လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၇-၂၀၂၁)ရက်နေ့တွင် အဖွဲ့(၂)ဖွဲ့ခွဲ၍ ဆောင်ရွက်ခဲ့ရာ  တောင်ကြီးမြို့နယ်၊ အေးသာယာဈေး၊  တောင်နီဈေး၊‌ညောင်ရွှေမြို့နယ်၊‌ ညောင်ရွှေဈေး၊ မင်္ဂလာဈေး၊ ရပ်စောက်မြို့နယ် ပင်ဖြစ်‌ဈေး၊ ပင်ဖြစ်ကျေးရွာ၊ ဆပ်သေကျေးရွာ၊ ရောင်ခြည်ဦးကျေးရွာ တို့တွင် လည်းကောင်း၊ (၁၈-၇-၂၀၂၁)ရက်နေ့တွင် ညောင်ရွှေမြို့နယ်၊‌ သာယာကုန်း‌‌ကျေးရွာ၊ ထီတုန်းတန်ကျေးရွာ၊ ရေတွင်းကြီးကျေးရွာ၊ ရပ်စောက်မြို့နယ်၊ မြို့ဦး(၁)ကျေးရွာ၊ ထီးခမ်း ကျေးရွာ၊ ဖိုကုန်းကျေးရွာတို့တွင် လည်းကောင်း၊ (၂၀-၇-၂၀၂၁)ရက်နေ့တွင် ညောင်ရွှေမြို့နယ်၊‌ကျောက်ရေအိုး‌ကျေး ရွာ၊ သဲကျင်းကျေးရွာနှင့် စိုက်ပျိုးရေးကျေးရွာ၊ ရပ်စောက်မြို့နယ် ၊‌ရေဖြူကျေးရွာ၊ အုတ်ကျင်း ကျေးရွာ နှင့်ရပ်စောက်မြို့မဈေးတို့တွင်လည်းကောင်း Covid – 19 ရောဂါ တတိယလှိုင်း ကူးစက်ပျံ့နှံ့မှု ပိုမိုမဖြစ်ပွား‌စေရန်အတွက် ဆောင်ရန်/ရှောင်ရန်အချက်များကို အသံချဲ့စက်ဖြင့် နှိုးဆော်ခြင်း၊ Covid - 19ရောဂါ အသိပညာပေးလက်ကမ်းစာစောင်နှင့် တစ်ခါသုံး Mask ဝေငှခြင်း အစီအစဉ်တို့ကို ‌ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။

Source: DDM

 

 

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR