ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်ယနေ့နံနက်ပိုင်းတွင်မိတ္တီလာမူလတန်းကြိုကျောင်း၊ကျောက်ဆည်မူလတန်းကြိုကျောင်း၊ပြင်ဦးလွင်မူလတန်းကြိုကျောင်းများတွင်အသက်၃နှစ်မှ၅နှစ်ထိမူလတန်းကြိုကလေးများအားလက်ခံ၍ရှေးဦးအရွယ်ကလေးသူငယ်ဘက်စုံဖွံ့ဖြိုးရေးအတွက်လေ့ကျင့်သင်ကြားပေးနေမှုများအားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ရာတာဝန်ခံကျောင်းအုပ်များကလိုက်လံရှင်းလင်းပြသခဲ့ပါသည်။ဒုတိယဝန်ကြီးကမူလတန်းကြိုအရွယ်ကလေးသူငယ်များသည်ဘဝတစ်လျှောက်လုံးဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက်အခြေခံများကိုသင်ယူရသောအချိန်ဖြစ်ပါကြောင်း၊ဗလငါးတန်ဖွံ့ဖြိုးစေဘို့ရှေးဦးအရွယ်ကလေးသူငယ်ဘက်စုံဖွံ့ဖြိုးရေးနည်းစနစ်များနှင့်အညီလေ့ကျင့်သင်ကြားပေးရန်လိုကြောင်း၊သင်ရိုးညွှန်းတမ်းများသည်ခေတ်နှင့်အညီဖြစ်စေရန်ရေးဆွဲရမည်ဖြစ်ပြီးဒေသရှိပစ္စည်းများဖြင့်သင်ထောက်ကူပစ္စည်းများပြုလုပ်သင်ကြားပေးရန်လိုကြောင်း၊ယနေ့ကလေးသူငယ်များသည်နောင်တွင်တိုင်းပြည်၏အနာဂါတ်တာဝန်ကိုယူထမ်းရွက်ကြမည့်သူများဖြစ်သဖြင့်စနစ်တကျပြုစုလေ့ကျင့်ပေးရန်လိုကြောင်းလမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက်လူမှုဝန်ထမ်းဦးစီးဌာန၏တည်ထောင်ခွင့်ပြုမိန့်ရပြင်ဦးလွင်မြို့ပရဟိတမျက်မမြင်ကျောင်းသို့ရောက်ရှိခဲ့ရာကျောင်းအုပ်ဆရာတော်ဦးဉေယျ၊အုပ်ချုပ်ရေးမှူးဦးကံထူးမောင်နှင့်ဂေဟာမှူးဒေါ်ဝေဝေလွင်တို့ကမျက်မမြင်ကလေး(၁၁၃)ဦးအားလက်ခံစောင့်ရှောက်ပေးပြီးစာပေနှင့်အသက်မွေးဝမ်းကျောင်းပညာများသင်ကြားပေးနေမှုများကိုရှင်းလင်းပြောကြားပြီးလှည့်လည်ရှင်းလင်းပြသပါသည်။ဒုတိယဝန်ကြီးကကမ္ဘာပေါ်တွင်မသန်စွမ်းသူဦးရေသည်ကမ္ဘာလူဦးရေ၏၁၅ရာခိုင်နှုန်းခန့်ရှိသဖြင့်နိုင်ငံတိုင်းကအလေးထားဆောင်ရွက်လျှက်ရှိပါကြောင်း၊မသန်စွမ်းသူများ၏အခွင့်အရေးဆိုင်ရာကွန်ဗန်းရှင်းကိုကုလသမဂ္ဂ၂၀၀၆ခုနှစ်တွင်ပြဌာန်းခဲ့ပြီး၂၀၁၁ခုနှစ်တွင်မြန်မာနိုင်ငံကအတည်ပြုလက်မှတ်ရေးထိုးခဲ့ပါကြောင်း၊မြန်မာနိုင်ငံအနေဖြင့်မသန်စွမ်းသူများ၏အခွင့်အရေးဥပဒေ(၂၀၁၅)နှင့်နည်းဥပဒေများ(၂၀၁၇)တို့နှင့်အညီမသန်စွမ်းသူများဆိုင်ရာအခွင့်အရေးများအလေးထားဆောင်ရွက်ပေးရန်အတွက်ဒုတိယသမ္မတ၂ကဥက္ကဌအဖြစ်ပါဝင်ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်များအဖွဲ့ဝင်အဖြစ်ပါဝင်သောမသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီကိုဖွဲ့စည်းထားရှိပါကြောင်း၊ဒါ့အပြင်မသန်စွမ်းသူများဆိုင်ရာအရေးကိစ္စများကိုမသန်စွမ်းသူများကိုယ်တိုင်ပါဝင်ဆောင်ရွက်နိုင်ရန်အတွက်မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်ကိုလည်းဖွဲ့စည်းထားပါကြောင်း၊မဟာဗျူဟာ၅နှစ်စီမံကိန်း(၂၀၂၂-၂၀၂၇)ချမှတ်ပြီးအကောင်အထည်ဖေါ်လျှက်ရှိပါကြောင်း၊၂၀၂၄ လူဦးရေးနှင့် အိမ်ထောင်စုအကြောင်းအရာသန်းခေါင်စာရင်းအရမြန်မာနိုင်ငံတွင်မသန်စွမ်းသူ၂.၂၉သန်းခန့်ရှိပြီးမြန်မာနိုင်ငံလူဦးရေ၏၇.၆ရာခိုင်နှုန်းရှိပါကြောင်း၊မသန်စွမ်းသူများအတွက်မွေးရာပါလူ့အခွင့်အရေးများ၊ခွဲခြားဆက်ဆံမှုမရှိစေရေး၊အတားအဆီးကင်းမဲ့သောပတ်ဝန်းကျင်ဖြစ်ပေါ်လာစေရေး၊ပညာရေး၊ကျန်းမာရေး၊အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးများအတွက်အကောင်အထည်ဖေါ်ဆောင်ရွက်ပေးလျှက်ရှိပါကြောင်း၊မျက်မမြင်ကလေးများဘဝရပ်တည်နေထိုင်နိုင်ရေးအတွက်လာရောက်နေထိုင်သောကျောင်းဖြစ်သဖြင့်ကျန်းမာရေး၊သန့်ရှင်းရေး၊အာဟာရပြည့်ဝရေးတို့သာမကစာပေသင်ကြားနိုင်ရေးအတွက်မျက်မမြင်လက်စမ်းစာ Braille တတ်မြောက်သူများလိုအပ်သဖြင့်မွေးထုတ်ပေးရန်လိုပါကြောင်းကလေးသူငယ်အခွင့်အရေးများဆိုင်ရာ၂၀၁၉ ဥပဒေအရပရဟိတဂေဟာများကိုတည်ထောင်ခွင့်ပြုမိန့်များထုတ်ပေးပြီးပထမ၊ဒုတိယ၊တတိယအဆင့်ဂေဟာများအဖြစ်သတ်မှတ်၍ဆန်၊စားစရိတ်၊ဝတ်စရိတ်၊ဂေဟာမှူးလစာများကိုကျောင်းသားဦးရေအလိုက်နှစ်စဉ်ပံ့ပိုးပေးလျှက်ရှိပါကြောင်း၊ဒါ့အပြင်မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာဥပဒေအရမသန်စွမ်းပုဂ္ဂလိကပညာသင်အထူးကျောင်း၊ပုဂ္ဂလိကအသက်မွေးမှုအထူးသင်တန်းကျောင်းနှင့်ပုဂ္ဂလိကပြန်လည်ထူထောင်ရေးဌာနများကိုလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ခွင့်ပြုချက်ဖြင့်တည်ထောင်ဖွင့်လှစ်ခွင့်ပြုထားပါကြောင်း၊ခွင့်ပြုချက်မရှိဘဲဂေဟာဖြစ်စေ၊မသန်စွမ်းကျောင်းဖြစ်စေဖွင့်လှစ်ပါကဥပဒေအရအရေးယူခြင်းခံရမည်ဖြစ်ပါကြောင်း၊မျက်မမြင်ကလေးများကိုလူသားချင်းစာနာသောစိတ်ထားဖြင့်စေတနာ၊ဝါသနာ၊အသိပညာ၊အတတ်ပညာများဖြင့်ပြုစုစောင့်ရှောက်ပေးကြရန်လမ်းညွှန်မှာကြားခဲ့၍ ပရဟိတဂေဟာတွင် မျက်မမြင် ကျား (၇၂) မ (၄၁) ဦးလက်ခံစောင့်ရှောက် ပြီးစာပေနှင့် အသက်မွေးဝမ်းကြောင်းပညာသင်ကြားပေးလျှက်ရှိပါကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်မန္တလေးမြို့လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပြန်လည်ထူထောင်ရေးဦးစီးဌာနလုပ်ငန်းဆောင်ရွက်မှုများအားကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်မူလတန်းကြိုကျောင်းများနှင့်ပြင်ဦးလွင်မြို့ပရဟိတမျက်မမြင်ကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
မဲခေါင်-ဂင်္ဂါပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အောက်ရှိမြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့်စီမံချက်အရအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့်အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနခွဲ (ရန်ကုန်) ဖွင့်လှစ်ခြင်းစီမံကိန်းပြီးမြောက်အောင်မြင်မှုအခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration – IOM) ရုံးအကြီးအကဲဖြစ်သူ Mr.Daihei Mochizukiဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR