ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

၂၀၂၅ ခုနှစ်၊အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် တက်ရောက်အမှာစကားပြောကြားပါသည်။

အခမ်းအနားသို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ နှင့်ကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုး သမီးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ကုလသမဂ္ဂနှင့် အစိုးရမဟုတ်သော ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆုရရှိသူများနှင့်  ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။

အခမ်းအနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများက ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်ဂုဏ်ပြုတေးသီချင်းဖြင့် ကပြဖျော်ဖြေ၍ စတင်ဖွင့်လှစ်ခဲ့ပါသည်။

ယင်းနောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က အဖွင့်အမှာစကားပြောကြားရာတွင်အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ၂၀၁၀ ပြည့်နှစ်ကစပြီးနှစ်စဉ်မပျက် ကျင်းပပြုလုပ်ခဲ့ရာယခု ၂၀၂၅ ခုနှစ်တွင်“Fund Resilience, Not Disasters”“ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရေး၊ သုံးစွဲဘဏ္ဍာတိုးမြှင့်ပေးဆောင်ပုဒ်ဖြင့်  ကျင်းပခြင်းဖြစ်ပါကြောင်း၊ Emergency Events Database (EM-DAT)အရ  ၂၀၂၄ ခုနှစ်အတွင်းကမ္ဘာ့နိုင်ငံအသီးသီးတွင်ထိခိုက်မှုများပြားသော သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုပေါင်း၃၉၃ ခုကြောင့် ဘေးသင့်လူဦးရေ ၁၆၇.၂ သန်းကျော်၊ သေဆုံးသူ ၁၆,၇၅၃ဦးရှိခဲ့ပြီး စီးပွားရေးဆိုင်ရာ ထိခိုက်ပျက်စီး ဆုံးရှုံးမှုတန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၄၁.၉၅ ဘီလီယံရှိခဲ့ပါကြောင်း၊ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာအစီရင်ခံစာအရ ၂၀၂၄ ခုနှစ်သည် အပူဆုံးနှစ်တစ်နှစ်အဖြစ်မှတ်တမ်းဝင်ခဲ့ကြောင်း၊ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် သဘာဝဘေးဖြစ်ပွားမှုကို လေ့လာရာတွင် ရေဘေး ခံစားရနိုင်ခြေရှိသည့် လူဦးရေသည် ၁၉၇၀ ခုနှစ်တွင် ၂၈.၁ သန်းမှ ၂၀၂၀ ပြည့်နှစ်တွင် ၃၅.၁ သန်းထိ ၂၄.၉ % မြင့်တက်ခဲ့ကြောင်း၊မိုးခေါင်ရေရှားဘေးသည် လွန်ခဲ့သည့် နှစ် ၂၀ ကျော်အတွင်း ၂၉% ထိတိုးမြင့်ခဲ့ကြောင်း၊အပူပိုင်းမုန်တိုင်းကြောင့် နှစ်စဉ်ခန့်မှန်းခြေဆုံးရှုံးမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၁၉ ဘီလီယံ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း၂၀၂၅ ခုနှစ် မတ်လ ၂၈ရက်နေ့က ဖြစ်ပွားခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ နေအိမ်၊ စာသင်ကျောင်း စသည်တို့အပြင် လျှပ်စစ်၊ ပို့ဆောင်ဆက်သွယ်ရေးစသည့် ကဏ္ဍပေါင်းစုံတွင် ထိခိုက်ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် ၇၉၇၉ ဘီလီယံကျော်ရှိခဲ့ကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ဦးဆောင်လမ်းညွှန်မှု၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ အနီးကပ်ကြီးကြပ်မှုတို့ဖြင့်ငလျင်ဘေးအရေးပေါ်တုံ့ပြန်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို သက်ဆိုင်ရာလုပ်ငန်းကော်မတီများ၊ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/ ပြည်နယ် သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့များ၊ ပြည်သူများလက်တွဲညီစွာဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊မြန်မာနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာထိခိုက်ဆုံးရှုံးနိုင်ခြေညွှန်းကိန်းအရ ထိခိုက်ဆုံးရှုံးနိုင်ခြေအမြင့်မားဆုံး ၁၀ နိုင်ငံအနက် ဆဋ္ဌမမြောက် နေရာတွင်ပါဝင်နေသဖြင့်  သဘာဝဘေးလျော့ပါးရေးလုပ်ငန်းများကို ဦးစားပေးအဆင့်အနေဖြင့် အစဉ်တစိုက် အလေးထားလုပ်ဆောင်ကြရန် အလွန်အရေးကြီးပါကြောင်း၊ သဘာဝဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရန် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတိုင်းတွင်သာမက မိမိတို့၏ နေ့စဉ်ဘဝလုပ်ငန်းဆောင်ရွက်မှုတိုင်းတွင်ပါသဘာဝဘေးလျော့ပါးရေးကို ထည့်သွင်းစဉ်းစားအကောင်အထည်ဖော်ရန်လိုအပ်ပါကြောင်း၊ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းကို ထူထောင်ရာတွင်အစိုးရ၊ ပုဂ္ဂလိက ကဏ္ဍများသာမက ဖွံ့ဖြိုးတိုးတက်မှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတိုင်းသည် သဘာဝဘေးလျော့ပါးရေးဆိုင်ရာအစီအမံများတွင်ရန်ပုံငွေကို ပိုမိုထည့်သွင်းရင်းနှီးမြှုပ်နှံကြခြင်းဖြင့် ထိခိုက်ဆုံးရှုံးမှုကို လျော့နည်းအောင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားပါသည်။

ယင်းနောက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Mr.Antonio Guterres၏ သတင်းစကားရုပ်သံနှင့် မြန်မာနိုင်ငံတွင် ဆောက်ရွက်လျက်ရှိသည့် သဘာဝဘေးစီမံခန့်ခွဲမှု မှတ်တမ်းတင်ဗွီဒီယိုတို့ကို ပြသပါသည်။

ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတို့က အလွတ်တန်းအဆင့် ဆောင်းပါးပြိုင်ပွဲ၊အခြေခံပညာအလယ်တန်းနှင့်အထက်တန်းအဆင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိကြ သူများ၊ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ပါသည်။

ယင်းနောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌနှင့် ကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများသည် အခမ်းအနားသို့ တက်ရောက်လာကြသူများ နှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံး နိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် ဓာတ်ပုံပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ လယ်ဝေးမြို့နယ်အတွင်းရှိ အသင့်တပ်ဆင်ကျေးလက်ကျန်းမာရေးဆေးခန်း အဆောက်အဦနှင့် စာသင်ဆောင် ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေး
“ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေး(TOT)သင်တန်း”ဖွင့်ပွဲအခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ကင်ပွန်းတန်းကျေးရွာ၊ အာဟာရသုခဈေးမီးလောင်မှုကွင်းဆင်းထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ လေပြင်းဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ အားဖြည့်ဆောင်ရွက်မှု လုပ်ငန်းစီမံချက်ဖွင့်ပွဲအခမ်းအနားတက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ ဒေါက်တာသန်းစိုးသည် နေပြည်တော်ကောင်စီဝင်များနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏမြို့နယ်များရှိ ကျေးရွာများအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကအေးငြိမ်းချမ်းသာဂိလာနဘိုးဘွားရိပ်သာ၊ပျဉ်းမနားဘိုးဘွားရိပ်သာ၊ကရုဏာကမ္ဘာဘိုးဘွားရိပ်သာတို့မှသက်ကြီးပုဂ္ဂိုလ်များအားထောက်ပံ့မှုသွားရောက်ဆောင်ရွက်

MOS

DSW

DDM

DOR