အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ AICHR Indonesia နှင့် ACWC Indonesia တို့မှ ကြီးမှူး၍ (၁.၃.၂၀၂၃) ရက်နေ့၊ နံနက်ပိုင်းတွင် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် (AICHR) အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးနှင့်မြှင့်တင်ရေးဆိုင်ရာကော်မရှင် (ACWC) တို့၏စုံညီအစည်းအဝေး (AICHR and ACWC Interface Meeting) အားလည်းကောင်း၊ (၁.၃.၂၀၂၃) ရက်နေ့၊ နေ့လယ်ပိုင်းမှ (၂.၃.၂၀၂၃) ရက်နေ့အထိ (၂၆) ကြိမ်မြောက်အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးနှင့်မြှင့်တင်ရေးဆိုင်ရာ ကော်မရှင်အစည်းအဝေး (26th ACWC Meeting) အား လည်းကောင်း Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အာဆီယံကလေးသူငယ်အခွင့်အရေး ကိုယ်စားလှယ်ဖြစ်သူ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြား‌ရေးမှူးချုပ်၊ အာဆီယံအမျိုးသမီးအခွင့်အရေးကိုယ်စားလှယ်ဖြစ်သူ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ ဥက္ကဌ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် သက်ဆိုင်ရာဘာသာရပ်တာဝန်ခံများ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးနှင့်မြှင့်တင်ရေးကော်မရှင် (ACWC) ၏ ကလေးသူငယ်အခွင့်အရေးကိုယ်စားလှယ်များနှင့် အမျိုးသမီးအခွင့်အရေးကိုယ်စားလှယ်များ၏ သက်တမ်းတိုးမြှင့်ရေးကိစ္စရပ်များ၊ အာဆီယံဒေသဆိုင်ရာအမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးလုပ်ငန်းရပ်များ၊ အာဆီယံဒေသဆိုင်ရာ ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုပပျောက်ရေးလုပ်ငန်းရပ်များ၊ ASEAN Gender Mainstreaming Strategic Framework အကောင်အထည်ဖော်ဆောင်ရွက်မှုများနှင့် ACWC Work Plan (2021-2025) တွင် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းအခြေအနေများအား ဆွေးနွေးခဲ့ကြပါသည်။ ACWC Myanmar အနေဖြင့် ACWC Work Plan (2021-2025) တွင် အဆိုပြုစီမံကိန်းဖြစ်သည့် Capacity Building on Implementation of Regional Plan of Action for the Protection of Children from All Forms of Online Exploitation and Abuse (RPA COEA) စီမံကိန်းပြီးစီးမှုအခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။




နောက်ဆုံးရသတင်းများ

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းငဝန်တာကျိုးပေါက်မှုကြောင့်ရေဝင်ရောက်ခဲ့သည့်ဧရာဝတီတိုင်းဒေသကြီးလေးမျက်နှာမြို့နယ်သို့လှည့်လည်ကြည့်ရှု၍ရေဘေးရှောင်ပြည်သူများအားသွားရောက်ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၆) တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပြွန်တန်ဆာမူလတန်းကြိုကျောင်းသစ်ဖွင့်ပွဲနှင့်ဘိုးဘွားရိပ်သာများအားထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနများမှ စခန်း/ဂေဟာများသို့ သွားရောက်တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပဲခူးတိုင်းဒေသကြီးတွင်ဖွင့်လှစ်သည့်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်း၌အမှာစကားပြောကြားကာမသန်စွမ်းထောက်ပံ့ကြေးများပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ် (UNOCHA) မှ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး (ASG/ DERC a.i) Mr. Indrika Ratwatte ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR