ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်အတွင်းရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေး ဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(ဝက်ထီးကန်)တွင် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးဆိုင်ရာ ဆရာဖြစ်သင်တန်းအမှတ်စဉ် (၁/၂၀၂၁)သင်တန်းဖွင့်ပွဲ အခမ်းအနားအား (၂၁.၆.၂၀၂၁)ရက်နေ့နံနက်(၀၉:၀၀)နာရီတွင်ကျင်းပခဲ့ပါသည်။

 

  အခမ်းအနားတွင် အမှတ် (၂) ရဲလေ့ကျင့်ရေးသင်တန်းကျောင်း (ကျောင်းအုပ်ကြီး) ရဲမှူးကြီးစန်းကို က အဖွင့်အမှာစကား ပြောကြားပြီး ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးခင်ထွန်းက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။


        သင်တန်းဖွင့်ပွဲအခမ်းအနားသို့ အမှတ်(၂)ရဲလေ့ကျင့်ရေးသင်တန်းကျောင်း(ဝက်ထီးကန်)မှ ကျောင်းအုပ်ကြီး၊ ဒုကျောင်းအုပ်၊ ရဲအုပ်၊ ဒုရဲအုပ်၊ (MANA)မှ တိုင်းအတွင်းရေးမှူးဦးရဲထွဋ်၊    စိတ်ရောဂါအထူးကုဆရာဝန်ကြီးဒေါက်တာကျော်ဝင်း (ငြိမ်း)၊ ဝက်ထီးကန်တိုက်နယ်ဆရာဝန်ဒေါက်တာတင်ဌေးဌေးအိ၊   ဝက်ထီးကန်အုပ်ချုပ်ရေးမှူး၊ မီးသတ်ဦးစီးနှင့် တပ်ဖွဲ့ဝင်များ၊ ဝန်ထမ်းများဖြင့်စုစုပေါင်း အင်အား(၇၀)ဦး တက်ရောက်ခဲ့ ကြပါသည်။

အဆိုပါသင်တန်းသည် မြန်မာနိုင်ငံအတွင်းရှိ မူးယစ်ဆေးဝါးသုံးစွဲမှုလျော့နည်းပပျောက်ရေးအတွက် ပြန်လည်ထူထောင်ရေး ဦးစီးဌာနလက်အောက်ရှိ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းအသီးသီးမှ အရာထမ်း၊ အမှုထမ်းများအား အရည်အသွေး မြှင့်တင်ပြီး စာတွေ့၊လက်တွေ့ သင်ကြားပို့ချသည့်သင်တန်းဖြစ်ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR