လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းတနော်မြို့ နယ်အတွင်း (၂-၅-၂၀၂၂)ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် ကျေးရွာအုပ်စု (၈) အုပ်စု၊ ကျေးရွာ (၃၄) ရွာမှ ပြိုကျနေအိမ် (၁၁၇)လုံး၊ အမိုးလန်‌နေအိမ် (၅၇၂)လုံး၊ အိမ်ထောင်စု (၆၈၉)စုမှ လူဦးရေ (၂၇၅၈)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁၇)ပုံး၊ ဆန်ရိက္ခာဖိုးရန်ပုံငွေ (၅,၇၉၁,၈၀၀)နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၈,၈၆၀,၀၀၀)၊ အမိုးလန် ဘုန်းကြီးကျောင်း (၃) ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုး လှူဒါန်းထောက်ပံ့ငွေ (၁၅၀,၀၀၀)၊ စုစုပေါင်းထောက်ပံ့ငွေ (၃၄,၈၀၁,၈၀၀) အားလည်းကောင်း၊ (၁၆-၅-၂၀၂၂) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ကျေးရွာအုပ်စု (၂) စု၊ ကျေးရွာ (၂) ရွာမှ ပြိုကျနေအိမ် (၁) လုံး၊ အမိုးလန်နေအိမ် (၅) လုံး၊ အိမ်ထောင်စု (၆) စုမှ လူဦးရေ (၂၆) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁) ပုံး၊ ဆန်ရိက္ခာဖိုးငွေ (၅၄,၆၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၅၀,၀၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၃၀၄,၆၀၀/-) ကျပ်တို့အားလည်းကောင်း၊ (၂၄-၅-၂၀၂၂) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ရပ်ကွက် (၁) ခု၊ ကျေးရွာအုပ်စု (၂) စု၊ ကျေးရွာ (၂) ရွာမှ ပြိုကျနေအိမ် (၆) လုံး၊ အမိုးလန် (၁၀) လုံး၊ အိမ်ထောင်စု (၁၆) စုမှ လူဦးရေ (၆၁) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၆) ပုံး၊ ဆန်ရိက္ခာဖိုးငွေ (၁၂၈,၁၀၀/-)၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၀၀၀,၀၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၂၈၁၀၀/-) ကျပ်တို့အားလည်းကောင်း၊ (၂၅-၅-၂၀၂၂) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ကျေးရွာအုပ်စု (၂) စု၊ ကျေးရွာ(၂) ရွာမှ အမိုးလန်နေအိမ် (၂) လုံး၊ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၄,၇၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၀,၀၀၀/-)၊ စုစုပေါင်း ထောက်ပံ့ငွေ (၇၄,၇၀၀/-) ကျပ်တို့အားလည်းကောင်း၊ (၂၂-၅-၂၀၂၂) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကျေးရွာအုပ်စု (၁) စု၊ ကျေးရွာ (၁) ရွာမှ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့အိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆၃၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၆,၃၀၀/-) ကျပ်တို့အားလည်းကောင်း၊ စုစုပေါင်း ကယ်ဆယ်ရေးပစ္စည်း (၁၂၄) ပုံးနှင့် ထောက်ပံ့ငွေ စုစုပေါင်း (၃၆,၄၁၅,၅၀၀/-) ကျပ်တို့အားဧရာ၀တီတိုင်းဒေသကြီး၀န်ကြီးချုပ်နှင့် ၀န်ကြီးများ၊ တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ရုံးမှတာဝန်ရှိသူများ၊ ပန်းတနော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်၀ယ်သို့ (၄-၅-၂၀၂၂)ရက်နေ့၊ (၁၈-၅- ၂၀၂၂) ရက်နေ့နှင့် (၃၁-၅-၂၀၂၂)ရက်နေ့များတွင် ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။


Source:           DDM

 

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR