၉.၆.၂၀၂၁      

ကရင်ပြည်နယ်၊ ဘားအံခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေးနှင့် ဘားအံခရိုင်အမျိုးသမီးကော်မတီအစည်းအဝေးကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေးနှင့် အမျိုးသမီးကော်မတီအစည်းအဝေးကို (၉-၆-၂၀၂၁) ရက်နေ့တွင် ဘားအံခရိုင်စီမံအုပ်ချုပ်ရေးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး ဘားအံခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင်ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူးက လူမှုဝန်ထမ်းဦးစီးဌာနမှကလေးသူငယ်အခွင့်အရေး၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအကောင်အထည်ဖော်ဆောင်ရွက်မှုများ၊ အမျိုးသမီးအခွင့်အရေးဆိုင်ရာအကောင်အထည် ဖော်ဆောင်ရွက်မှုများ၊ ဘားအံခရိုင်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်းဆောင်ရွက်ခဲ့သည့်ကလေးသူငယ်အခွင့်အရေး၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းများနှင့် ကလေးသူငယ်မှုခင်းများအပေါ်ဖြေရှင်းဆောင်ရွက်မှုများ၊အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ကျား၊ မ အခြေပြုအကြမ်းဖက်မှုဆိုင်ရာဖြစ်ရပ်များအပေါ် ဖြေရှင်းဆောင်ရွက်မှုများအားရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများကသက်ဆိုင်ရာဌာနအလိုက် လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်ချက်များအားဆွေးနွေးကြပြီးကော်မတီအနေဖြင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။ 

၁၆.၆.၂၀၂၁    

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် အမျိုးသမီးကော်မတီအစည်းအဝေးကျင်းပ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးနှင့် အမျိုးသမီးကော်မတီအစည်းအဝေးကို(၁၆-၆-၂၀၂၁)ရက်နေ့တွင် ကော့ကရိတ်မြို့နယ်လူမှုဝန်ထမ်းရုံး၌ ကျင်းပခဲ့ပြီး ကော့ကရိတ်မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များတက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင်ကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူးက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်းဆောင်ရွက်ခဲ့သည့် ကလေးသူငယ်အခွင့်အရေး၊ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းများ၊ ကလေးသူငယ်မှုခင်းများအပေါ် ဖြေရှင်းဆောင်ရွက်မှုများ၊ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျား၊ မ အခြေပြုအကြမ်းဖက်မှုဆိုင်ရာဖြစ်ရပ်များအပေါ် ဖြေရှင်းဆောင်ရွက်မှုများအားရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများကဝိုင်းဝန်းဆွေးနွေးကြပြီးကော်မတီအနေဖြင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။ 

၂၃.၆.၂၀၂၁     

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်အမျိုးသမီးကော်မတီအစည်းအဝေးကျင်းပ

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်အမျိုးသမီးကော်မတီအစည်းအဝေးကို (၂၃-၆-၂၀၂၁) ရက်နေ့တွင် ကော့ကရိတ်မြို့နယ်လူမှုဝန်ထမ်းရုံး၌ ကျင်းပခဲ့ပြီး ကော့ကရိတ်ခရိုင် အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ဘားအံခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူးက ကော့ကရိတ်ခရိုင်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်းဆောင်ရွက်ခဲ့သည့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ကျား၊ မ အခြေပြုအကြမ်းဖက်မှုဆိုင်ရာဖြစ်ရပ်များအပေါ် ဖြေရှင်းဆောင်ရွက်မှုများအားရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများကအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်စောင့်ရှောက်ရေးနှင့် စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေးကြပြီးကော်မတီအနေဖြင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။ 

၂၅.၆.၂၀၂၁

ကရင်ပြည်နယ်လူမှုဝန်ထမ်းရုံး၌ အခြေခံလူမှုဝန်ထမ်းသင်တန်းကျင်းပ

အခြေခံလူမှုဝန်ထမ်းသင်တန်းကို ကရင်ပြည်နယ်လူမှုဝန်ထမ်းရုံး၌ (၂၅-၆-၂၀၂၁) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး ကိုယ်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများမှ တာဝန်ခံများနှင့် ကရင်ပြည်နယ်အတွင်းရှိ ခရိုင်နှင့်မြို့နယ်လူမှုဝန်ထမ်းရုံးများ၊ မူလတန်းကြိုကျောင်းများမှ ဝန်ထမ်းများ စုစုပေါင်း (၂၅) ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းကြီး (၇) ရပ်၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး၊ မသန်စွမ်းသူများပြုစုစောင့်ရှောက်ရေး၊ ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေတိုင်းတာစစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေး (Early Childhood Intervention – ECI) နှင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း ဆိုင်ရာ ဘာသာရပ်များအား တာဝန်ရှိသူများမှ ဆွေးနွေးပို့ချခဲ့ပါသည်။ ယင်းသင်တန်းအား ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် COVID-19 ရောဂါကာကွယ်၊ထိန်းချုပ်ရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီဖွင့်လှစ်ခဲ့ပါသည်။ 


၂၈.၆.၂၀၂၁

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် အမျိုးသမီးကော်မတီအစည်းအဝေးကျင်းပ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးနှင့် အမျိုးသမီးကော်မတီအစည်းအဝေးကို (၂၈-၆-၂၀၂၁) ရက်နေ့တွင် ဘားအံမြို့ နယ်စီမံအုပ်ချုပ်ရေးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး ဘားအံမြို့နယ်ကလေးသူငယ်အခွင့် အရေးများဆိုင်ရာကော်မတီနှင့် အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင် များတက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြား ပြီး အတွင်းရေးမှူးက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်းဆောင်ရွက်ခဲ့သည့် ကလေးသူငယ် အခွင့်အရေး၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းများ၊ ကလေးသူငယ်မှုခင်းများအပေါ် ဖြေရှင်းဆောင်ရွက်မှုများ၊ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျား၊ မ အခြေပြုအကြမ်းဖက်မှုဆိုင်ရာဖြစ်ရပ်များအပေါ် ဖြေရှင်းဆောင်ရွက်မှုများအားရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများကဝိုင်းဝန်းဆွေးနွေးကြပြီးကော်မတီအနေဖြင့် ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။

၂၉.၆.၂၀၂၁

ကရင်ပြည်နယ်လူမှုဝန်ထမ်းရုံး၌ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုသင်တန်းကျင်းပ

လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုသင်တန်းကို ကရင်ပြည်နယ်လူမှုဝန်ထမ်းရုံး၌ (၂၉-၆-၂၀၂၁) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီးအမျိုးသမီးရေးရာအဖွဲ့၊မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ကြက်ခြေနီအဖွဲ့တို့မှ ကိုယ်စားလှယ်များ၊ကရင်ပြည်နယ်အတွင်းရှိ ခရိုင်နှင့်မြို့နယ်လူမှုဝန်ထမ်းရုံးများ၊ မူလတန်းကြိုကျောင်းများမှ ဝန်ထမ်းများ စုစုပေါင်း (၂၀) ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းတွင် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး၊ ကျား၊ မ အခြေပြုအကြမ်းဖက်မှု နှင့် လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုစနစ်နှင့် လုပ်ငန်းစဉ်များ စသည့် ဘာသာရပ်များအားဆွေးနွေးပို့ချခဲ့ကြပြီး ယင်းသင်တန်းအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် COVID-19 ရောဂါကာကွယ်၊ထိန်းချုပ်ရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီဖွင့်လှစ်ခဲ့ပါသည်။ 


နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR