မွန်ပြည်နယ်အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေး နှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆပ်ကော်မတီ အလုပ်ရုံဆွေးနွေးပွဲကို (၁၅.၁၂.၂၀၂၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်လူမှုဝန်ထမ်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် မွန်ပြည်နယ်အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသောကလေး အလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆပ်ကော်မတီ ဥက္ကဋ္ဌ၊ မွန်ပြည်နယ် အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး မျိုးဆွေအား တက်ရောက်လာကြသူများက တစ်ဦးချင်းမိတ်ဆက်ပြီးနောက် ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် မွန်ပြည်နယ်ဥပဒေချုပ်ရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်နီလာခိုင်က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ (၂၀၁၉) ပါ ကလေးသူငယ်အခွင့်အရေးများ၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ညီလာခံသဘောတူစာချုပ်ပါ ကလေးသူငယ် အခွင့်အရေးများ၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးသူငယ်များအတွက် နိုင်ငံတော်မှ ပြဋ္ဌာန်းထားသည့် ဥပဒေများ၊ ပြစ်မှု၊ ပြစ်ဒဏ်များ အလုပ်လုပ်ကိုင်နိုင်သော ကလေးသူငယ်၏ အသက်အရွယ်များ စသည်တို့ကိုအသေးစိတ် ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်နယ်အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး  ဒေါ်သန်းသန်းအေးက မြန်မာနိုင်ငံအတွင်း ပြဋ္ဌာန်းထားသော အလုပ်ရုံနှင့်အလုပ်သမားဥပဒေပါ အလုပ်လုပ်ကိုင်နိုင်သော ကလေးသူငယ်များ၏ အသက်အပိုင်းအခြားများ၊ လုပ်ငန်းခွင်အတွင်း အလုပ်ရှင်များမှ လိုက်နာရမည့် စည်းမျဉ်း စည်းကမ်းများ၊ ပြစ်မှုပြစ်ဒဏ်များကို အသေးစိတ်ရှင်းလင်းပြောကြားသွားပါသည်။ ထို့ပြင် ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တိုးတိုးချစ်က အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ဥပဒေများ၊ အလုပ်ရှင်များ လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များ စသည်တို့ကို ထပ်ဆင့်ရှင်းလင်းပြောကြားသွားပါသည်။ ထို့နောက် မွန်ပြည်နယ် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆပ်ကော်မတီအတွင်းရေးမှူး၊ မွန်ပြည်နယ်လူမှုဝန်ထမ်းရုံး၊ ညွှန်ကြားရေးမှူး ဒေါ်လဲ့ယဉ်ဝင်းက ယနေ့ ဆွေးနွေးပွဲသို့ ကော်မတီဝင်များနှင့် စားသောက်ဆိုင်လုပ်ငန်းရှင်များ၊ အခြားလုပ်ငန်းရှင်များတက်ရောက်ပြီး ဥပဒေများကို ရှင်းရှင်းလင်းလင်း သိရှိရသည့်အတွက်  အကျိုးကျေးဇူးများသော အလုပ်ရုံဆွေးနွေးပွဲတစ်ခုဖြစ်ကြောင်းနှင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ပေါ်ပေါက်လာပါက လူမှုဝန်ထမ်းဦးစီးဌာနမှ သင်တန်းရရှိပြီးသော ဖြစ်ရပ်စီမံခန့်ခွဲသူများက စနစ်တကျဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိဂုံးချုပ်စကား ပြောကြားပြီး အလုပ်ရုံဆွေးနွေးပွဲကို မွန်းလွဲ (၁၂:၀၀) နာရီတွင် ရုပ်သိမ်းလိုက်ပါသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ မွန်ပြည်နယ်အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆပ်ကော်မတီ ကော်မတီဝင်များ၊ မော်လမြိုင်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်လုပ်ငန်းရှင်များနှင့် အခြားသောလုပ်ငန်းရှင်များ စုစုပေါင်းအင်အား (၅၀) ဦး တက်ရောက်ခဲ့ကြပါသည်။


နောက်ဆုံးရသတင်းများ

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းငဝန်တာကျိုးပေါက်မှုကြောင့်ရေဝင်ရောက်ခဲ့သည့်ဧရာဝတီတိုင်းဒေသကြီးလေးမျက်နှာမြို့နယ်သို့လှည့်လည်ကြည့်ရှု၍ရေဘေးရှောင်ပြည်သူများအားသွားရောက်ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၆) တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပြွန်တန်ဆာမူလတန်းကြိုကျောင်းသစ်ဖွင့်ပွဲနှင့်ဘိုးဘွားရိပ်သာများအားထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနများမှ စခန်း/ဂေဟာများသို့ သွားရောက်တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပဲခူးတိုင်းဒေသကြီးတွင်ဖွင့်လှစ်သည့်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်း၌အမှာစကားပြောကြားကာမသန်စွမ်းထောက်ပံ့ကြေးများပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ် (UNOCHA) မှ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး (ASG/ DERC a.i) Mr. Indrika Ratwatte ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR