ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများလိုက်ပါလျက် ၂-၉-၂၀၂၅ ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင်  မန္တလေးမြို့ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်၌  ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် ပညာရေး၊ ကျန်းမာရေးကဏ္ဍနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲ၊ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြပါသည်။

ဖွင့်ပွဲအခမ်းအနားတွင်  ပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာ၌ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုသည်မှာအရေးပေါ်တုံ့ပြန်ရေး၊ ပြန်လည်ထူထောင်ရေး၊ ပြန်လည်တည်ဆောက်ရေး၊ ကြိုတင်ပြင်ဆင်ရေး၊ လျော့ပါးစေရေး ဟူသည့်ဘေးအန္တရာယ်စီမံခန့်ခွဲမှုစက်ဝန်း (Disaster Management Cycle) ပါ လုပ်ငန်းရပ်များကိုသက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများအလိုက်၊ သက်ဆိုင်ရာနယ်မြေဒေသအစိုးရအဖွဲ့များအလိုက် စနစ်တကျဖြင့် ဘေးမဖြစ်ပွားမီ၊ ဘေးဖြစ်ပွားဆဲ၊ ဘေးဖြစ်ပွားပြီးစသည့် ကာလများပိုင်းခြား၊ စီမံခန့်ခွဲလုပ်ကိုင်ဆောင်ရွက်ရသည့် စီမံခန့်ခွဲမှု လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါကြောင်း၊ဘေးအန္တရာယ်များကြောင့် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများအပေါ် ဆိုးကျိုးသက်ရောက်မှုများကိုလျှော့ချပြီး ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြင့်တုံ့ပြန်‌ ဆောင်ရွက်နိုင်ရန်၊ သဘာဝဘေးအန္တရာယ်များမှ ကြံ့ကြံ့ခံနိုင်သောပညာရေးနှင့် ကျန်းမာရေးကဏ္ဍဖြစ်ထွန်းပေါ်ပေါက်စေရန်သက်ဆိုင်ရာကဏ္ဍများအလိုက် ပါဝင်ပတ်သက်သူများ၊ အဖွဲ့အစည်းများ၊ ပြည်သူများအားလုံး ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ ယခုကဲ့သို့ အသိ ပညာပေးစကားဝိုင်းဆွေးနွေးပွဲများ ကျင်းပရခြင်းဖြစ်ကြောင်းပြောကြားပါသည်။

ယင်းနောက်ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်းသို့ သွားရောက်ပြီး သင်တန်းသူများအား မြန်မာ့ရိုးရာမုန့်လုပ်နည်းသင်တန်း၊ စက်ချုပ်သင်တန်း၊ ဆပ်ပြာရည်ပြုလုပ်နည်းသင်တန်းအစရှိသည့် လက်မှုပညာရပ်များဖြင့်ကျောင်းပြင်ပ၊ ပညာရေးသင်ကြားပေးနေမှုများကို ကြည့်ရှု၍ သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည်မသန်စွမ်းသက်ငယ်သင်တန်းကျောင်းသို့ သွား ရောက်ကာ ကလေးများအား ဘာသာစကားသင်ကြားနေမှု၊ လက်မှုပညာသင်ကြားနေမှုများကို ကြည့်ရှုပြီး သင်တန်းသား၊ သင်တန်းသူ ထမင်းစားဆောင်၊ မီးဖိုဆောင်တို့အား လိုက်လံစစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် မန္တလေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အသက် ၈၅နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များအား လူမှုရေးပင်စင်ထောက်ပံ့ခြင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ငွေပေးအပ်ခြင်း နှင့် တိုင်းဒေသကြီးအတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရံပုံငွေမှထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြ ပါသည်။

အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာမှာ သက်ကြီးပုဂ္ဂိုလ်များအတွက် အထောက်အပံ့ဖြစ်နိုင်စေ ရေးနှင့်၎င်းတို့အားလေးစားတန်ဖိုးထားသောအားဖြင့် အစိုးရကထောက်ပံ့သည့် လူမှုကာကွယ် စောင့်ရှောက်ရေး အစီအစဉ်အဖြစ် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ထောက်ပံ့ကြေးများ ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် လူမှုရေးအကူအညီ လိုအပ်နေသူများအတွက် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၏ အင်အားကိုရယူပြီး နှစ်စဉ်ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းစဉ်များချမှတ်ကာ စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အဆိုပါလုပ်ငန်းများတွင်ရပ်ရွာအတွင်းလူမှုရေးလိုအပ်ချက်များအပေါ်မူတည်ပြီး စေတနာကို အရင်းခံ၍ တည်ထောင်ဖွင့်လှစ်ပါဝင်ဆောင်ရွက်နေကြသောကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ၊ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာများ၊ အမျိုးသမီးဂေဟာများ၊ မသန်စွမ်းဂေဟာများ နှင့် ဘိုးဘွားရိပ်သာများကို နိုင်ငံတော်အနေဖြင့် တစ်ဖက်တစ်လမ်းမှ ထောက်ပံ့ခြင်းဖြစ်ပါကြောင်း၊ ဂေဟာ/ရိပ်သာများအနေဖြင့်ဘဏ္ဍာရေးစည်းမျဉ်းများ၊ စံလုပ်ငန်းလမ်းညွှန်များနှင့်အညီ ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိအသက် ၈၅ နှစ်နှင့်အထက် လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသူသက်ကြီးပုဂ္ဂိုလ် ၁၈,၆၉၉ ဦး အတွက် လူမှုရေးပင်စင် ထောက်ပံ့ကြေးကျပ် ၁၁၀၀.၀၇၀ သန်းနှင့် စေတနာ့ဝန်ထမ်းအဖွဲ့ အစည်း ဂေဟာ/ရိပ်သာ စုစုပေါင်း ၂၈ ခုနှင့် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း ၄၇ ကျောင်းတို့အတွက် ထောက်ပံ့ကြေးကျပ် ၂၈၇.၀၉၃ သန်း၊ တိုင်းဒေသကြီးအတွင်းရှိ တိုက်ပွဲရှောင်ပြည်သူ ဦးရေ ၄၇၈၅၁ ဦးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရံပုံငွေမှ ဧပြီလ၊ မေလနှင့် ဇွန်လအတွက်ထောက်ပံ့ငွေကျပ် ၂၈၇၁.၀၆ သန်း၊ စုစုပေါင်းငွေကျပ် ၄၂၅၈.၂၂၃ သန်းကို မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

ယင်းနောက်ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ကမ္ဘောဇဖောင်ဒေးရှင်းကKBZ Center ၌ ပြည်သူများအားအခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးနေမှုလုပ်ငန်းများကိုကြည့်ရှုအားပေးခဲ့ကြောင်းသတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည့်လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေးကျင်းပသည့် သတင်းစဉ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်တို့ပညာရေး၊ ကျန်းမာရေးကဏ္ဍနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနား၊ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားများသို့ တက်ရောက်
(၁၂)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် (၈)ကြိမ်မြောက် အာဆီယံ+၃လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးများကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိရေဘေးရှောင်ပြည်သူများအားတွေ့ဆုံအားပေးထောက်ပံ့မှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ပြည်ထောင်စုနယ်မြေ၊တပ်ကုန်းမြို့အတွင်းရှိ ရေကြီးရေလျှံဖြစ်ပွားသော နေရာများသို့ ကွင်းဆင်းထောက်ပံ့
(၃)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာထူးချွန်ဆု (3rd ASEAN Outstanding Social Welfare and Development Award-AOSWADA) ဆုပေးပွဲအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက်ခြင်း
(၁၂) ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ(12th ASEAN Ministerial Meeting on Social Welfare and Development(AMMSWD)and Related Meetings)ကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူMr. Jaime NadalRoigအားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဌာနလုပ်ငန်းရပ်များအား ကြည့်ရှုစစ်ဆေးခြင်း

MOS

DSW

DDM

DOR