ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြခဲ့ပါ သည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ဌာနတွင်း အရာထမ်း/ အမှု ထမ်းများအား ဥပဒေအသိပညာ ဖြန့်ဝေပေးနိုင်ရေး စီစဉ်ဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာ တည်ဆဲဥပဒေများ၊ ဥပဒေပြဋ္ဌာန်းချက်များကို သိရှိနားလည် ကျင့်သုံးနိုင်ရေးစီမံဆောင်ရွက်ရန် လမ်းညွှန်ထားရှိမှုများနှင့်အညီ ဥပဒေရေးရာဝန်ကြီးဌာနမှ ဖွင့်လှစ်သည့် ဥပဒေအသိပညာပြန့် ပွားရေးသင်တန်းများသို့ တက်ရောက်ပြီးဖြစ်သည့် ဝန်ကြီးဌာနမှ အရာထမ်းများက ဥပဒေ ဆိုင်ရာအသိပညာများ ဆက်လက်ဖြန့်ဝေပေးနိုင်ရန် ယခုသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ ဥပဒေဆိုသည်မှာ လူအများလိုက်နာကျင့်သုံးရန်အတွက် သတ်မှတ်ပြဋ္ဌာန်းထားသည့် စည်းကမ်း များဖြစ်သည်ဟု ယေဘုယျအားဖြင့် နားလည်ကြရပြီး နိုင်ငံတော်တွင် ပြဋ္ဌာန်းထားရှိပြီးဖြစ်သည့် ဥပဒေများကို လိုက်နာကြရမှာဖြစ်ပါကြောင်း၊ အစိုးရအုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်ရေး ပါဝင် ဆောင်ရွက်ကြရသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ဦးစီးဌာနအလိုက် လုပ်ငန်းတာဝန်များနှင့် ဆက်စပ်ပြီး ထုတ်ပြန်ထားရှိသည့် ဥပဒေ၊ နည်း ဥပဒေများ၊ လုပ်ထုံး လုပ်နည်းများ၊ စည်းမျဉ်း၊ စည်းကမ်းများကို ထဲထဲဝင်ဝင် လေ့လာသိရှိကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များသည် ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ဆောင်ရွက်ရသည့် လုပ်ငန်းများဖြစ်ခြင်း ကြောင့် ပိုမိုဂရုပြုဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ပြည်သူတစ်ဦးအနေဖြင့်ရော ဝန်ထမ်း တစ်ဦးအနေဖြင့်ပါ ဆက်စပ်ပတ်သက်နေသည့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို လေ့လာ သိရှိလိုက်နာဆောင်ရွက်ရန်လိုအပ်သည့်အတွက် သင်တန်းတွင်ဆွေးနွေးသည့် အကြောင်းအရာ များကိုအခြေခံပြီး ပိုမိုကျယ်ပြန့်စွာ ဆက်လက်လေ့လာကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြား ခဲ့ပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် ဖွင့်လှစ်သည့် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအား ၁၃-၁-၂၀၂၅ ရက်နေ့မှ ၁၄-၁-၂၀၂၅ ရက်နေ့အထိ နှစ် ရက်တာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးစီးအရာရှိ၊ ဦးစီးမှူး၊ ဒုတိယဦးစီးမှူး စုစုပေါင်း သင်တန်းသား/သူ (၁၀၀)ဦး တက်ရောက်မည်ဖြစ်ပါကြောင်း သတင်း ရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့(International Organization for Migration - IOM) ရုံးချုပ်၏ Operationsဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Ugochi DANIELS ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ
အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ အစောပိုင်းပြန်လည်ထူထောင်ရေး သင်တန်းအဆင့်- ၂ (ASEAN-ERAT Level-2 Course on Early Recovery) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်ဖွင့်လှစ်
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းငဝန်တာကျိုးပေါက်မှုကြောင့်ရေဝင်ရောက်ခဲ့သည့်ဧရာဝတီတိုင်းဒေသကြီးလေးမျက်နှာမြို့နယ်သို့လှည့်လည်ကြည့်ရှု၍ရေဘေးရှောင်ပြည်သူများအားသွားရောက်ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၆) တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပြွန်တန်ဆာမူလတန်းကြိုကျောင်းသစ်ဖွင့်ပွဲနှင့်ဘိုးဘွားရိပ်သာများအားထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနများမှ စခန်း/ဂေဟာများသို့ သွားရောက်တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပဲခူးတိုင်းဒေသကြီးတွင်ဖွင့်လှစ်သည့်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်း၌အမှာစကားပြောကြားကာမသန်စွမ်းထောက်ပံ့ကြေးများပေးအပ်ခြင်း

MOS

DSW

DDM

DOR