လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၇-၂၀၂၁) ရက်နေ့၊ (၁၀းဝဝ) နာရီအချိန်နှင့် (၂၉-၈-၂၀၂၁)ရက်နေ့ (၀၈း၄၀)နာရီအချိန်တို့တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ ကျုံဟော်ကျေးရွာအုပ်စုနှင့် မုတ္တမ-ကျွဲခြံကျေးရွာအုပ်စုတို့တွင် လေပြင်းတိုက်ခတ် မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် လူနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေစုစုပေါင်း (၈)ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာ (၁၆,၈၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၁၆,၈၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၂) အိမ်ထောင်စာ တို့အား (၃၀-၇-၂၀၂၁) ရက်နေ့၊ (၁၅:၃၀) နာရီအချိန်တွင် ပေါင်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။


Source: DDM





နောက်ဆုံးရသတင်းများ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့တွင် သဘာဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးဆောင်ရန်/ရှောင်ရန် အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR