မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ၏ လုပ်ငန်းတာဝန်များအား

ပြည်ထောင်စုဝန်ကြီးထံ ရှင်းလင်းတင်ပြသည့် အစည်းအဝေးကျင်းပ

ဖေဖော်ဝါရီလ ၂၄ နေပြည်တော်

          မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီ၏ လုပ်ငန်းတာဝန်များအား ရှင်းလင်းတင်ပြသည့်အစည်းအဝေးအား ယနေ့၊နံနက်ပိုင်းတွင်  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

          အစည်းအဝေးတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာနက မသန်စွမ်းသူများ၏အခွင့်အရေး များဆိုင်ရာအမျိုးသားကော်မတီ ဖြစ်ပေါ်လာပုံနှင့် အကြောင်းအရာများ၊ မသန်စွမ်းသူများ၏ အခွင့် အရေးများဆိုင်ရာအမျိုးသားကော်မတီ၏ လုပ်ငန်းတာဝန်များ၊ အမျိုးသားကော်မတီနှင့် ဆက်စပ် ဆောင်ရွက်သည့် လုပ်ငန်းစဉ်များ၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီပြင်ဆင်ဖွဲ့စည်းရန် အဆိုပြုခြင်းတို့ကို ပြည်ထောင်စုဝန်ကြီးထံ ရှင်းလင်းတင်ပြခဲ့ပါသည်။

          အစည်းအဝေးနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်းအား အရှိန်အဟုန်မပျက် ဆက်လက်လုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ()နှစ်စီမံကိန်း အချောသတ်ရေးဆွဲနိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မသန်စွမ်းသူ များ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်များတွင် ဆောင် ရွက်ရန်ကျန်ရှိသည့် အစည်းအဝေးဆုံးဖြတ်ချက်တို့ကို ဦးစားပေးအဆင့်အလိုက် ဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း၊ မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီကိုလည်း ပြန်လည်ပြင်ဆင်ဖွဲ့စည်း၍ အစည်းအဝေးများ ဆက်လက်ကျင်းပသွားမည် ဖြစ်ပါကြောင်း၊ မသန်စွမ်းအရေးဆောင်ရွက်နေကြသည့် UN, INGO, NGO အဖွဲ့အစည်းများ နှင့်လည်းတွေ့ဆုံ၍ လုပ်ငန်းစဉ်များ အရှိန်ဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း လမ်းညွှန်ဆွေးနွေး ပြောကြားခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာသူများမှ လိုအပ်သည်များ အကြံပြု ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။ 

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်တို့မူလတန်းကြိုကျောင်းမြေနေရာနှင့် ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံများကိုကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူး/ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) ၏မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Mr. Michael Dunford အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်တို့မေတ္တာစိမ့်စမ်း မူလတန်းကြိုကျောင်း ဖွင့်ပွဲနှင့် ရှမ်းပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနား များသို့တက်ရောက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကလောမြို့နယ်နှင့် ညောင်ရွှေမြို့နယ်ရှိ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများအား ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေမှုများကြည့်ရှု့စစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့(IOM) ၏အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာညွှန်ကြားရေးမှူးဖြစ်သူ Mr. Iori Katoအားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Yasumasa Kimura အားလက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR