လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ နှစ်သစ်မင်္ဂလာပရိတ်တရားတော်နာယူခြင်းအခမ်းအနားကျင်းပ

ဧပြီ ၁၇၊ နေပြည်တော်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ နှစ်သစ်မင်္ဂလာ ပရိတ် တရားတော် နာယူခြင်းအခမ်းအနားကို ( ယနေ့ )နံနက် ( ၈:၃၀ ) အချိန်က အဆိုပါဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး သုဓမ္မသိင်္ဂီ ဒေါက်တာသက်သက်ခိုင်နှင့်ခင်ပွန်း သုဓမ္မမဏိဇောတဓရ ဒေါက်တာ အောင်ကျော်ဝင်း၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း / အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားသို့ ဝန်ကြီးဌာန ဆရာဒကာကျောင်းများဖြစ်သော ပျဉ်းမနားမြို့၊ တံခွန်တိုင်ကျောင်းနှင့် ကိုးခန်းကြီးကျောင်းတိုက်တို့မှ သံဃာတော်များ ကြွရောက် ခဲ့ကြပြီး ဦးစွာ နမောတဿ( ၃ ) ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကာ ကိုးခန်းကြီး ကျောင်းတိုက်ဆရာတော်( သဒ္ဓမ္မ ဇောတိကဓဇ သာသနဓဇ ဓမ္မာစရိယ ဝိနယ ဝိဒူဘဒ္ဒန္တ အာစိန္တ  ) ထံမှ ငါးပါးသီလခံယူကာ ဆရာတော်သံဃာတော်များထံမှ ပရိတ်တရားတော်များနာယူပြီး လှူဖွယ် ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ ကုသိုလ်ကောင်းမှုအတွက် ရေစက်သွန်းချအမျှပေးဝေခြင်းနှင့် သာဓုအနုမောဒနာခေါ်ဆိုကာ အခမ်းအနားကို နံနက်(၉:၂၀) အချိန်ခန့်တွင် ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။


နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR