ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ Myanmar Royal Fortune ကုမ္ပဏီနှင့် Myanmar Royal  Golden Elephant Medical Device ကုမ္ပဏီတို့က အနွေးထည် (၄၀၀၀)ထည်ကို ယနေ့နံနက်ပိုင်းတွင် လာရောက်ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး  ဒေါက်တာသက်သက်ခိုင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။  

ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကားပြန်လည်ပြောကြားရာတွင် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် လူ့ဂုဏ်သိက္ခာအပြည့်အဝရရှိနိုင်မည့် လူ့အသိုက်အဝန်းပေါ်ပေါက်လာစေရေးနှင့် အားလုံးအကျုံးဝင်ပြီး ရေရှည်တည်တံ့သည့် လူမှုကာကွယ်စောင့်ရှောက်ရေးနည်းလမ်းများဖြင့် ပြည်သူလူထု လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်စေရေးမူဝါဒကို ချမှတ်ဆောင်ရွက်နေသည့် ဌာနတစ်ခု ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအောက်တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနဟူ၍ ဦးစီးဌာန ()ခုရှိသည့်အနက် လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ကိုယ်ဝန်ဆောင်မိခင်မှစ၍ ကလေးသူငယ်၊ လူငယ်၊ အမျိုးသမီး၊ မသန်စွမ်းအပါအဝင် သက်ကြီးရွယ်အိုအထိ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာအနေဖြင့် ဘေးအန္တရာယ် မကျရောက်မီ ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ကာကွယ်ခြင်း၊ ဘေးအန္တရာယ် အမျိုးမျိုးကြောင့် ထိခိုက်ခံစားရတဲ့ပြည်သူများ လတ်တလော သက်သာချောင်ချိမှုရရှိစေရေး ထောက်ပံ့ပေးခြင်း၊ ဘေးသင့်ပြည်သူများအတွက် အချိန်နှင့်တပြေးညီ ထောက်ပံ့ပေးနိုင်ရေး ကယ်ဆယ်ထောက်ပံ့ရေး ပစ္စည်းများ၊ အရေးပေါ်တုံ့ပြန်ရေးပစ္စည်းများ၊ အထောက်အကူပြုပစ္စည်းများကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်များရှိ သိုလှောင်ရုံအသီးသီးတွင်ကြိုတင်စုဆောင်း သိုလှောင်ထားရှိခြင်းတို့ ဆောင်ရွက်လျက်ရှိကြောင်း၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာနအနေဖြင့်   မူးယစ်ဆေးဖြတ်ပြီးသူများနှင့် လူကုန်ကူးခံရသူများကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေးခြင်း၊ တိုင်းရင်းသားဒေသများတွင် မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းများ‌နှင့် ထိခိုက်ခံစားရသူများကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဆောင်းရာသီ ကာလများတွင် အားအနည်းငယ်မှ အသင့်အတင့်ရှိတဲ့ လာနီညာအဆင့်ရာသီဥတု ဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းထားသည့်အတွက် မြန်မာနိုင်ငံမြောက်ပိုင်း အပါအဝင်အအေးပိုင်း ဒေသများတွင် အနွေးထည်များ လိုအပ်နိုင်ပါကြောင်း၊ လှူဒါန်းပစ္စည်းများကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဗဟိုသိုလှောင်ရုံ (ရန်ကုန်မြို့)မှတစ်ဆင့် လိုအပ်ချက်ရှိသော ဒေသများရှိ ပြည်သူများကို ဖြန့်ဝေပေးမည်ဖြစ်သည့်အတွက် ကုမ္ပဏီနှစ်ခုက လာရောက်လှူဒါန်းခြင်းအပေါ် အထူးကျေးဇူးတင်ရှိ ကြောင်း ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။

 

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Justin Bradyဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း မူးယစ်ဆေးဝါးသုံးစွဲမှုဖြတ်ပြီးသူများအတွက် စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၆)သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ပြည်ခရိုင်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ခရိုင်ရုံးများ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် လက်နက်ကိုင်ပဋိက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Barnaby Jonesအားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ် အသိပညာပေးခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်မန္တလေးမြို့လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပြန်လည်ထူထောင်ရေးဦးစီးဌာနလုပ်ငန်းဆောင်ရွက်မှုများအားကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR