ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်ယနေ့နံနက်ပိုင်း၌ပဲခူးတိုင်းဒေသကြီး၊ညောင်လေးပင်မြို့၊သီရိရတနာခန်းမတွင်ကျင်းပသည့်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်းဖွင့်ပွဲအခမ်းအနားသို့တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။သင်တန်းဖွင့်ပွဲသို့ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးဒေါက်တာထူးခြားအောင်၊ပြန်လည်ထူထောင်ရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှတာဝန်ရှိသူများ၊ပဲခူးတိုင်းဒေသကြီးဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့မှတာဝန်ရှိသူများ၊ပဲခူးတိုင်းဒေသကြီးမသန်စွမ်းသူများအသင်းမှတာဝန်ရှိသူများနှင့်မသန်စွမ်းသူများ၊သင်တန်းသား၊သင်တန်းသူ(၁၃၀)ဦး၊တက်ရောက်ခဲ့ကြပါသည်။

ဒုတိယဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင်၂၀၂၄ခုနှစ်၊သန်းခေါင်စာရင်းအရပဲခူးတိုင်းဒေသကြီးတွင်မသန်စွမ်းသူဦးရေနှစ်သိန်းခွဲနီးပါးရှိပြီးညောင်လေးပင်မြို့နယ်တွင်မသန်စွမ်းသူဦးရေရှစ်ထောင့်ခြောက်ရာကျော်ရှိကြောင်း၊ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ရပ်မိရပ်ဖများအနေဖြင့်မိမိတို့နဲ့နီးစပ်ရာအသိုင်းအဝန်းမှာရှိသည့်မသန်စွမ်းသူများအတွက်အများတန်းတူအခွင့်အရေးနှင့်ခံစားခွင့်များအပြည့်အဝရရှိစေရေးဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊နိုင်ငံတော်အနေဖြင့်မသန်စွမ်းသူများ၏မွေးရာပါဂုဏ်သိက္ခာ၊လူ့အခွင့်အရေးနှင့်လူမှုအသိုက်အဝန်းအတွင်းတန်းတူညီမျှပါဝင်ဆောင်ရွက်ခွင့်ရရှိရေး၊ခွဲခြားဆက်ဆံခံရမှုနှင့်မညီမျှမှုမရှိစေရေးအတွက်မသန်စွမ်းသူများ၏အခွင့်အရေးဥပဒေ၊နည်းဥပဒေများကိုပြဋ္ဌာန်းထားရှိပြီးအကာအကွယ်ပေးလျက်ရှိပါကြောင်း၊မသန်စွမ်းသူများ၏စွမ်းဆောင်ရည်မြှင့်တင်ပေးရာတွင်ပညာသင်ကြားခွင့်ရရှိရေးသည်အဓိကကျကြောင်း၊နိုင်ငံတော်ကကလေးသူငယ်တိုင်းပညာသင်ကြားခွင့်ရရှိရေးအတွက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာမသန်စွမ်းကလေးသူငယ်များကျောင်းတက်နိုင်စေရန်အတွက်မိဘဆွေမျိုးများ၊မသန်စွမ်းကလေးနေထိုင်သည့်ရပ်ကွက်၊ကျေးရွာမှတာဝန်ရှိသူများ၊လက်ခံသင်ကြားပေးမည့်ဆရာ၊ဆရာမများ၏စိတ်ပါဝင်စားမှုသည်လွန်စွာအရေးကြီးပါကြောင်း၊မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်းသည်မသန်စွမ်းသူများအတွက်မူဝါဒများရေးဆွဲချမှတ်ရာမှာအချက်အလက်များတိကျမှန်ကန်စေရေးအတွက်အရေးပါသည့်လုပ်ငန်းစဉ်တစ်ခုဖြစ်ပါကြောင်း၊သင်တန်းတွင်မသန်စွမ်းသူများ၏အခွင့်အရေးဆိုင်ရာများမသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်းအဆင့်ဆင့်နှင့်မသန်စွမ်းမှုစိစစ်ရန်အတွက်ပြုစုထားရှိသည့်အသက်အရွယ်အလိုက်မေးခွန်းလွှာများအားရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း၊မသန်စွမ်းသူများနှင့်စပ်လျဉ်းသည့်နိုင်ငံတကာကလက်ခံထားသည့်သဘောတရားများကိုလေ့လာခွင့်ရရှိကြမှာဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက်ဒုတိယဝန်ကြီးသည်ပဲခူးတိုင်းဒေသကြီး၊လူမှုရေးရာဝန်ကြီး၊လိုက်ပါလာသည့်အဖွဲ့ဝင်များနှင့်အတူပဲခူးမြို့၊အမှတ်(၁)မူလတန်းကြိုကျောင်းသို့သွားရောက်၍ကလေးသူငယ်များအားဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက်လေ့ကျင့်သင်ကြားပျိုးထောင်မှုများအားကြည့်ရှုစစ်ဆေးပြီးကလေးသူငယ်များအားရင်းရင်းနှီးနှီးနှုတ်ဆက်ခြင်း၊အာဟာရမုန့်များကျွေးမွေးခြင်း၊အသက်(၃)နှစ်မှ (၅)နှစ်အရွယ်ရှေးဦးအရွယ်ကလေးသူငယ်များပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်းမှသင်တန်းသားများအားနှုတ်ဆက်အားပေးစကားပြောကြားကာကလေးသူငယ်ပျိုးထောင်ခြင်းဆိုင်ရာနိုင်ငံတော်၏မူဝါဒများရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊အစည်းအဝေးခန်းမတွင်ပဲခူးမြို့နယ်အတွင်းရှိမသန်စွမ်းသူမှတ်ပုံတင်လက်မှတ်ရရှိပြီးသူ၅၂၇ဦးအတွက်တစ်ဦးလျှင်ငွေကျပ်သုံးသောင်းနှုန်းဖြင့်စုစုပေါင်းငွေကျပ်တစ်ရာငါးဆယ့်ရှစ်သိန်းတစ်သောင်းတိတိအားထောက်ပံ့ပေးအပ်ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပဲခူးတိုင်းဒေသကြီးတွင်ဖွင့်လှစ်သည့်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်း၌အမှာစကားပြောကြားကာမသန်စွမ်းထောက်ပံ့ကြေးများပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ် (UNOCHA) မှ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး (ASG/ DERC a.i) Mr. Indrika Ratwatte ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Justin Bradyဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း မူးယစ်ဆေးဝါးသုံးစွဲမှုဖြတ်ပြီးသူများအတွက် စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၆)သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ပြည်ခရိုင်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ခရိုင်ရုံးများ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် လက်နက်ကိုင်ပဋိက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Barnaby Jonesအားလက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR