ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

၂၈-၃-၂၀၂၅ရက်ကလှုပ်ခတ်ခဲ့သောမန္တလေးမြေငလျင်ကြီးကြောင့်နေပြည်တော်ကောင်စီနယ်မြေ၊စစ်ကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်နှင့်ပဲခူးတိုင်းဒေသကြီးတို့တွင်ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီးငလျင်ဘေးသင့်ခဲ့သောပြည်သူများအတွက်ပြည်တွင်း/ ပြည်ပစေတနာရှင်၊အလှူရှင်များ၏လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကူအညီပစ္စည်းများ၊ဆေးဝါးများလှူဒါန်းထောက်ပံ့မှုနှင့်ဘေးသင့်ဒေသများသို့ဖြန့်ခွဲထောက်ပံ့ဆောင်ရွက်မှုများကိုအပတ်စဉ် သတင်းထုတ်ပြန်ပေးလျက်ရှိရာ ဇွန်လ ၄ ရက်နေ့မှ ၁၀ ရက်နေ့အထိ အခြေအနေကို ၁၀-၆-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

ယခုအခါဇွန်လ၁၁ရက်နေ့မှ ၂၃ရက်နေ့အထိရက်သတ္တပတ်၂ပတ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့၊ Singapore Lotus Light Charity Society Singapore BuddhaDhamma Mandala Society နှင့် Love and Care Charity Group ၊ထိုင်းနိုင်ငံရောက်စေတနာရှင်များတို့မှထပ်မံပေးပို့လှူဒါန်းလာသောမိုးကာတဲ၊ Sleeping Bags ၊ စားသောက်ကုန်၊ လူသုံးကုန်နှင့် အိမ်သုံးပစ္စည်းများကို ဘေးသင့်လူဦးရေ အချိုးအစားအပေါ်မူတည်၍ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့သို့ ဖြန့်ခွဲပေးပို့ပြီး ဖြစ်ပါသည်။

ငလျင်လှုပ်ခတ်ခဲ့သည့် ၂၈-၃-၂၀၂၅ ရက်နေ့မှ ယနေ့အထိ လှူဒါန်းပစ္စည်းများဖြန့်ခွဲပေးပို့မှုစုစုပေါင်းမှာ မန္တလေးတိုင်းဒေသကြီးသို့ မော်တော်ယာဉ် ၆၆ စီး၊ စစ်ကိုင်းတိုင်း‌ဒေသကြီးသို့ မော်တော်ယာဉ် ၃၃ စီး၊ ရှမ်းပြည်နယ်တောင်ပိုင်းသို့ မော်တော်ယာဉ် ၁၃ စီး၊ မော်တော်ယာဉ် ၁၁၂ စီးဖြင့် စုစုပေါင်း တန်ချိန် ၂၄၃၅ ခန့်ဖြစ်ပါသည်။

နိုင်ငံတကာအလှူရှင်များက၁၁-၆-၂၀၂၅ရက်နေ့မှ၂၃-၆-၂၀၂၅ရက်နေ့အထိရက်သတ္တပတ်၂ပတ်အတွင်းပေးပို့လှူဒါန်းသည့်ပစ္စည်းများအားဘေးသင့်ပြည်သူများအတွက်ဖြန့်ခွဲပေးပို့နိုင်ရေး  ဆောင်ရွက်ထားရှိမှုကိုပူးတွဲပါဇယားများဖြင့်ဖော်ပြအပ်ပါသည်။

ထပ်မံလှူဒါန်းလာသည့်ပစ္စည်းများရောက်ရှိမှုနှင့်ငလျင်ဘေးသင့်ပြည်သူများထံအမြန်ဆုံးရောက်ရှိဖြန့်ခွဲမှုတို့ကို၂ပတ်လျှင်၁ကြိမ်ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ပါကြောင်းသတင်းထုတ်ပြန်အပ်ပါသည်။



နောက်ဆုံးရသတင်းများ

နိုင်ငံတကာမှကူညီထောက်ပံ့သည့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့်ဆေးဝါးများအား ငလျင်ဘေးဒဏ်သင့်ပြည်သူများထံအချိန်နှင့်တစ်ပြေးညီဖြန့်ဝေပေးလျက်ရှိ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA)၏ယာယီရုံးအကြီးအကဲMs. Vanessa Mayအားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းမြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီး H.E. Dr. Md. MonwarHossainအားလက်ခံတွေ့ဆုံ
နိုင်ငံတကာမှကူညီထောက်ပံ့သည့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့်ဆေးဝါးများအား ငလျင်ဘေးဒဏ်သင့်ပြည်သူများထံအချိန်နှင့်တစ်ပြေးညီဖြန့်ဝေပေးလျက်ရှိ
နိုင်ငံတကာမှကူညီထောက်ပံ့သည့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့်ဆေးဝါးများအား ငလျင်ဘေးဒဏ်သင့်ပြည်သူများထံအချိန်နှင့်တစ်ပြေးညီဖြန့်ဝေပေးလျက်ရှိ

MOS

DSW

DDM

DOR