လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင် ရွက်သည့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်ချက်များအား သုံးသပ်အကဲ ဖြတ်ရေးအဖွဲ့ Monitoring and Evaluation Team အား ပြန်လည်ပြင်ဆင်ဖွဲ့စည်းရန်နှင့် လုပ်ငန်းလမ်းညွှန်များ ရေးဆွဲသတ်မှတ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန အစည်းအဝးခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ ဘာသာရပ်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်

        ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ပြည်သူလူထုနှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံရသော ဝန်ကြီးဌာနဖြစ်ပါကြောင်း၊ ပြည်တွင်းပြည်ပမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့်လည်း MoU, MoA, LoA, LoI, LTA, Project Agreement များ လက်မှတ်ရေးထိုး ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် လက်တွဲ ဆောင်ရွက်ရသည့်အတွက် Technical Assistance နှင့် International Best Practice များ ရရှိနိုင်ပါကြောင်း၊ MoU, MoA, LoA, LoI, LTA, Project Agreement များတွင်ဖော်ပြထားသည့် လုပ်ငန်းများဆောင်ရွက်နိုင်ခြင်း ရှိ၊ မရှိ သုံးသပ်အကဲဖြတ်ရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုဖြစ်သည့် နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ MoU, LoA လက်မှတ်ရေးထိုးထားသော အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက် ချက်များစစ်ဆေးခြင်း၊ အစီရင်ခံစာစစ်ဆေးခြင်း၊ မြေပြင်စစ်ဆေးခြင်းများအတွက် တာဝန်ပေးအပ်ထားသည့် အဖွဲ့အစည်းလိုအပ်မည်ဖြစ်ပါ ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက်လည်း စီမံကိန်းမစတင်မီ၊ စီမံကိန်းကာလအတွင်းနှင့် စီမံကိန်းပြီးမြောက်သည့် ကာလများအလိုက် လိုအပ်ချက်များကို သုံးသပ်အကဲဖြတ်ရမည့် လုပ်ငန်းလမ်းညွှန် (TOR) ရေးဆွဲဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ အနေဖြင့် Guidelines for UN Agencies, International Organization and NGO/ INGO on Cooperation Programme in Myanmar (2011) နှင့် Development Assistance Policy (2018, 2020) များရေးဆွဲထားပြီးဖြစ်ပါကြောင်း၊ မိမိတို့ရေးဆွဲမည့် လုပ်ငန်းလမ်းညွှန် (TOR) သည် အဆိုပါပေါ်လစီ၊ Guideline များ၏ မူဘောင်နှင့်ကိုက်ညီရမည်ဖြစ်ပါကြောင်း၊ MoU, MoA, LoA, LoI, LTA, Project Agreement လက်မှတ်ရေးထိုးမည့် အဖွဲ့အစည်းများအနေဖြင့် တိကျသော Action Plan ကို ဝန်ကြီးဌာနသို့ ကြိုတင်တင်ပြရန်လိုအပ်ပါကြောင်း၊ စီမံကိန်း ဆောင်ရွက်မီအခြေအနေ၊ စီမံကိန်း ဆောင်ရွက်နေစဉ်ကာလအတွင်းစောင့်ကြည့်အကဲဖြတ်ခြင်း နှင့် စီမံကိန်းပြီးမြောက်ပြီး မျှော်မှန်းရလဒ်များပြည့်မီမှုရှိ/မရှိ စောင့်ကြည့်အကဲဖြတ်ခြင်းနှင့် အစီရင်ခံခြင်းစနစ်များ ပီပီပြင်ပြင် ဖော်ဆောင်နိုင်ရန်လိုအပ်မည်ဖြစ်သည့်အတွက် မိမိတို့ရေးဆွဲ မည့်လုပ်ငန်းလမ်းညွှန်(TOR)တွင် ထည့်သွင်းရေးဆွဲဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ ပါသည်။

        ဒုတိယဝန်ကြီးမှ ဆွေးနွေးပြောကြားရာတွင် MoU, LoA လက်မှတ်ရေးထိုးရာတွင် Proposal အဆင့်တွင် စိစစ်ခြင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် သုံးသပ်အကဲဖြတ်ခြင်း၊ လုပ်ငန်း စီမံချက်တွင် ဖော်ပြထားသည့်အတိုင်း ဆောင်ရွက်ခြင်းမရှိပါက သတိပေးခြင်းနှင့် လုပ်ငန်းဆောင် ရွက်နိုင်စေရေး အကြံဉာဏ်ပေးခြင်းများ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက် ရာတွင် အစိုးရ၏ Policy နှင့် In Line ဖြစ်ရန်အရေးကြီးသကဲ့သို့  ဝန်ကြီးဌာနအချင်းချင်း ပူးပေါင်း ဆောင်ရွက်ခြင်း၊ သတင်းအချက်အလက်များ မျှဝေခြင်းကိုလည်း ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း ToR ရေးဆွဲရာတွင် သတ်မှတ်ဒေသသတ်မှတ်လုပ်ငန်းဆောင်ရွက်ခြင်း ရှိ/မရှိသတ်မှတ်ရန်ပုံငွေသတ်မှတ်နည်းစနစ်၊ ဆောင်ရွက်မှုပုံစံဒေသအာဏာပိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း ရှိ/မရှိဒေသခံလူထုနှင့် ဆက်သွယ်မည့်ပုံသဏ္ဍာန်စီမံကိန်း၏အကျိုးရှိမှုနိုင်ငံတော်၏အကျိုးစီးပွားကို ထိခိုက်ခြင်း ရှိ/မရှိလုံခြုံရေးအရ သတ်မှတ်ထားသော နေရာများကို သွားလာခြင်းနှင့် သတင်းရယူမှုပုံစံ စသည်တို့ကို စိစစ်သွားရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြား ခဲ့ပါသည်။

         ထို့နောက် သက်ဆိုင်ရာ ဘာသာရပ်တာဝန်ရှိသူများမှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သည့် အစိုးရမဟုတ်သောအဖွဲ့ အစည်းများ၏ လုပ်ငန်းဆောင်ရွက်ချက်များအား သုံးသပ်အကဲဖြတ်ရေးအဖွဲ့ Monitoring and Evaluation Team အား ပြန်လည်ပြင်ဆင်ဖွဲ့စည်းရန်နှင့် လုပ်ငန်းလမ်းညွှန်များရေးဆွဲသတ်မှတ် နိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပြွန်တန်ဆာမူလတန်းကြိုကျောင်းသစ်ဖွင့်ပွဲနှင့်ဘိုးဘွားရိပ်သာများအားထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနများမှ စခန်း/ဂေဟာများသို့ သွားရောက်တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပဲခူးတိုင်းဒေသကြီးတွင်ဖွင့်လှစ်သည့်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်း၌အမှာစကားပြောကြားကာမသန်စွမ်းထောက်ပံ့ကြေးများပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ် (UNOCHA) မှ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး (ASG/ DERC a.i) Mr. Indrika Ratwatte ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားများ ပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီနှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်း သင်တန်းဆင်းပွဲ ကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Justin Bradyဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR