျသင့်လက်မှတ်ခ၏ ၅၀ % အား လျော့ပေါ့ခံစားခွင့်၊  အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းပိုင် ရုပ်ရှင်၊ ဇာတ်သဘင်၊ အငြိမ့်၊ သီဆိုပွဲ၊ ပြဇာတ်၊ ပန်းချီ၊ ပန်းပု စသည့် နိုင်ငံပိုင် ဖျော်ဖြေရေးဝန်ဆောင်မှုများတွင် ဝင်ကြေးအနည်းဆုံး  ၅၀ % လျှော့ပေါ့ ခံစားခွင့်၊  အမျိုးသားပြတိုက်သို့ ဝင်ရောက်ပါက ဝင်ကြေးကင်းလွတ်ခြင်း ခံစားခွင့်၊သက်ကြီးပုဂ္ဂိုလ်များ ကွယ်လွန်ခဲ့ပါက သင်္ဂြိုလ်စရိတ် ကင်းလွတ်ခွင့်ရရှိမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့(International Organization for Migration - IOM) ရုံးချုပ်၏ Operationsဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Ugochi DANIELS ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ
အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ အစောပိုင်းပြန်လည်ထူထောင်ရေး သင်တန်းအဆင့်- ၂ (ASEAN-ERAT Level-2 Course on Early Recovery) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်ဖွင့်လှစ်

MOS

DSW

DDM

DOR