(၂၇-၇-၂၀၂၁)ရက်နေ့ (၀၉:ဝ၀)နာရီအချိန်ခန့်၌ မွန်ပြည်နယ် သထုံခရိုင်၊ ပေါင်မြို့နယ် ​​လက်ပံကျွန်းကျေးရွာအုပ်စု၊ ကုလားစု​​ကျေးရွာတွင်  ကမ်းပါးပြိုကျမှုကြောင့် ​ ကြိုတင်ဖျက်သိမ်း​ ပြောင်းရွှေ့ခဲ့သည့် လူနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၂၀၀၀၀ဝ/-)ကျပ် နှင့်လူဦးရေစုစုပေါင်း (၈)ဦးတို့အတွက်  (၇)ရက်စာဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၆,၈၀ဝ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၂၁၆၈၀၀/-)ကျပ်အား (၂၉-၇-၂၀၂၁)ရက်နေ့ (၁၄:၀၀) နာရီအချိန်ခန့်တွင် ​လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများက ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

 

Source: DDM

နောက်ဆုံးရသတင်းများ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့တွင် သဘာဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးဆောင်ရန်/ရှောင်ရန် အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR