ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

မြန်မာနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသော(၁၂)ကြိမ်မြောက်အာဆီယံလူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများ(12th ASEAN Ministerial Meeting on Social Welfare and Development(AMMSWD)and Related Meetings)အားအာဆီယံနိုင်ငံများနှင့် Video Conference စနစ်ဖြင့် ဩဂုတ်လ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိနေပြည်တော်၊ M-Gallery Hotel၌ကျင်းပလျက်ရှိရာ ၂၇.၈.၂၀၂၅ ရက်နေ့တွင်တတိယအကြိမ်မြောက်အာဆီယံလူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာထူးချွန်ဆု (3rd ASEAN Outstanding Social Welfare and Development Award-AOSWADA)များအားချီးမြှင့်ခဲ့ပါသည်။ အဆိုပါဆုသည် အာဆီယံနိုင်ငံများရှိကလေးသူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးပုဂ္ဂိုလ်များ၊ မသန်စွမ်းသူများအရေးဆောင်ရွက်နေသောအစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍရှိအဖွဲ့အစည်းများကိုပေးအပ်ချီးမြှင့်ခြင်းဖြစ်ပြီးအာဆီယံနိုင်ငံများမှ Online ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံမှ အဖွဲ့အစည်းများကလူကိုယ်တိုင်ဖြင့်လည်းကောင်းတက်ရောက်ခဲ့ကြပါသည်။

အဆိုပါဆုပေးပွဲအခမ်းအနားသို့အာဆီယံလူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးအလှည့်ကျ ဥက္ကဋ္ဌဖြစ်သူလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးကအာဆီယံလူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာထူးချွန်ဆုဆုပေးပွဲသည် မိမိတို့၏ လူမှုအသိုက်အဝန်းအတွင်းထိခိုက်လွယ်အုပ်စုများဖြစ်သောကလေးသူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးပုဂ္ဂိုလ်များ၊ မသန်စွမ်းသူများဘဝမြှင့်တင်ရန်အတွက် ဆောင်ရွက်နေသောအဖွဲ့အစည်းများအတွက် ပေးအပ်ချီးမြှင့်ခြင်းဖြစ်ပါကြောင်း၊ ယခုနှစ်၏ ဆောင်ပုဒ်ဖြစ်သည့်အာဆီယံအသိုက်အဝန်းအတွင်းထိခိုက်လွယ်အုပ်စုများအတွက် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများတိုးတက်အားကောင်းစေရေး”“EnhancingResponsive Social Protection for Vulnerable Groups in the ASEAN Community” သည်ထိခိုက်လွယ်အုပ်စုများအတွက် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကိုပိုမိုဆောင်ရွက်သွားရန် မီးမောင်းထိုးပြနေခြင်းဖြစ်ပါကြောင်း၊ ယခုနှစ်အတွက်ဆုရရှိသူများသည် မတူညီသောနောက်ခံများရှိကြသော်လည်းအားလုံးမှာတူညီသောရည်မှန်းချက်များရှိပါကြောင်း၊ အာဆီယံအသိုက်အဝန်းကိုယ်စားလူမှုရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးနယ်ပယ်တွင် လုပ်ကိုင်ဆောင်ရွက်နေကြသူများအားလုံးကိုကျေးဇူးတင်ရှိပါကြောင်းနှင့် ဆုရရှိသူများအားလုံးအတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းပြောကြားခဲ့ပါသည်။

၎င်းနောက်အာဆီယံအဖွဲ့၏ ဒုတိယအတွင်းရေးမှူးချုပ်ဖြစ်သူဦးစံလွင်ကကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ အာဆီယံနိုင်ငံများမှ ဆုရရှိသောအဖွဲ့အစည်းများ၏ အမည်စာရင်းများအားကြေညာခဲ့ပြီးမြန်မာနိုင်ငံမှ ဆုရရှိသူများအားပြည်ထောင်စုဝန်ကြီးကဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ယနေ့ကျင်းပသော (၃)ကြိမ်မြောက်အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာထူးချွန်ဆုများကိုအာဆီယံနိုင်ငံ (၈)နိုင်ငံရှိအဖွဲ့အစည်း (၁၆)ခုအားချီးမြှင့်ခဲ့ပြီးမြန်မာနိုင်ငံမှ  AGE Myanmar နှင့် Myanmar Creative University - Myanmar Creative International College (MCU-MCI)တို့ကလက်ခံရရှိခဲ့ပါသည်။ ဆက်လက်၍ (၂၁)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကိုအာဆီယံအလှည့်ကျသဘာပတိလူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကဦးဆောင်၍ကျင်းပခဲ့ပါ ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း
(၃၃) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှုအစည်းအဝေးနှင့် မြန်မာ-ထိုင်း ဖြစ်ရပ်စီမံခန့်ခွဲခြင်းနှင့် လူကုန်ကူးခံရသူများအား ပြန်လည်ပို့ဆောင်ခြင်းနှင့် ပြန်လည်/ဝင်ဆံ့ပေါင်းစည်းခြင်း ဆိုင်ရာ နှစ်နိုင်ငံစံလုပ်ငန်းအစီအစဉ် ပြန်လည်သုံးသပ်သည့်အစည်းအဝေးဖွင့်ပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးတက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ

MOS

DSW

DDM

DOR