ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

(၃၅) နှစ်မြောက်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့)အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီဥက္ကဋ္ဌ၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီအဖွဲ့ဝင်ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ဒုတိယအမြဲတမ်းအတွင်းဝန်၊ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီဝင်များ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများကဥက္ကဋ္ဌများ၊ အရပ်ဖက်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအဖွဲ့အစည်းများမှဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင်ကမ္ဘာတစ်ဝှမ်းလုံးတွင်ရှိသောကလေးသူငယ်များ၏အခွင့်အရေးများအား ကာကွယ်စောင့်ရှောက်ရန်နှင့် မြှင့်တင်ဆောင်ရွက်ရန်အတွက် ၁၉၈၉ခုနှစ်၊ နိုဝင်ဘာလ(၂၀)ရက်နေ့တွင်ကျင်းပခဲ့သည့် (၄၄)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်း (The United Nations Convention on the Rights of the Child - UNCRC) ကို အတည်ပြုပြဋ္ဌာန်းခဲ့သောနေ့အားဂုဏ်ပြုသည့်အနေဖြင့်ကုလသမဂ္ဂအဖွဲ့ကြီးက နိုဝင်ဘာလ(၂၀) ရက်နေ့ကို ကမ္ဘာ့ကလေးများနေ့ (World Children’s Day)ဟု သတ်မှတ်ခဲ့ပါကြောင်း၊မြန်မာနိုင်ငံအနေဖြင့် UNCRC ကို ၁၉၉၁ ခုနှစ်၊ သြဂုတ်လ (၁၅)ရက်နေ့တွင် အဖွဲ့ဝင်အဖြစ် အတည်ပြုပါဝင်ခဲ့ပြီး ကမ္ဘာ့ကလေးများနေ့အခမ်းအနားများကို နှစ်စဉ်ကျင်းပခဲ့ပါကြောင်း၊မိမိတို့ဝန်ကြီးဌာနအနေဖြင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီနှင့် တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကော်မတီအသီးသီးကိုဖွဲ့စည်းခဲ့ပြီးကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကလေးအားလုံးအကျုံးဝင်စေရေးအတွက်ပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု၊ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကလေးသူငယ်အခွင့်အရေးမြှင့်တင်မှုတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရာဂီမုန်တိုင်းကြောင့် ထိခိုက်ခံစားရသောကလေးငယ်များအတွက် စိတ်လူမှုပိုင်းဆိုင်ရာပံ့ပိုးမှုအဖွဲ့များစေလွှတ်ပြီး Early Childhood Care and Development - ECCD Kit များဝေငှခြင်းနှင့် ကလေးပျော်နေရာများအား ဖန်တီးပေးနိုင်ခဲ့ပါကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးကယခုနှစ်ကမ္ဘာ့ကလေးများနေ့အတွက် ချမှတ်ပေးထားသည့် ဆောင်ပုဒ်မှာ “Listen to the Future” “အနာဂတ်သာယာကောင်းမွန်ရေးကလေးများအသံနားထောင်ပေးဖြစ်ပါကြောင်း၊ ကမ္ဘာပေါ် ရှိ ကလေးသူငယ်များ၏အသံနှင့်လိုအပ်ချက်များကို ဦးစားပေးခြင်းအားဖြင့် ကလေးသူငယ်အခွင့်အရေးများအား ကလေးများအားလုံးရရှိခံစားနိုင်ရန်၊ ခွဲခြားဆက်ဆံခြင်းမရှိဘဲ တန်းတူညီမျှပါဝင်ဆောင်ရွက်နိုင်ရန် နိုင်ငံတော်၊ သက်ဆိုင်ရာအစိုးရဌာနအဖွဲ့အစည်းများမှ အားလုံးပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းလှုံ့ဆော်ထားခြင်းဖြစ်ပါကြောင်း၊ ကလေးသူငယ်များ၏ မွေးရာပါအခွင့်အရေးမဆုံးရှုံးစေရန်နှင့် ကလေးတိုင်းလက်လှမ်းမီတန်းတူညီတူရရှိနိုင်ရန် ကော်မတီအဖွဲ့ဝင်များ၊လူမှုရေးအဖွဲ့အစည်းများအပါအဝင် ကလေးမိဘများ၊ ကလေးများနှင့်ပြည်သူလူထုတစ်ရပ်လုံး သက်ဆိုင်ရာကဏ္ဍအသီးသီးကနေ စဉ်ဆက်မပြတ် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ကလေးသူငယ်အခွင့်အရေးများ အကောင်အထည်ဖော်ဆောင်ရွက်မှုမှတ်တမ်း ဗီဒီယိုပြသခဲ့ပါသည်။

ယင်းနောက်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ နေပြည်တော်ကလေးပြုစုရေးဌာနမှ ကလေးများ၏ ဗာရာဏသီအက၊ နေပြည်တော်တွင် ယာယီဖွင့်လှစ်ထားသောလူငယ်သင်တန်းကျောင်းမှကျောင်းသားလေးများ၏တောင်ယာဝင်ချိန်အက၊နားမကြားသောကလေးများကျောင်း(မန္တလေး) မှ ကျောင်းသား၊ကျောင်းသူများ၏ လွိုင်ကထုံအက၊ ရန်ကုန်အမျိုးသမီးကလေးများကျောင်း(မလိခ)နှင့်ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းတို့မှတူနှစ်သွယ်နှစ်ပါးသွားအကတို့ဖြင့်  သရုပ်ဖော်တင်ဆက်ကပြခဲ့ကြပါသည်။ ထို့နောက်ပြည်ထောင်စုဝန်ကြီးကကလေးများအားဂုဏ်ပြုလက်ဆောင်နှင့်ဆုတော်ငွေများချီးမြှင့်ပေးအပ်ခဲ့ပြီးစုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

(၁၂)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် (၈)ကြိမ်မြောက် အာဆီယံ+၃လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးများကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိရေဘေးရှောင်ပြည်သူများအားတွေ့ဆုံအားပေးထောက်ပံ့မှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ပြည်ထောင်စုနယ်မြေ၊တပ်ကုန်းမြို့အတွင်းရှိ ရေကြီးရေလျှံဖြစ်ပွားသော နေရာများသို့ ကွင်းဆင်းထောက်ပံ့
(၃)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာထူးချွန်ဆု (3rd ASEAN Outstanding Social Welfare and Development Award-AOSWADA) ဆုပေးပွဲအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက်ခြင်း
(၁၂) ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ(12th ASEAN Ministerial Meeting on Social Welfare and Development(AMMSWD)and Related Meetings)ကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူMr. Jaime NadalRoigအားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဌာနလုပ်ငန်းရပ်များအား ကြည့်ရှုစစ်ဆေးခြင်း

MOS

DSW

DDM

DOR